အိုလီဗာ ဂလတ်စနာ နေရာကို လမ်းပတ်နဲ့ အစာထိုးမယ့် ခရစ္စတယ်ပဲလေ့စ် အသင်း
ခရစ္စတယ် ပဲလေ့စ် အသင်းက အိုလီဗာ ဂလတ်စနာ ရဲ့ လက်အောက်မှာ တော်တော်လေးကို သိသိသာသာတိုးတက်လာခဲ့ပြီး အသင်းသမိုင်းတစ်လျောက် ပထမ ဆုံးအဖြစ် ဆုဖလားတွေကိုလည်း အရယူနိုင်ခဲ့တယ် ။ FA ဖလားကိုလည်း ရင်ဆိုင်ရခက်ခဲပါတယ်ဆိုတဲ့ ပက် ဂွာဒီယိုလာရဲ့ မန်စီးတီး အသင်းကို အနိုင်ယူနိုင်ခဲ့သလို ကွန်မြူနတီးဒိုင်းကိုလည်း ပရီးမီးယားလိဂ် ချန်ပီယံ လီပါပူး အသင်းကို ခြေမှုန်းပြသခဲ့ပြီး ဆုဖလားတွေကို ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ် ။ အဲ့တာကြောင့် ဒီနှစ်ဘောလုံးရာသီမှာ အိုလီဘာ ဂလတ်စနာ ရဲ့ ပဲလေ့စ် အသင်းက စောင့်ကြည့်ချင်စရာ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းဖြစ်လာခဲ့တယ် ။ ဒါပေမယ့် ခရစ္စတယ်ပဲလေ့စ် အသင်းရဲ့ ဘဏ္ဍာရေးပြဿနာတွေကြောင့် အပြောင်းအရွှေ့ရာသီအစမှာပဲ အသင်း ရဲ့ အဓိက အားထားရတဲ့ ကစားသမား အက်ဇီ ကို အာဆင်နယ် အသင်းထံ လက်လွှတ်လိုက်ရတယ် ။
အက်ဇီ မပါဝင်တော့တဲ့ ပဲလေ့စ် အသင်းရဲ့ တိုက်စစ် က အနည်းငယ်သိသာသွားတယ်ဆိုပေမယ့် ပဲလေ့စ် အသင်းက တည်ငြိမ်တဲ့ ပုံစံတစ်ခုကိုတော့ ဆက်လက်ပြသနိုင်ခဲ့တယ် ။ ပြီးတော့ အခုဆောင်းရာသီ အပြောင်းအရွှေ့မှာလည်း ပဲလေ့စ် အသင်းရဲ့ အဓိက ကစားသမားလည်းဖြစ် ၊ အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ မက်ဂူဟီ ကို မန်စီးတီး အသင်းထံ ထပ်မံ ရောင်းချလိုက်တဲ့အပြင် အသင်းရဲ့ တိုက်စစ်မှုး မာတီရေတာ ကလည်း သူ့အနေနဲ့ အခုဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာချင်တယ်လို့ တောင်းဆိုထားတာကြောင့် ဂလက်စနာ နဲ့ ပဲလေ့စ် အသင်းတွေကြားမှာ အက်ကွဲကြောင်းတွေဖြစ်လာခဲ့တယ် ။ အိုလီဘာ ဂလတ်စနာ အနေနဲ့လည်း ရာသီကုန်ရင် အသင်းကထွက်ခွာတော့မယ်လို့ ကြော်ငြာခဲ့ပါတယ် ။ ခရစ္စတယ်ပဲလေ့စ် အသင်း အနေနဲ့ အိုလီဘာ ဂလတ်စနာ ရဲ့ နေရာကို အစားထိုးဖို့အတွက် နည်းပြတော်တော်များများ ကို အနည်းကပ်စောင့်ကြည့်နေပါတယ် ။
အဲ့စာရင်းထဲမှာ ချဲလ်ဆီး အသင်း နဲ့ အဲဗာတန် အသင်းတို့ရဲ့ နည်းပြဟောင်းဖြစ်တဲ့ ဖရန့်စ် လမ်းပတ်လဲပါဝင်နေပါတယ် ။ လမ်းပတ် တစ်ယောက် မနှစ်ကဘောလုံးရာသီကတည်းက ကိုဗင်ထရီ အသင်း နဲ့ အတူ အကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့သလို ဒီနှစ်ဘောလုံးရာသီမှာလည်း လမ်းပတ် ရဲ့ ကိုဗင်ထရီ အသင်းက ချန်ပီယံရှစ် ကို ဦးဆောင်နေတာပဲဖြစ်ပါတယ် ။ အကယ်လို့ လမ်းပတ် အနေနဲ့ ခရစ္စတယ်ပဲလေ့စ် အသင်းကို ကိုင်တွယ်ပြီး ပရီးမီးယားလိဂ် ကို တကျော့ ပြန်ခြေချမယ်ဆိုရင် အဆင်ပြေပါ့မလား ။ ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ။ ပရိသတ်တွေရဲ့ အမြင်ကို ကော့မန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#crystalpalace
#oliverglasner
#franklampard
#coach
#facup
#premierleague
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)