ခြေစွမ်းပြဖို့ရုန်းကန်နေရတဲ့ ဇာဗီဆီမွန်
ဇာဗီ ဆီမွန် က ဘယ်လောက်ကောင်းတဲ့ ကစားသမားတစ်ယောက်လည်း ၊ ဘယ်လောက်အရည်အသွေးပြည့်ဝပြီး အလားအလာ ရှိတဲ့ ကစားသမားတစ်ယောက်လည်းဆိုတာ ပြောပြနေစရာတောင်မလိုပါဘူး ။ လာမာစီယာ အကယ်ဒမီ ထွက်ကစားသမားတစ်ယောက်ဖြစ်တာကြောင့် ဘောလုံးအခြေခံပိုင်နိုင်ပြီး အရည်အသွေးပြည့်ဝတဲ့ ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ် ။ သူ့ရဲ့ ကောင်းမွန်တဲ့ ခြေစွမ်းတွေကြောင့်ပဲ ဒီနွေရာသီ အပြောင်းအရွှေ့ကာလမှာ ပရီးမီးယားလိဂ် အသင်းကြီးတွေအပြင် ဘာယန်မြူးနစ် တို့လို ဥရောပ အသင်းကြီးတွေက ခေါ်ယူဖို့အတွက်စိတ်ဝင်စားခဲ့တယ် ။ အပြောင်းအရွှေ့ကာလအစောပိုင်းတွေကတည်း က ဇာဗီ ဆီမွန် အနေနဲ့ ချဲလ်ဆီး အသင်းကို ပြောင်းရွှေ့ဖို့အတွက် စိတ်ဝင်စားခဲ့ပြီး အခြားကလပ် အသင်းတွေကို ငြင်းပယ်ခဲ့တယ် ။ ဒါပေမယ့် အပြောင်းအရွှေ့ပိတ်သိမ်းခါနီးချိန်မှာတော့ လန်ဒန်ပြိုင်ဘက် အသင်းတစ်သင်းဖြစ်တဲ့ တော်တင်ဟမ် စပါး အသင်းက ချဲလ်ဆီး အသင်းကို နောက်ကောက်ချပြီး ဇာဗီ ဆီမွန် ကို အရခေါ်ယူခဲ့တယ် ။
ပရီးမီးယားလိဂ် ပရိတ်သတ်တော်တော်များများ နဲ့ တော်တင်ဟမ် စပါးအသင်း ပရိတ်သတ်တော်တော်များများ က ဇာဗီ ဆီမွန် ကို အများကြီး မျှော်လင့်ခဲ့ကြတယ် ။ ဒါပေမယ့် ဇာဗီ ဆီမွန် အနေနဲ့ သူ့ရဲ့ အကောင်းမွန်ဆုံးခြေစွမ်းတွေကို ပြသနိုင်ဖို့အတွက်တော့ ရုန်းကန်နေရတာပဲဖြစ်ပါတယ် ။ ဒါကလည်း ပရီးမီးယားလိဂ် လို ကြံ့ခိုင်မှုအသားပေးပြီး မာကျောခက်ထန်တဲ့ လိဂ်မျိုးကို ဒီနှစ်မှ ပထမဆုံးရောက်ရှိလာတဲ့ ကစားသမားတစ်ယောက်အနေနဲ့ အနည်းနဲ့ အများတော့ ရုန်းကန်ရမှာက မထူးဆန်းပါ ။ အဲ့တာအပြင် ဇာဗီ ဆီမွန် အနေနဲ့ စပါးအသင်း ရဲ့ နည်းပြအသစ် သောမက်ဖရန့် ရဲ့ SYSTEM မှာ အံမဝင်သေးတာကြောင့်လည်း သက်ဆိုင်နေတယ် ။ ဇာဗီ ဆီမွန် အနေနဲ့ နည်းပြသွားချင်နေတဲ့ ကစားပုံ ၊ ကစားကွက် နဲ့ အံဝင်ဖို့ရုန်းကန်နေရတဲ့ အပြင် ပရီးမီးယားလိဂ် နဲ့ အသားကျဖို့အတွက်လည်း အချိန်လိုအပ်သေးတာပဲဖြစ်ပါတယ် ။ အခုချိန်မှာ ဇာဗီ ဆီမွန် အနေနဲ့ ယုံကြည်မှု ပျောက်ဆုံးနေပြီး ခြေစွမ်းပြန်ပြနိုင်ဖို့အတွက် သွင်းဂိုးတွေ ၊ ဂိုးဖန်တီးမှုတွေကို နောက်ပွဲမှာ ရရှိဖို့လိုအပ်နေပါတယ် ။
ဇာဗီ ဆီမွန် အနေနဲ့ ယုံကြည်မှု ပျောက်ဆုံးနေပြီး အရင်လို လုပ်တိုင်းမဖြစ်တော့ပဲ အမှားတွေတော်တော်လေးကို များလာခဲ့တာပဲဖြစ်ပါတယ် ။ တစ်ချိန် က နယ်သာလန် နဲ့ လိုက်ဇစ် အသင်းမှာ တွေ့မြင်ခဲ့ရတဲ့ ဇာဗီ ဆီမွန် မှ ဟုတ်ရဲ့လားလို့ မေးရလောက်အောင် သူ့ဆီက ဘားမှ မျှော်လင့်လို့မရတော့ပဲ ဘောလုံးဆုံးရှုံးတာတွေလည်း တော်တော်လေးကိုများနေပါတယ် ။ ဒါက သောမက်ဖရန့် နဲ့ အများကြီး သက်ဆိုင်ပါတယ် ။ သောမက်ဖရန့် အနေနဲ့ ဇာဗီ ဆီမွန် ခြေစွမ်းမှန်တွေပြန်လည်ရရှိဖို့အတွက် ဘာတွေလုပ်ဆောင်ပေးသွားမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#chelsea
#tottenhamhotspur
#xavisimons
#winger
#midfielder
#premierleague
LATEST NEWS
Top 5 Football Clubs with the Highest Average Matchday Revenue in the 21st Century
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )