မဖြစ်မနေ ချီးကျူးရမယ့် ဂျပန် နည်းပြ မိုရီယာဆု
နည်းပြ အန်စလော့တီ ရဲ့ လက်အောက်မှာ စွမ်းဆောင်ရည်ပိုင်းတွေရော ၊ အသင်းရဲ့ ရလဒ်မှာရော အခုနောက်ပိုင်း တဖြည်းဖြည်း နဲ့ အပြုသဘောဆောင်လာခဲ့တဲ့ ဘရာဇီး လက်ရွေးစင် အသင်းက မိုရီယာဆု ရဲ့ ဂျပန် အသင်းနဲ့ အတွေ့မှာတော့ အရှုံးပေးခဲ့ရပါတယ် ။ ဘရာဇီး အသင်းက ဒီနောက်ပိုင်းနှစ်တွေမှာ မသိမသာလေး အကျပိုင်းကို ရောက်ရှိနေပေမယ့် အန်စလော့တီ ကို နည်းပြအဖြစ် ခန့်အပ်ပြီးတဲ့ အချိန်ကတည်းက အသင်းက ကျစ်လစ် မာကျောလာခဲ့သလို စွမ်းဆောင်ရည်ပိုင်းမှာလည်း တော်တော်လေးကို သိသိသာသာတိုးတက်လာခဲ့ပေမယ့် နည်းပြကြီး မိုရီယာဆု ရဲ့ ဂျပန် အသင်းနဲ့ အတွေ့မှာတော့ လက်မြှောက်အရှုံးပေးခဲ့ရတာပဲဖြစ်ပါတယ်။ မိုရီယာဆု က ဂျပန်နည်းပြဖြစ်လာတာ အခုဆိုရင် ၇ နှစ်ရှိသွားပြီ။ ဂျပန်ရဲ့ သက်တော်ရှည်နည်းပြလို့တောင် ပြောရမယ်။ သူ့လက်ထက်မှာဆိုလည်း ဂျပန်က စုဖွဲ့မှုအားကောင်းကောင်းနဲ့ ဘောလုံးမှာ အဆင့်အတန်းတခုရှိခဲ့တယ်။
ကမ္ဘာ့ဖလားမှာ အောင်မြင်မှုရဖို့ဆိုတာက ဂျပန်အတွက်တော့ မလွယ်ဘူးပေါ့။ ဒါပေမယ့် ဝင်ကစားတိုင်းမှာ ဂုဏ်မငယ်ရတဲ့ ခြေစွမ်းမျိုးကို ပြနိုင်ခဲ့တယ်။ မိုရီယာဆု ရဲ့ ဂျပန်အသင်းက အသင်းကြီး အသင်းသေးမရွေး ကောင်းကောင်းကြီး ယှဥ်ပြိုင်ကစားနိုင်သလို ၊ ပွဲတိုင်းလိုလို ကိုလည်း ပွဲချိန်ပြီးဆုံးသည်အထိ မဆုတ်မနှစ်ကြိုးစားကာ ပွဲတစ်ပွဲကို အနိုင်ယူဖို့အတွက် အမြဲလိုလို အဆင်သင့်ဖြစ်နေတဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ ဒီလို ကြိုးစားမှုကြောင့်ပဲ နိုင်ပွဲတွေ ရခဲ့သလို မနိုင်ရင်တောင် ဂျပန် အသင်းက ဘယ်အသင်းကို မဆို တူတူတန်တန် ယှဥ်ကစားရင်းနဲ့မှ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှုံးရတာပါ ။ ဒီလို ရှုံးပွဲကြုံတိုင်းလည်း နည်းပြကြီးဟာ ကျိုးနွံစွာပဲ ပရိသတ်တွေကို ဦးညွှတ်ပြီး တောင်းပန်ဖို့ ဝန်မလေးတတ်သူလည်း ဖြစ်ပါတယ် ။ မိုရီယာဆုက ဂျပန်နည်းပြဘ၀မှာ အင်းနရစ်ရဲ့ စပိန်၊ ဟန်ဆီဖလစ်ရဲ့ ဂျာမနီနဲ့ မနေ့က အန်ဆယ်လော့တီရဲ့ ဘရာဇီးလ်တို့ကို အနိုင်ယူနိုင်ခဲ့တယ်။ တကယ်ချီးကျူးရမယ့် စွမ်းဆောင်ရည်ပါ။ ဒီလို ဝါရင့်သဘာရင့် ဒိတ်ဒိတ်ကြဲ နည်းပြကြီးတွေကိုင်တွယ်နေတဲ့ အသင်းကြီးတွေကို အနိုင်ယူဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး ။
မိုရီယာဆု အနေနဲ့ သူ့မှာရှိတဲ့ ကစားသမားအစုအဖွဲ့နဲ့ မာကျောကျစ်လစ် တဲ့ အသင်းတစ်သင်းပုံစံ ဖြစ်အောင် အကောင်းဆုံး တည်ဆောက်နိုင်ခဲ့တာပဲဖြစ်ပါတယ် ။ အောက်ခြေက အစ စနစ်တကျ ပြုစုပျိုးထောင်ထားတဲ့ ဂျပန် အသင်းအနေနဲ့ ဒီလို ဒိတ်ဒိတ်ကြဲအသင်းတွေ တစ်သင်းမက အနိုင်ကစားပြခဲ့တာကြောင့် ကံကောင်းလို့ ၊ ကြက်ကန်းဆန်အိုးတိုးလို့ ဆိုတဲ့ ပေါက်ပန်းလေးဆယ် စကားတွေ နဲ့ သေးသိမ်အောင် မလုပ်နိုင်ဘူးလို့တော့ ထင်ပါတယ် ။ဂျပန် အသင်းက ဘရာဇီးလ်နဲ့ ၁၄ ကြိမ်တွေ့ပြီး တပွဲမှမနိုင်ဖူးတဲ့ မှတ်တမ်းဆိုးကို အကောင်းဆုံးကျော်ဖြတ်ကာ ဂျပန်က သမိုင်းဝင်နိုင်ပွဲကို ရသွားခဲ့တာပါ။ ဒါတွေက ကစားသမားတစ်ယောက်ချင်းစီတိုင်းရဲ့ ကြိုးစားအားထုပ်မှုကြောင့် အများကြီးသက်ဆိုင်သလို ရှိတဲ့ဟာလေး နဲ့ လှအောင်ဆင်တက်တဲ့ မိုရီယာဆုကိုလည်း မဖြစ်မနေချီးကျူးရမှာပဲဖြစ်ပါတယ်။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#japan
#hajimemoriyasu
#coach
#football
LATEST NEWS
Top 5 Football Clubs with the Highest Average Matchday Revenue in the 21st Century
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )