GoldenBoy ဆုရရှိခဲ့ပေမယ့် အောင်မြင်တဲ့ဘဝကို မရရှိခဲ့ကြတဲ့ ကစားသမား ၅ ယောက်

Published 2w ago
Article
GoldenBoy ဆုရရှိခဲ့ပေမယ့် အောင်မြင်တဲ့ဘဝကို မရရှိခဲ့ကြတဲ့ ကစားသမား ၅ ယောက်

Golden Boy ဆုရရှိခဲ့ပေမယ့် အောင်မြင်တဲ့ဘဝကို မရရှိခဲ့ကြတဲ့ ကစားသမား ၅ ယောက်

  Golden boy ဆုဆိုတာကတော့ လူငယ် ကစားသမား ဘဝမှာ အသက်အရွယ် နဲ့ အသင်းရဲ့ အခြေအနေနဲ့ မလိုက်အောင် ခြေစွမ်းကောင်းမွန်နေပြီး အနာဂတ်မှာ အလားအလာကောင်းတွေအများကြီး ပိုင်ဆိုင်ထားတဲ့ ဘောလုံးသမားကို ပေးတဲ့ ဆုတစ်ခုပဲဖြစ်ပါတယ်။ Golden Boy ဆုကို ၂၀၀၃ ခုနှစ်က စတင်ပေးအပ်ခဲ့တာဖြစ်ပါတယ်။ လူငယ်ကစားသမား ဘဝထဲက ခြေစွမ်းကောင်းတွေပြသနိုင်တာကြောင့် Golden Boy ဆု ရရှိတဲ့အပြင် သူတို့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ဆက်လက်ထိန်းသိမ်းပြီး အောင်မြင်တဲ့ ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့ရတဲ့ ကစားသမားတွေရှိသလို ငယ်စဥ◌်က ကောင်းမွန်တဲ့ ခြေစွမ်းတွေကြောင့် Golden Boy  ဆုကို ရရှိခဲ့ပေ့မယ် နောက်ပိုင်းမှာ ခြေစွမ်းကောင်းတွေဆက်မပြသနိုင်တော့တာကြောင့် ကစားသမားဘဝ မှေးမှိန်ပြီး အအောင်မြင်ခဲ့တဲ့ ကစားသမားပေါင်းများစွာလည်းရှိပါတယ်။ ဒီနေ့တင်ဆက်ပေးသွားမှာကတော့ ငယ်စဥ◌်က ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် Golden Boy ဆုကို ရရှိခဲ့ပေ့မယ် အောင်မြင်ကျော်ကြားတဲ့ ကစားသမားဘဝကို မပိုင်ဆိုင်ခဲ့ရတဲ့ ကစားသမား ၅ ယောက်အကြောင်းပဲဖြစ်ပါတယ်။  ၁. ဗန်ဒါဗက်  အေဂျက် အသင်းနဲ့အတူ ခြေစွမ်းကောင်းတွေကို ပြသနိုင်ခဲ့တဲ့ ဗန်ဒါဗက်ကတော့ ၂၀၀၃ ခုနှစ်ရဲ့ Golden Boy ဆုကို ရရှိခဲ့ပါတယ်။ Golden Boy ဆုက ၂၀၀၃ ခုနှစ်ကမှ စတင်ပေူအပ်ခဲ့တာကြောင့် Golden Boy ဆုကို ပထမဆုံးရရှိခဲ့တဲ့ ကစားသမားလည်းဖြစ်ပါတယ်။ အေဂျက် အသင်းနဲ့ အတူ တောက်ပလာခဲ့တဲ့ ဗန်ဒါဗက်က သိပ်ကိုအလားအလာရှိတဲ့ ကစားသမားတစ်ဦးဖြစ်ခဲ့ပါတယ်။ အဲ့နောက် ဟမ်းဘတ် ၊ ရီးရဲလ်မက်ဒရစ် ၊ တော့တင်ဟမ် စပါး စတဲ့ အသင်းတွေမှာ ကစားခဲ့ပေ့မယ့် သာမန်ကစားသမားတစ်ယောက်ခြေစွမ်းမျိုးကိုသာ ပြသနိုင်ခဲ့ပါတယ်။ ငယ်စဥ◌်က ပြသခဲ့တဲ့  ထူးခြားကောင်းမွန်တဲ့ ခြေစွမ်းမျိုးကိုတော့ ပြန်လည်မမြင်တွေ့ခဲ့ရပါဘူး။  ၂. အန်ဒါဆန်  ပေါ်တိုမှာ ပြသနေတဲ့ အန်ဒါဆန်ရဲ့ ခြေစွမ်းက အင်မတန်ကြောက်ဖို့ကောင်းခဲ့ပါတယ်။ အဲ့တာကြောင့်ပဲ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဂန္ဓဝင်နည်းပြကြီး ဖာဂူဆန်က အရခေါ်ယူခဲ့တာပေါ့ ။ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အစပိုင်း ရာသီတွေမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့တာကြောင့် ၂၀၀၈ ခုနှစ်ရဲ့ Golden Boy ဆုကို ရရှိခဲ့ပါတယ်။ အန်ဒါဆန် က မန်ချက်စတာယူနိုက်တက် အသင်းနဲ့ အတူ အောင်မြင်မှုဆုဖလားပေါင်းများစွာ ရရှိခဲ့ပေ့မယ်လည်း Golden Boy ဆု ရရှိပြီးနောက်ပိုင်းမှာ အန်ဒါဆန် ပြသခဲ့တဲ့ ခြေစွမ်းက သာမန်ကစားသမား တစ်ယောက်ရဲ့ ခြေစွမ်းပါပဲ ။ ဘားမှ ထူးထူးခြားခြားနဲ့ အများဆုံးနဲ့ ကွဲထွက်နေအောင်ကောင်းမွန်တဲ့ ကစားသမား တစ်ယောက်တော့မဟုတ်ခဲ့ပါဘူး ။  ၃. ပါတို  ဒီ ဘရာဇီးသား အလက်ဇန်းနား ပါတိုကတော့ ဘောလုံးလောကမှာ နှမြောဖို့ကောင်းတဲ့ ကစားသမား တစ်ဦးဖြစ်ပါတယ်။ အေစီမီလန် အသင်းနဲ့ အတူ အကောင်းမွန်ဆုံးခြေစွမ်းတွေပြသပြီး ထွန်းတောက်လာခဲ့တဲ့ ပါတိုက ၂၀၀၉ ခုနှစ်မှာ Golden Boyဆုကို ရရှိခဲ့ပါတယ်။ အေစီမီလန် အသင်းနဲ့ အတု အကောင်းမွန်ဆုံး ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရပေ့မယ် ပေါ်တိုရဲ့ ဒဏ်ရာပြသနာတွေ ၊ အပျော်အပါး လိုက်စားတာတွေ ၊ အိမ်ထောင်ရေးပြသာနာတွေက သူရဲ့ ကစားသမား ဘဝကို အဆုံးသတ် ဖြစ်သွားစေခဲ့ပါတယ်။  ၄. ဘာလော့တယ်လီ  ဘာလော့တယ်လီ က အင်တာမီလန် အသင်းနဲ့ အတူ အကောင်းဆုံး ဘောလုံးရာသီတစ်ခုကို ဖြတ်ကျော်ခဲ့ပြီး သုရဲ့ အရည်အချင်းတွေကို ကောင်းကောင်းပြသနိုင်ခဲ့ပါတယ်။အလားအလာကောင်းတွေပိုင်ဆိုင်ထားနဲ့ ဘာလော့တယ်လီက ၂၀၁၀ ခုနှစ်ရဲ့ Golden Boy ဆုကို ရရှိခဲ့ပါတယ်။ ဘာလော့တယ်လီ က အရည်အချင်းနဲ့ အလားအလာကောင်းတွေ ရှိသလောက် နေရာတကာမှာလည်း ပြသာနာရှာတက်တဲ့ လူတစ်ယောက်ပဲဖြစ်ပါတယ်။ သူရဲ့ ကစားသမား ဘဝကို အင်တာမီလန် ၊ အေစီမီလန် ၊ မန်စီးတီး ၊ လီပါပူး ၊ မာဆေး စတဲ့ အသင်းကြီးတော်တော်များများမှာ ကစားခဲ့ပြီး အသင်းတိုင်းမှာလည်း ပြသာနာပတ်ရှာခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဘာလော့တယ်လီက သူရဲ့ ပြသာနာရှာတက်တဲ့ အကျင့်ကြောင့်ပဲ အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။  ၅. ဂေါ့စီ ဂေါ့စီကတော့ ဂျာမနီ အသင်းရဲ့ ကံကောင်းခြင်းလက်ဆောင်ဖြစ်ပြီး ကမ္ဘာ့ဖလားရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းပေးခဲ့ပြီး ဂျာမနီကို ကမ္ဘာ့ဖလား ဗိုလ်ဆွဲစေခဲ့ပါတယ်။ ဂေါ့စီက ဒေါ့မွန်မှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် Golden Boy ဆုကို ရရှိခဲ့ပေ့မယ် ဂွာဒီယိုလာရဲ့ ဘာယန်မြူးနစ် အသင်းကို ရောက်ရှိသွားတဲ့ အချိန်မှာတော့ အရင်လို ခြေစွမ်းမျိုး ပြန်လည်မရရှိတော့ပါဘူး ။ ဒဏ်ရာပြသာနာတွေနဲ့လည်းရင်ဆိုင်ခဲ့ရပြီး ကောင်းမွန်တဲ့ ခြေစွမ်းမျိုးကိုတော့ ပြန်လည်မတွေ့ရတော့ပါဘူး။  ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ Golden Boy ဆုရရှိခဲ့ပေမယ့် အောင်မြင်တဲ့ဘဝကို မရရှိခဲ့ကြတဲ့ ကစားသမား ၅ ယောက် အကြောင်းပဲဖြစ်ပါတယ်။အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။

Leave a reply

💬 Join our Telegram
📢 Hello!! You can ask directly to the admin for more information...