ဒုက္ခတွင်းထဲမှာ ဘဝကို အရှုံးမပေးခဲ့တဲ့ အကောင်းဆုံးကစားသမားတစ်ဦးဖြစ်လာခဲ့သူ ရာဖင်ညာ
ဒုက္ခတွင်းထဲမှာ ဘဝကို အရှုံးမပေးပဲ အကောင်းဆုံးကစားသမားတစ်ဦးဖြစ်လာခဲ့သူ ရာဖင်ညာ
ဒုက္ခတွင်းထဲမှ ဘဝကို အရှုံးမပေးပဲ အိမ်မက်ပန်းတိုင်တွေဆီ အရောက်လှမ်းနိုင်ခဲ့တဲ့ ၊ ငယ်ငယ်က ဆာလောင်မှုကိုဖြေဖျောက်ဖို့အတွက် လမ်းမတွေပေါ်မှာ တောင်းစားခဲ့ရသူ ၊ ဆိုးရွားတဲ့ဒဏ်ရာပြသနာတွေနဲ့ ရင်ဆိုင်ခဲ့ရပေ့မယ် ကိုယ်ကို့ကိုယ် ယုံကြည်မှုအပြည့်နဲ့ အကောင်းဆုံးပြန်လာနိုင်ခဲ့တဲ့ ကစားသမားတစ်ယောက် အဲဒိ ကစားသမား ကတော့ ရာဖင်ညာပဲဖြစ်ပါတယ်။ ကမ္ဘာ့ဖလားကို အကြိမ်အရေအတွက် အများဆုံးရရှိထားပြီး ဘောလုံးလောကရဲ့ အကြီးကျယ် အခမ်းနားဆုံး အသင်း တစ်သင်းဖြစ်တဲ့ ဘရာဇီး အသင်းမှာ ကမ္ဘာ့အဆင့်မှီ ကစားသမားပေါင်းများစွာထွက်ပေါ်တက်ပြီး ရာဖင်ညာ တစ်ယောက်လည်း အပါအဝင် ဖြစ်ပါတယ်။ ရာဖင်ညာကို ၁၉၉၆ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့ Porto Alegre မှာမွေးဖွားခဲ့ပြီး မြို့နဲ့ဝေးတဲ့ ဆင်းရဲနွမ်းပါးတဲ့ ရပ်ကွက်လေး တစ်ခုမှာ ကြီးပြင်းခဲ့တာပဲဖြစ်ပါတယ်။ ရာဖင်ညာက ဆင်းရဲ့နွမ်းပါးတဲ့ သူတို့ရဲ့ ဘဝ ကို တိုးတက်ကောင်းမွန်လာစေရန် ဘောလုံးအားကသားကို ငယ်စဥ◌်ကတည်းက ကြိုးစားလေ့လာခဲ့ပါတယ်။ ရာဖင်ညာ က ပရောဖက်ရှင်နယ် ကစားသမား ဘဝ မစတင်ခင် က ဒေသအတွင်း ကျင်းပ ပြီး အလွန် အန္တရယ်များတဲ့ အခြေအနေတွေ ၊ အဆိုးရွားဆုံးဖျက်ထုပ်မှုတွေ ၊ပရိတ်သတ် တွေရဲ့ ခြိမ်းခြောက်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ဗာဇီယာ ပြိုင်ပွဲတွေမှာဝင်ရောက်ယှဥ◌်ပြိုင်ခဲ့တာပဲဖြစ်ပါတယ်။ငယ်စဥ◌်ကတည်း ခက်ခဲတဲ့ ဘဝပေး အခြေအနေတွေနဲ့ ရော ကြမ်းတမ်းလှပါတယ်ဆိုတဲ့ အားကစားအတွေအကြုံတွေကို ရာဖင်ညာ တစ်ယောက် အသက်အရွယ် ငယ်ငယ်လေးနဲ့ သည်ခံပြီး သူ့ဘဝ တိုးတက်အောင်ပဲ အကောင်းဆုံကြိုးစားခဲ့ပါတယ်။ ရာဖင်ညာရဲ့ အပေါင်းအသင်းတော်တော်များများ က ဆင်းရဲနွမ်းပါးတဲ့ ဒဏ်ကိုမခံနိုင်ကြပဲ မူးရစ်ဆေးလောကထဲ ကို ခြေစုံပစ်ဝင်သွားကြပါတယ်။ အချို့တွေက ချမ်းသာလာကြပြီး တစ်ချို့တွေကြတော့လဲ နေ့မြင်ညပျောက် ဘဝတွေ ဖြစ်လာကြပါတယ်။ ရာဖင်ညာကတော့ လောကဓံ တရားကို ကောင်းကောင်းကြီး ရင်ဆိုင်ကျော်ဖျက်ပြီး သူဝါသနာပါတဲ့ ဘောလုံး အားကစားကိုတာ တဆိုက်မက်မက် လုပ်ခဲ့ပြီး ရာဖင်ညာ ကလူငယ် ကစားသမား ဘဝကို Imbituba အသင်းမှာ စတင်ကစားခဲ့ပြီး နောက်ပိုင်းမှာ avai F.C အသင်းကင်းထောက်တွေက သူတို့သတိထားစောင့်ကြည့်ခဲ့ပြီး ရာဖင်ညာ အသက် ၁၈ အရွယ်မှာပဲ Brazilian serie A အသင်းတစ်သင်းဖြစ်တဲ့ avai F.C ရဲ U 20 အသင်းတွေမှာ စတင်ကစားလာခဲ့ပါတယ်။ ရာဖင်ညာက သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေကိုပြသနိုင်ခဲ့ပြီး ဘရာဇီး ကလပ်တော်တော်များများရဲ့ စိတ်ဝင်စားမှုကို လည်းခံခဲ့ရပါတယ်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ပေါ်တူဂီ ကလပ် အသင်းတစ်သင်းဖြစ်တဲ့ Vitoria de Guimaraes အသင်းကိုပြောင်းရွှေ့သွားခဲ့ပြီး အကောင်းဆုံးခြေစွမ်းတွေကို ဆက်တိုက်ပြလာခဲ့ပြီး ၂၀၁၇ ခုနှစ် Vitoria de Guimaraes အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ရာဖင်ညာက ပေါ်တူဂီ ကလပ် စပိုးတင်း အသင်းကိုပြောင်းရွှေ့သွားခဲ့ပြီး taca de ပေါ်တူဂီ
တစ်ကြိမ် ၊ Taca de liga တစ်ကြိမ်တို့ကို အသင်းဖော်ဘရူနိုဖာနက်တက်နဲ့ အကောင်းဆုံးခြေစွမ်းပြကာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ 2019 ခုနှစ်မှာ Rennes အသင်းက ရာဖင်ညာရဲ့ ခြေစွမ်းကို ကြိုက်နှစ်သက်တာကြောင့် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ၂၁ သန်းဖြင့်ခေါ်ယူခဲ့တာကြောင့် ရာဖင်ညာတစ်ယောက် ပြင်သစ်မြေမှာ သွားရောက်တိုက်ပွဲဝင်ရပြန်တယ်။ ပြင်သစ်မြေမှာ တစ်ရာသီကြာ ဖြတ်သန်းပြီးနောက် ၂၀၂၀ ခုနှစ်မှာ ရာဖင်ညာက ပရီးမီးယားလိဂ် အသင်းတစ်သင်းဖြစ်တဲ့ လိဒ်ယူနိုက်တက် အသင်းကို ၄ နှစ်စာချုပ်နဲ့ပြောင်းရွှေ့ခဲ့တာပဲဖြစ်ပါတယ်။ လိဒ်ယူနိုက်မှာ အဆိုးရွားဆုံးဒဏ်ရာပြသနာတွေရင်ဆိုင်ခဲ့ရပြီးမထင်မှတ်ထားလောက်အောင်အကောင်းပုံစံတွေနဲ့ အတူ ရာဖင်ညာကပြန်လာနိုင်ခဲ့ပါတယ် ။ ရာဖင်ညာ က လိဒ်ယူနိုက်တက် အသင်းမှာ ၂ရာသီကြာ ကစားခဲ့ပြီး သူပြသနိုင်ခဲ့တဲ့ခြေစွမ်းတွေကြောင့် စပါး ၊ အာဆင်နယ်၊ ချယ်ဆီး ၊ဘာစီလိုနာ တို့လို ဥရောပအသင်းတွေရဲ့ အပြိုင်ခေါ်ယူခြင်းကိုခံခဲ့ရတာပဲဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဇူလိုင် လ ၁၅ ရက်နေ့မှာတော့ ရာဖင်ညာက ဘာစီလိုနာ အသင်းကိူ ပြောင်းရွှေ့သွားပါတယ်။ ရာဖင်ညာရဲ့ြေခစွမ်းက ဘယ်နည်းပြနဲ့ပဲဖြစ်ဖြစ် ဘယ်နည်းစနစ်နဲ့ပဲဖြစ်ဖြစ် အံဝင်အောင် ကစားနိုင်ခဲ့ပြီး အခုနည်းပြအသစ်ဖြစ်တဲ့ ဟန်စီ ဖလစ် လက်ထပ်မှာ အသင်းရဲ့ အဓိက ကစားသမား တစ်ယောက်ဖြစ်လာခဲ့ပြီး သူရဲ့အရည်အချင်းကိုလည်း အကောင်းဆုံးပြသနေပါတယ်။ အခုတင်ဆက်ပေးသွားတာကတော့ ဘာအခက်အခဲတွေပဲရှိရှိ သူရဲ့ အိမ်မက်တွေအတွက် ဘဝကိုအရှုံးမပေး ၊ အလွယ်လမ်းမလိုက်ပဲ တစ်ဆင့်ချင်းကြိုးစားခဲ့တဲ့ ရာဖင်ညာ အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ကြည့်ရှုပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူး အများကြီး တင်ရှိပါတယ်။
LATEST NEWS
Top 5 Football Clubs with the Highest Average Matchday Revenue in the 21st Century
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )