ကလပ်အသင်းမှာ ရုန်းကန်နေရပေမယ့် နိုင်ငံအသင်းမှာတောက်ပပြနေတဲ့ Florian Wirtz
လီပါပူး အသင်း အနေနဲ့ ဒီရာသီမှာ အသင်းအတွက် ပြောင်းလဲပြင်ဆင်မှုပေါင်းများစွာကို ပြုလုပ်ခဲ့တယ် ။ အာနေးစလော့ အနေနဲ့ လီပါပူး အသင်းကို စစရောက်ရောက်ချင်းရာသီမှာ ယာဂန်ကလော့ အုတ်မြစ်ချသွားခဲ့တဲ့ SYSTEM အတိုင်း အသင်းကို ဆက်လက် ရွေ့လျားစေခဲ့ပြီး သူက အနည်းငယ်သာ ထိန်းကြောင်းကိုင်တွယ်ခဲ့ရတယ် ။ ဒါပေမယ့် ဒီရာသီမှာတော့ အာနေးစလော့ အနေနဲ့ သူသွားချင်နေတဲ့ ကစားပုံ ၊ ကစားကွက် အတိုင်း ပြောင်းလဲကိုင်တွယ်ခဲ့တယ် ။ ရာသီကြို အပြောင်းအရွှေ့ကာလမှာ ကလပ်စံချိန်တင် အသုံးစရိတ်သုံးကာ ကောင်းလှပါတယ်ဆိုတဲ့ အရည်အသွေးမြင့်ကစားသမားတွေကိုပဲ မြောက်များတဲ့ ပြောင်းရွှေ့ကြေးတွေ နဲ့ အရခေါ်ယူခဲ့တယ် ။ အဲ့ကစားသမားတွေထဲမှာ အီကီတီကီ ၊ ဗရော်ရီယန်ဗာ့စ် ၊ အလက်ဇမ်းနား အီဆက် တို့လို အရည်အသွေးမြင့်ပြီး ပြောင်းရွှေ့ကြေး အမြောက်အများ ပေးခဲ့ရတဲ့ကစားသမားတွေလည်းပါဝင်တယ် ။
မနှစ်ကဘောလုံးရာသီမှာ အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်ခဲ့တာကြောင့် လီပါပူး အသင်း အနေနဲ့ ဒီကစားသမား ၃ ယောက်ကို ငွေပုံပေးကာ ခေါ်ယူခဲ့ပေမယ့် အကောင်းမွန်ဆုံးခြေစွမ်းတွေကို ဒီရာသီအထိ ဆက်လက်ပြသနိုင်သေးတာဆိုလို့ အီကီတီကီ တစ်ယောက်ပဲရှိပါတယ် ။ ကျန်တဲ့ ကစားသမား နှစ်ယောက်ကတော့ ပုံမှန်ခြေစွမ်းမျိုးပြသနိုင်ဖို့အတွက် ရုန်းကန်နေရတာပဲဖြစ်ပါတဘ် ။ အလက်ဇမ်းနား အီဆက် လို ပရီးမီးယားလိဂ် နဲ့ ကောင်းကောင်းအသားကျပြီးသား ကစားသမား တစ်ယောက်တောင် ဒီရာသီ လီပါပူး အသင်း နဲ့ အံဝင်ဖို့အတွက် တော်တော်လေးကို ရုန်းကန်နေရတာပဲဖြစ်ပါတယ် ။ အဲ့ထဲမှာ ဖရော်ရီယန်ဝစ်ဇ် ကအဆိုးဆုံးပဲဖြစ်ပါတယ် ။ လွန်ခဲ့တဲ့ ဘောလုံးရာသီတွေက ဂျာမန်မြေမှာတောက်ပခဲ့တဲ့ ဖရော်ရီယန်ဝစ်ဇ် များဟုတ်ရဲ့လားလို့ မေးရလောက်အောင် ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေလျော့နည်းသွားတာကို အတိုင်းသားမြင်တွေ့ခဲ့ရတယ် ။ ဒါက မြောက်များတဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးကြောင့်လည်းဖြစ်နိုင်သလို ခက်ခဲကြမ်းတမ်းတဲ့ ပရီးမီးယားလိဂ် နဲ့ အသားမကျသေးတာကြောင့်လည်းပါဝင်တယ် ။
အဲ့တာတွေကြောင့် ဖရော်ရီယန်ဝစ်ဇ် အနေနဲ့ လီပါပူး အသင်းအတွက်ကောင်းကောင်းခြေစွမ်းမပြသနိုင်တာပဲဖြစ်ပါတယ် ။ ဒါပေမယ့် ဖရော်ရီယန်ဝစ်ဇ် အနေနဲ့ တခြားတစ်ဖက်ခြမ်း ဂျာမနီ လက်ရွေးစင် အသင်းမှာတော့ သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်သေးတာပဲဖြစ်ပါတယ် ။ ဟိုနေ့က ဂျာမနီ အသင်း ရဲ့ ပွဲစဥ်မှာ ဖရော်ရီယန်ဝစ်ဇ် အနေနဲ့ သူရဲ့ ပုံစံအတိုင်း မှော်ဆန်တဲ့ ဂိုဖန်တီးမှုတွေနဲ့ အတူ အကောင်းမွန်ဆုံးခြေစွမ်းတွေကိုပြသနိုင်ခဲ့တာပဲဖြစ်ပါတယ် ။ ဖရော်ရီယန်ဝစ်ဇ် အနေနဲ့ ဖိအားတွေကြောင့် လီပါပူး အသင်းမှာ သူ့ရဲ့ အကောင်းဆုံးခြေစွမ်းကို မပြသနိုင်ခဲ့ပေမယ့် နိုင်ငံအသင်းမှာတော့ အကောင်းမွန်ဆုံးခြေစွမ်းတွေကိုပြသနိုင်ခဲ့တာပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။
#mmmedia
#liverpool
#arneslot
#florianwirtz
#midfielder
#premierleague
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)