ကီနန်ယီဒစ် ကို အပြိုင်စိတ်ဝင်စားနေကြတဲ့ ဥရောပအသင်းကြီးများ
မနှစ်က ဘောလုံးရာသီ ဇန်နဝါရီ အပြောင်းအရွှေ့ကာလကတည်းက ဥရောပ ထိပ်သီးကလပ် အသင်းတော်တော်များများက လူငယ်တောင်ပံ ကစားသမားလေးတစ်ယောက်ကို တော်တော်လေးစိတ်ဝင်စားခဲ့ကြတယ် ။ အဲဒီကစားသမားကတော့ တူရကီ နိုင်ငံအတွက် မျှော်လင့်ချင်စရာအကောင်းဆုံးကစားသမား ကီနန်ယီဒစ် ပဲဖြစ်ပါတယ် ။ ကီနန် ယီဒစ် တစ်ယောက် မနှစ်ကဘောလုံးရာသီတုန်းက ဂျူဗင်ဒက် အသင်းမှာ အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်ခဲ့တယ် ။ ပေါက်ကွဲအားကောင်းပြီး အလားအလာကောင်းတွေအများကြီး ပိုင်ဆိုင်ထားတဲ့ ကစားသမားတစ်ယောက်ဖြစ်တာကြောင့် ဥရောပ ကလပ်အသင်းတော်တော်များများ က ခေါ်ယူဖို့အတွက် စိတ်ဝင်တစားစောင့်ကြည့်ခဲ့ကြပေမယ့် ဘယ်အသင်းမှ ကမ်းလှမ်းမှု တစ်စုံတစ်ရာကို မပြုလုပ်ခဲ့ဘူး ။ ဂျူဗင်ဒက် အသင်းကို တရားဝင်ဆက်သွယ် မေးမြန်းခဲ့တာဆိုလို့ချဲလ်ဆီး အသင်းတစ်သင်းလောက်ပဲရှိမယ် ။
ဒါပေမယ့် ဂျူဗင်ဒက် အသင်းကလည်း သူတို့ရဲ့ လူငယ်ကစားသမားလေးကို ရောင်းချသွားဖို့အတွက် စိတ်ကူးမရှိတဲ့ အပြင် တကယ်လို့ရောင်းချမယ်ဆိုရင်လည်း ခြေစွမ်း နဲ့ ထိုက်တန်တဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ် ကိုအလိုရှိနေတာပဲဖြစ်ပါတယ် ။ တောက်မယ့်မီးခဲ တစ်ရဲရဲ ဆိုတဲ့ အတိုင်း ကီနန်ယီဒစ် က မနှစ်ကဘောလုံးရာသီ ထက် လက်ရှိ ဘောလုံးရာသီမှာ သိသိသာသာကြီးကို ပိုမိုကောင်းမွန်လာခဲ့သလို ဂျူဗင်ဒက် အသင်းအတွက်လည်း အရင်နှစ်တွေထက် ပိုမိုအားကိုးလာခဲ့ရတယ် ။ ယီဒစ် တစ်ယောက် မနှစ်ကဘောလုံးရာသီကဆိုရင် ဂျူဗင်ဒက် အသင်းအတွက် ပြိုင်ပွဲစုံ ၄၈ ပွဲကစားပြီး ၉ ဂိုးသွင်းကာ ၆ ဂိုးအထိ ဖန်တီးမှုပြုလုပ်နိုင်ခဲ့တယ် ။ ဒါပေမယ့် ဒီနှစ်ဘောလုံးရာသီမှာတော့ ၁၂ ပွဲပဲကစားရသေးတယ် ၅ ဂိုးအထိသွင်းယူထားနိုင်ပြီး ၅ ကြိမ်အထိလည်းဂိုးဖန်တီးမှုပြလုပ်လာထားကိုလည်းတွေ့မြင်ရပါတယ် ။ ကီနန်ယီဒစ် အနေနဲ့ တစ်နေ့ထက် တစ်နေ့ ပိုမိုတိုးတက်ကောင်းမွန်လာတယ်ဆိုတာကတော့လက်ကိုလက်ခံရမယ့် ကိစ္စတစ်ခုပဲဖြစ်ပါတယ် ။ လက်ရှိအချိန်မှာ ယီဒစ် အနေနဲ့ အရင်နှစ်ဘောလုံးရာသီထက် ပိုမိုရင့်ကျက်လာခဲ့သလို ၊ ဂိုးပါဝင်ပတ်သတ်မှုလည်းတော်တော်လေးများပြားလာခဲ့ပါတယ် ။
ဒီနောက်ပိုင်းမှာ အသက်အရွယ် ငယ်ငယ်လေးနဲ့ အရွယ်နဲ့ မလိုက်အောင်ခြေစွမ်းပြနေတဲ့ ကစားသမားတွေဆိုရင် ကလပ်အသင်းတိုင်းက အလွန်စိတ်ဝင်စားပြီး မရမကခေါ်ယူချင်ကြတာက ထုံးစံလိုဖြစ်နေပါပြီ ။ လက်ရှိအချိန်မှာလည်း ယီဒစ် တစ်ယောက် သူ့ရဲ့ အကောင်းဆုံး ပုံစံ တစ်ခုကို ပြသနေတာကြောင့် ဥရောပ ထိပ်သီးကလပ် အသင်းတော်တော်များများ က စောင့်ကြည့်နေခဲ့ကြတယ် ။ ဥရောပ ကလပ် အသင်းတော်တော်များများ က ယီဒစ် ကို အပြိုင်လုပြီး ခေါ်ယူရမှာကို နားလည်တာကြောင့် လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ကာလလောက်ကတည်းက ခေါ်ယူဖို့အတွက် ကြိုးပမ်းမှုတွေကို မြင်တွေ့ရနိုင်တယ် ။ ကီနန် ယီဒစ် အနေနဲ့ ဂျူဗင် မှာပဲ ဆက်ကစားမလား ? ဒါမှမဟုတ် ကစားသမားဘဝ နောက်တစ်ဆင့်တက်ဖို့အတွက် ဘယ်အသင်းကို ပြောင်းသွားမလဲ? ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ်။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။
#mmmedia
#european
#turkey
#kenanyildiz
#winger
#football
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)