မျှော်လင့်ထားသလောက်ဖြစ်မလာသေးတဲ့ အားနေးစလော့ရဲ့ လီပါပူးအသင်း
လီပါပူး အသင်းကို နှစ်ရှည်လများ အကောင်းမွန်ဆုံးတည်ဆောက်လာခဲ့တဲ့ ပဲ့ကိုင်ရှင်လည်းဖြစ် လီပါပူး ပရိတ်သတ်တွေ ရဲ့ အချစ်တော် နည်းပြတစ်ယောက်လည်းဖြစ်တဲ့ ယာဂန်ကလော့စ် က လီပါပူး အသင်း နဲ့ လမ်းခွဲတော့မယ်ဆိုတဲ့ သတင်းကြားကြားခြင်းမှာ တော်တော်လေးကို လှုပ်လှုပ်ခပ်ခပ်ဖြစ်သွားစေခဲ့တယ် ။ ယာဂန်ကလော့ ထွက်ပြီးတော့ လီပါပူး အသင်းကို ကိုင်တွယ်မယ့် နည်းပြကလည်း အရမ်းကြီး ကျော်ကြားနေတဲ့ နည်းပြတစ်ယောက်မဟုတ်ပဲ အာနေးစလော့ ဖြစ်နေတာကြောင့် ပရိတ်သတ်အချို့က စိတ်ပူခဲ့ရတယ် ။ ဒါပေမယ့် အာနေးစလော့ အနေနဲ့ သူ့ရဲ့ လီပါပူး နည်းပြ ပထမဆုံး ရာသီ မှာပဲ စိုးရိမ်စိတ်တွေ ပျောက်ပျက်သွားအောင် ကောင်းကောင်းကြီး သက်သေပြနိုင်ခဲ့တယ် ။ အာနေးစလော့ က သူ့ရဲ့ အရည်အသွေးကို ပထမဆုံး ရာသီမှာပဲ ကောင်းကောင်းကြီး သက်သေပြနိုင်ခဲ့သလို ပရီးမီးယားလိဂ် ဆုဖလားကြီးကိုလည်း ထိုက်ထိုက်တန်တန် သိမ်းပိုက်နိုင်ခဲ့တယ် ။
လီပါပူး အသင်း တာဝန်ရှိသူတွေ အနေနဲ့ အားနေးစလော့ ရဲ့ လုပ်ရည်ကိုင်ရည် နဲ့ အရည်အသွေးကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရတာကြောင့် ဒီနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံ ဆိုတဲ့ ဂုဏ်ပုဒ်ကို အကောင်းဆုံး ကာကွယ်နိုင်ဖို့ နဲ့ ပြည်တွင်းဖလားတွေအပြင် ဥရောပ ဆုဖလားတွေကိုပါ စိန်ခေါ်နိုင်ဖို့အတွက် ဒီအပြောင်းအရွှေ့ကာလမှာ အသင်းကို တော်တော်လေး ပြောင်းလဲပြင်ဆင်မှုတွေပြုလုပ်ခဲ့တယ် ။လီပါပူး အသင်းအနေနဲ့ ဒီအပြောင်းအရွှေ့ကာလမှာ စံချိန်တင် အသုံးစရိတ်တွေ ၊ စံချိန်တင် ပြောင်းရွှေ့ကြေးတွေနဲ့ကို ကောင်းလှပါတယ်ဆိုတဲ့ အရည်းအသွေးမြင့် ကစားသမားတွေပဲ ခေါ်ယူခဲ့တယ် ။ ကာကတ် ၊ ဖရင်ပေါင် ၊ အီကီတီကီ တို့လို အရည်အသွေးမြင့်ပြီး ဖြစ်ထွန်းလာနိုင်တဲ့ ကစားသမားတွေအပြင် ၊ ဂျာမနီ အသင်းရဲ့ တိုက်စစ်အသက်သွေးကြော ကစားသမားလို့ပြောရမယ့် ဖလိုရီယန်ဗက်စ် နဲ့ နယူကာဆယ် အသင်းရဲ့ ဂိုးသွင်းစက် အလက်ဇန်းနား အီဆက် နှစ်ယောက်လုံးကိုလည်း စံချိန်တင်ပြောင်းရွှေ့ကြေးတွေသုံးကာ အသင်းကို အကောင်းဆုံးတည်ဆောက်နိုင်ခဲ့တယ် ။ အပြောင်းအရွှေ့မှာ လီပါပူး အသင်းရဲ့ ကစားသမားခေါ်ယူမှုတွေက တော်တော်လေးကို အားကောင်းခဲ့ပေမယ့် ဗဟိုခံစစ် အတွက် မက်ဂူဟီ နဲ့ အပြောင်းအရွှေ့ပျက်ပြယ်သွားခဲ့ရတာက လီပါပူး အသင်းအတွက် သိပ်ကို နစ်နာဖို့ကောင်းပါတယ် ။ ပထမဆုံး ရာသီမှာတင် အကောင်းမွန်ဆုံး နဲ့ ကြောက်စရာအကောင်းဆုံး အသင်းတစ်သင်းအသွင်ဖြစ်အောင် လီပါပူး အသင်း ကို ဆက်လက်အသက်သွင်းနိုင်ခဲ့တဲ့ အာနေးစလော့ ကို ဒီလို အရည်အသွေးမြင့်ကစားသမားပေါင်းများစွာပေါင်းထည့်ပေးလိုက်တာက ဘယ်လောက်တောင် လီပါပူး အသင်း က ကြောက်စရာကောင်းသွားသလဲ ။ ရာသီအစပိုင်းမှာလည်း လီပါပူး အသင်း အနေနဲ့ နိုင်သင့်တဲ့ ပွဲတိုင်းကို နိုင်ခဲ့တယ် ။
ဒါပေမယ့် ဒီကစားသမားအသစ်တွေ နဲ့ လီပါပူး အသင်းက ရာနှုန်းပြည့် အံမဝင်သေးဘူး ၊ တစ်ခုခုလိုနေသေးတယ်ဆိုတာကြီးကတော့ ခံစားမိတယ် ။ ဒါပေမယ့် ဒီနောက်ပိုင်းမှာ လီပါပူး အသင်းအနေနဲ့ ဆက်တိုက်ကို ရလဒ်ပိုင်းတွေ ဆိုးဝါးလာခဲ့တယ် ။ ပရီးမီးယားလိဂ်မှာလည်း ခရစ္စတယ်ပဲလေ့စ် အသင်းကို ရှုံးနိမ့်ခဲ့သလို ချန်ပီယံ လိဂ်မှာလည်း ဂါလာတာစရေးကို အရှုံးပေးခဲ့ရတယ် ။ လီပါပူး အသင်းအနေနဲ့ အရှေ့ က အမှတ်ယူနိုင်ခဲ့တဲ့ ပွဲစဥ်တွေမှာလည်း ပွဲပြီးခါနီးအထိ အသည်းအသန် လိုက်ကစားနေရတာကို တွေ့မြင်ရတယ် ။ အခုချိန်ထိ အာနေးစလော့ ရဲ့ လီပါပူး အသင်းက မျှော်လင့်ထားသလောက်ဖြစ်မလာသေးပါဘူး ။ ကစားသမား အသစ်တွေ ပရီးမီးယားလိဂ် နဲ့ အသားကျလာမယ့် အချိန် ၊ အာနေးစလော့ရဲ့ ကစားကွက်နဲ့ တသားထဲ အသားကျသွားတဲ့ အချိန်ကို စောင့်ရပါဦးမယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။
#mmmedia
#liverpool
#arneslot
#coach
#premierleague
#jurgenklopp
LATEST NEWS
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)