လီပါပူးအသင်းဘာတွေမှားနေတာလဲ ?
ဒီနှစ်ဘောလုံးရာသီ မစခင် ဘောလုံးပရိတ်သတ်တော်တော်များများက ကြိုတင်မျှော်မှန်းခဲ့ကြတဲ့ အချက် ၂ ချက်ရှိတယ် ။ ပထမဆုံး တစ်ချက်က ဒီနှစ် ပရီးမီးယားလိဂ် က ပြိုင်ဆိုင်မှုတော်တော်လေးပြင်းထန်ပြီး ကြည့်လို့အလွန်ကောင်းမယ့် လိဂ် တစ်ခုဖြစ်လာမယ်လို့မျှော်လင့်ခဲ့ကြတယ် ။ ဆိုလိုတာက လွန်ခဲ့တဲ့ နှစ်ဘောလုံးရာသီတွေထက် ပြိုင်ဆိုင်မှုပိုမိုပြင်းထန်မယ်ပေါ့ ။ ပရိတ်သတ်တွေက မျှော်မှန်းချက်တွေမှန်ကန်ခဲ့တယ် ။ ပွဲစဥ် ၁၁ ပွဲပဲရှိသေးတာတောင် ပရီးမီးယားလိဂ် က တော်တော်လေးကို ကြည့်လို့ကောင်းနေတယ် ။ ဘောလုံးရာသီ တစ်ခုလုံးရဲ့ ၃ ပုံ တစ်ပုံ ပြီးဆုံးသွားတဲ့ အချိန်မှာ အဆင့် ၂ ကနေ အဆင့် ၁၀ လောက်ထိက ရမှတ်အလွန်ကျဥ်းမြောင်းပြီး အမှားခံလို့မရတဲ့ အခြေအနေတစ်ခုပဲဖြစ်ပါတယ် ။ အဆင့် ၁ က အာဆင်နယ် နဲ့ အဆင့် ၂ က မန်စီးတီး အသင်းတို့ကလည်း ၄ မှတ်သာ ကွာဟတာကြောင့် အမှားလုံးဝလုပ်လို့မရတဲ့ အခြေအနေပါ ။ ဒါကြောင့် ဒီနှစ်ဘောလုံးရာသီက ရာသီအစပိုင်းမှာတင် ပရိတ်သတ်တွေမျှော်လင့်ထားသလို ပြိုင်ဆိုင်မှု အတော်လေးပြင်းထန်ပါတယ် ။ ပရိတ်သတ်တွေမျှော်လင့်ခဲ့ကြတဲ့ ဒုတိယ အချက်ကတော့ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ လီပါပူး အသင်းရဲ့ ခြေစွမ်းပါ ။
မနှစ်ကဘောလုံးရာသီမှာ အခြားကလပ် အသင်းတော်တော်များများ ကစားသမားဖြည့်တင်းမှုတွေကို အားကောင်းကောင်းနဲ့ ပြုလုပ်နေတဲ့ အချိန် လီပါပူး အသင်း အနေနဲ့ ကတော့ ကစားသမား အင်အားဖြည့်တင်းမှု လုံးဝ မလုပ်ခဲ့တဲ့အပြင် အသင်းရဲ့ ပဲ့ကိုင်ရှင် နည်းပြကြီး ယာဂန်ကလော့စ် ကိုပါ လက်လွှတ်ဆုံးရှုံးခံခဲ့ရတာပဲဖြစ်ပါတယ် ။ ဒါပေမယ့် နည်းပြအသစ် အာနေးစလော့ က အကောင်းဆုံး ပုံစံတစ်ခု နဲ့ ပရီးမီးယားလိဂ်ဖလားကြီးကို ထိုက်ထိုက်တန်တန်သိမ်းပိုက်ပြခဲ့တယ် ။ ဒါကြောင့် လီပါပူး အသင်း တာဝန်ရှိသူတွေအနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဆုကို ကာကွယ်ဖို့အတွက် နဲ့ ပြည်တွင်းဖလားအပြင် ဥရောပ ဖလားတွေကိုပါ သိမ်းပိုက်နိုင်ဖို့အတွက် အပြောင်းအရွှေ့ကာလတုန်းက ကလပ်စံချိန်တင်အသုံးစရိတ်သုံးကာ ကောင်းလှပါတယ်ဆိုတဲ့ အရည်အသွေးမြင့် ကစားသမားတွေကိုပဲ ဝယ်ယူပြီး အသင်းကို ပြောင်းလဲပြင်ဆင်မှုတော်တော်လေးပြုလုပ်ခဲ့တယ် ။ ဒီလို ချန်ပီယံအသင်းတစ်သင်းရဲ့ အင်အားဖြည့်တင်းမှုက သိပ်ကို့ကြောက်စရာကောင်းပါတယ် ။ ဒါကြောင့်ပဲ ပရိတ်သတ်တော်တော်များများ က လီပါပူး အသင်းရဲ့ ခြေစွမ်းကို တော်တော်လေးမျှော်လင့်ခဲ့ကြတယ် ။ ဒါပေမယ့် လီပါပူး အသင်းအနေနဲ့ကတော့ အခုချိန်ထိ တည်ငြိမ်ကောင်းမွန်တဲ့ ခြေစွမ်းမျိုးကို ရရှိဖို့အတွက် ရုန်းကန်နေရတုန်းပဲဖြစ်ပါတယ် ။
ကစားသမား အသစ်တွေအနေနဲ့လည်း အာနေးစလော့ ရဲ့ ကစားကွက် နဲ့ အသားကျဖို့ရုန်းကန်နေရတဲ့ အပြင် အချို့ကစားတွေဆိုရင် ခက်ခဲကြမ်းတမ်းတဲ့ ပရီးမီးယားလိဂ် မှာပဲ အသားကျဖို့ရုန်းကန်နေရတာပဲဖြစ်ပါတယ် ။ အာနေးစလော့ အနေနဲ့ မနှစ်ကဘောလုံးရာသီကလို တည်ငြိမ်ကောင်းမွန်တဲ့ ခြေစွမ်းမျိုး ပြန်လည်ရရှိအောင် အစွမ်းကုန်ကြိုးစားနေပေမယ့် အဆင်မပြေသေးတာပဲဖြစ်ပါတယ် ။ တိုက်စစ်ပိုင်း က ပွဲတိုင်းကို ရုန်းပေးမယ့် လူးဝစ် ဒီးယက် လို ကစားသမားကို အသင်းက လက်လွှတ်လိုက်သလို ၊ ဒီယေကို ဂျိုတာလို အသင်းအတွက် သိပ်ကိုအရေးပါတဲ့ ကစားသမားကိုလဲ ဝမ်းနည်းစရာကောင်းအောင် ဆုံးရှုံးလိုက်ရတဲ့ အပြင် ဆာလတ် ကလည်း အရင်က ဆာလတ်မဟုတ်တော့ပဲ အသက်အရွယ်ကြောင့် တဖြည်းဖြည်း နဲ့ အကျပိုင်းရောက်ရှိလာခဲ့ပြီဖြစ်ပါတယ် ။ ဘယ်အရာတွေ အာနေးစလော့ကို လုပ်ရကိုင်ရခက်ခဲစေတာလဲ ။ လီပါပူး အသင်းအနေနဲ့ ကရော ဘာတွေမှားနေတာလဲ ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကော့မန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအုံး။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#liverpool
#arneslot
#coach
#premierleague
#championsleague
LATEST NEWS
Top 5 Football Clubs with the Highest Average Matchday Revenue in the 21st Century
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )