ကလပ်အသင်းတော်တော်များများရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတဲ့ တိုင်းရစ်ဂျော့
တိုင်းရစ်ဂျော့ ဆိုတဲ့ ကော့ဟမ်း အကယ်ဒမီ ထွက်ကစားသမားလေးကတော့ မနှစ်ကဘောလုံးရာသီကတည်းက အန်ဇိုမာရက်စကာ ရဲ့ လက်အောက်မှာ ကွန်းဖရင့်လိဂ် ပွဲစဥ်တော်တော်များများ နဲ့ ပြည်တွင်းဖလားပွဲစဥ်တစ်ချို့မှာ ပွဲကစားချိန်တော်တော်များများ ရရှိထားတဲ့ ကစားသမားတစ်ဦးပဲဖြစ်ပါတယ် ။ ဒါပေမယ့် ချဲလ်ဆီး အသင်း တာဝန်ရှိသူတွေအနေနဲ့ တိုင်းရစ်ဂျော့ ကို ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလတုန်းက ရောင်းချဖို့အတွက်စီစဥ်ခဲ့ကြတယ် ။ အဲ့ချိန်ကတည်းက တိုင်းရစ်ဂျော့ ကို ဖူဟမ် ၊ ရိုးမား အပါအဝင် အခြားအသင်းတော်တော်များများက ခေါ်ယူဖို့အတွက် နီးစပ်ခဲ့ကြတယ် ။ အပြောင်းအရွှေ့ကာလမပိတ်သိမ်းမှီ နောက်ဆုံး Dead Line Day မှာ ဖူဟမ် အသင်းက တိုင်းရစ်ဂျော့ ကို ချဲလ်ဆီး အသင်းထံကနေ ပေါင် ၂၅ သန်း နဲ့ အရခေါ်ယူနိုင်ခဲ့ပေမယ့် ဘာအကြောင်းကြောင့်မှန်းမသိ အပြောင်းအရွှေ့ကာလ မပိတ်သိမ်းမှီ အပြောင်းအရွှေ့ဖြစ်မြောက်အောင် မပြုလုပ်ခဲ့ပါဘူး ။
ဒါက ချဲလ်ဆီး အသင်းရဲ့ ဒီလပ် ဒဏ်ရာရရှိသွားတာကြောင့် တိုက်စစ်ပိုင်းပြဿနာကို အလျင်အမြန်ဖြည့်ဆည်းရမယ့် ချဲလ်ဆီးအသင်းရဲ့ ပြဿနာကြောင့်လည်း ဒီအပြောင်းအရွှေ့ကပျက်ပြယ်သွားတာပါ ။ အဲ့ချိန်တုန်းက ချဲလ်ဆီး အသင်းအနေနဲ့ သူတို့ရဲ့ တိုက်စစ်ကစားသမား နီကိုလပ် ဂျက်ဆင်ကို ပြန်လည်ခေါ်ယူခဲ့ပေမယ့် အဆင်မပြေဖြစ်ခဲ့တာကြောင့် အသင်းတာဝန်ရှိသူတွေက မက်ဂူဟီ ကို ပြန်လည်ခေါ်ယူချင်ပြီး အန်ဇိုမာရက်စကာကတော့ တိုင်းရစ်ဂျော့ ကို အထောင်တိုက်စစ်နေရာမှာ ကစားဖို့အတွက် ဖူဟမ် အသင်းထံ ရောင်းချဖို့ကို ဖျက်သိမ်းလိုက်တာပဲဖြစ်ပါတယ် ။ တိုင်းရစ်ဂျော့ က ချဲလ်ဆီး အသင်းမှာ Role ပျောက်နေတဲ့ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ် ။ အထောင်တိုက်စစ်မှူးလိုလို ၊ ဘယ်တောင်ပံ လိုလို ၊ ညာတောင်ပံလိုလို နဲ့ အတော်လေးကို Role ပျောက်နေတာပါ ။ အန်ဇိုမာရက်စကာ ရဲ့ စိတ်ကြိုက်ကစားသမားဖြစ်တာကြောင့် ပွဲကစားချိန်မိနစ်တွေကတော့ ဒီနှစ်ဘောလုံးရာသီအထိ ရရှိနေတုန်းပဲဖြစ်ပါတယ် ။
ဒါပေမယ့် နောက်ရာသီမှာ ချဲလ်ဆီးအသင်းထံကို အီမန်ဂါ ၊ ဂွမ်တာ တို့လို အရည်အသွေးမြင့်ကစားသမားတွေ ရောက်ရှိလာမှာဖြစ်တာကြောင့် တိုင်းရစ်ဂျော့ အနေနဲ့ နောက်ရာသီအပြောင်းအရွှေ့ကာလမှာ အသင်းကထွက်ခွာရဖို့များပါတယ် ။ လက်ရှိအချိန်ထိလည်း တိုင်းရစ်ဂျော့ ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေက အများအပြားရှိနေပါတယ် ။ အချို့ကလပ်အသင်းတွေဆိုရင် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ တိုင်းရစ်ဂျော့ ကို ခေါ်ယူဖို့အတွက် ချဲလ်ဆီးထံ စုံစမ်းမှုတွေပြုလုပ်နေတာပဲဖြစ်ပါတယ် ။ ချဲလ်ဆီးအသင်းအနေနဲ့လည်း တိုင်းရစ်ဂျော့ ကို သူတို့မျှောင်လင့်ထားတဲ့ မြောက်များတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်ရရှိရင်တော့ ရောင်းချသွားနိုင်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ် ။
#mmmedia
#chelsea
#tyresegeorges
#winger
#premierleague
#football
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)