အကောင်းဆုံးပုံစံတွေနဲ့ ပြန်လာနိုင်ခဲ့တဲ့ အာနေးစလော့ ရဲ့ လီပါပူး အသင်း
ဒီနှစ်ပရီးမီးယားလိဂ် အသင်းတွေထဲမှာ ထင်မှတ်မထားလောက်အောင် စွမ်းဆောင်ရည်ပိုင်း ကောင်းမွန်နေတဲ့ အသင်းတွေရှိသလို မျှော်လင့်ထားသလောက်ဖြစ်မလာသေးတဲ့အသင်းတွေလည်းရှိပါတယ် ။ အဲ့လို ပရိတ်သတ်တွေ မျှော်လင့်ထားသလောက်ဖြစ်မလာသေးတဲ့ အသင်းတွေထဲမှာ အာနေးစလော့ရဲ့ လီပါပူး အသင်းက ထိပ်ဆုံးကနေ ပါဝင်နေပါတယ် ။ အာနေးစလော့ က မနှစ်ကဘောလုံးရာသီတုန်းကဆိုရင် ကစားသမား ဝယ်ယူအားဖြည့်မှု မရှိတာတောင် နည်းပြကြီး ယာဂန်ကလော့ ထားခဲ့ပေးတဲ့ အသင်းကို အကောင်းဆုံး ဖြစ်အောင် ကိုင်တွယ်နိုင်ခဲ့တယ် ။ ယာဂန်ကလော့ အသင်းထက် ပိုမကောင်းရင်တောင် ယာဂန်ကလော့ ကိုင်တွယ်ခဲ့စဥ်ကလို အခြေအနေမျိုးနဲ့ အနီးစပ်ဆုံးတူအောင် ၊ ကောင်းမွန်အောင် ကိုင်တွယ်နိုင်ခဲ့တယ် ။ ပြီးတော့ သူ့ရဲ့ လီပါပူးနည်းပြဘဝ ပထမဆုံးရာသီမှာပဲ ပြိုင်ဆိုင်မှုပြင်းထန်လွန်းပါတယ်ဆိုတဲ့ ပရီးမီးယားလိဂ် ဖလားကြီးကို ထိုက်ထိုက်တန်တန်ဆွတ်ခူးပြခဲ့တယ် ။ အာနေးစလော့ က ယာဂန်ကလော့ထွက်သွားပြီး နောက်ပိုင်း လီပါပူး အသင်းပရိတ်သတ်တွေ ရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေဖျောက်ပေးနိုင်ခဲ့တယ် ။
အဲ့တာကြောင့်ပဲ လာမယ့်နှစ်ဘောလုံးရာသီမှာ ပြည်တွင်းဖလားတွေအပြင် ၊ ဥရောပဖလားတွေကိုပါ ဆွတ်ခူးနိုင်ဖို့အတွက် လီပါပူး အသင်းတာဝန်ရှိသူတွေအနေနဲ့ စံချိန်တင် အသုံးစရိတ်သုံးကာ အရည်အသွေးမြင့်ကစားသမားကောင်းပေါင်းများစွာကို ခေါ်ယူအားဖြည့်ပေးခဲ့တယ် ။ လီပါပူး အသင်းလို လက်ရှိပရီးမီးယားလိဂ် ချန်ပီယံ အသင်းတစ်သင်းကို ကောင်းလှပါတယ်ဆိုတဲ့ အရည်အသွေးမြင့် ကစားသမားကောင်းပေါင်းများစွာ အင်အားဖြည့်တင်းပေးလိုက်တာကြောင့် လီပါပူး အသင်းကို ပရိတ်သတ်တော်တော်များများ က တော်တော်လေးမျှော်လင့်ခဲ့ကြတယ် ။ ဒါပေမယ့် လီပါပူး အသင်း က ကစားသမားအသစ်တွေ အသင်းနဲ့ အပြည့်အဝ အံမဝင်သေးတဲ့ပြဿနာတွေ ၊ ပရီးမီးယားလိဂ် နဲ့ အသားကျဖို့အတွက် ရုန်းကန်နေရတဲ့ ပြဿနာတွေကြောင့် အစပိုင်းပွဲစဥ်တွေမှာ ရုန်းကန်ခဲ့ရပေမယ့် ပွဲတိုင်းလိုလို ကို အနိုင်ရရှိအောင်တော့ စွမ်းဆောင်နိုင်ခဲ့သေးတယ် ။ ဒါပေမယ့် နောက်ပိုင်းမှာ အခြေအနေတွေက ပိုပိုဆိုးလာပြီး ချန်ပီယံလိဂ် တစ်ပွဲအပါအဝင် ပရီးမီးယားလိဂ်မှာလည်း ၃ ပွဲ ဆက် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတယ် ။ အာနေးစလော့အပေါ်ကိုလည်း ဖိအားတွေတော်တော်လေးကို ကျရောက်ခဲ့တယ် ။
ဒါပေမယ့် အာနေးစလော့ အနေနဲ့ သူ့အပေါ်ကျရောက်နေတဲ့ ဖိအားတွေကို အကောင်းဆုံးကိုင်တွယ်ဖြေရှင်းကာ အကောင်းဆုံးပုံစံ တစ်ခုနဲ့ ပြန်လာနိုင်ခဲ့တယ် ။ ဖရန်းဖတ် နဲ့ ကစားခဲ့တဲ့ နောက်ဆုံးပွဲစဥ်မှာ အာနေးစလော့ အနေနဲ့ အမှန်ကန်ဆုံး လူထုတ်ပုံ ၊ ကစားပုံ ၊ ကစားကွက်တွေ ကို အသုံးပြုခဲ့ပြီး ဂိုးပြတ်နိုင်ပွဲတစ်ခုရအောင်လည်းစွမ်းဆောင်နိုင်ခဲ့တယ် ။ ဖိအားတွေများနေတဲ့ကြားက ချန်ပီယံလိဂ်ပွဲစဥ်မှာ ဒီလိုပြန်လည်ရုန်းထနိုင်တယ်ဆိုတဲ့ အာနေးစလော့ကို ချီးကျူးသင့်ပါတယ် ။ အားနေးစလော့ ရဲ့ လီပါပူး အသင်းက တကယ့်ကို အကောင်းမွန်ဆုံး ပုံစံတစ်ခုနဲ့ ပြန်လာနိုင်ခဲ့သလို ဒီလို ကောင်းမွန်တဲ့ ခြေစွမ်း ၊ ခြေစ တွေကို နောက်ပွဲစဥ်တွေအထိ ဆက်လက်ခေါ်ဆောင်သွားဖို့တော့ လိုအပ်နေတာပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ် ။
#mmmedia
#liverpool
#arneslot
#coach
#jurgenklopp
#premierleague
#football
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)