မှန်းချက်နဲ့ နှမ်းထွက် မကိုက်သေးတဲ့ ဂျရမီ ဖရင်ပေါင်
လက်ရှိပရီးမီးယားလိဂ် ချန်ပီယံ လီပါပူး အသင်းက ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလတုန်းက ဝမ်းနည်းပူဆွေးစရာကောင်းတဲ့ ဖြစ်ရပ်တော်တော်များများ နဲ့ ကြုံတွေခဲ့ရတယ် ။ အသင်း ရဲ့ တိုက်စစ်အတွက် ဘယ်ချိန်ပဲဖြစ်ဖြစ် အမြဲလိုလို အဆင်သင့်ဖြစ်နေပြီး ဒုက္ခနဲ့ ရင်ဆိုင်နေရတိုင်း အမြဲလိုလိုဖြေရှင်းပေးတဲ့ ဒီယေဂို ဂျိုတာလို ကစားသမားကို ဝမ်းနည်းစရာကောင်းအောင် ဆုံးရှုံးလိုက်ရသလို ၊ အသင်းရဲ့ ထောက်တိုင်ကစားသမားတွေထဲကတစ်ယောက်လည်းဖြစ် ၊ အသင်းရဲ့ ငယ်မွေးခြံပေါက်ကစားသမားလည်းဖြစ်တဲ့ ထရန့် အလက်ဇန်းနား အားနိုးကလည်း အသင်းနဲ့ အတူ စာချုပ်သစ်တစ်ရပ်ချုပ်ဆိုဖို့အတွက် ငြင်းပယ်ခဲ့ပြီး ရီးရဲလ်မက်ဒရစ် အသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ် ။
လီပါပူး အသင်းတာဝန်ရှိသူတွေက ညာနောက်ခံ နေရာအတွက် သူတို့သိပ်ကိုအားထားရတဲ့ အားနိုး အသင်းကနေထွက်ခွာသွားပြီး ကော်နာဘက်ကလေ တစ်ယောက်သာကျန်ရှိတော့တာကြောင့် အပြောင်းအရွှေ့စတင်ဖွင့်လှစ်တဲ့ အချိန်ကတည်းက လေဘာကူဆင် အသင်းနဲ့ အတူ အမြင့်ဆုံးကို ပျံသန်းခဲ့ပြီး အကောင်းမွန်ဆုံးခြေစွမ်းတွေကို ပြသနိုင်ခဲ့တဲ့ လူငယ်ကစားသမားလေး ဂျရမီ ဖရင်ပေါင်ကို အရခေါ်ယူခဲ့တယ် ။ ဂျရမီ ဖရင်ပေါင် ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် သူတို့ရဲ့ အကယ်ဒမီထွက်ကစားသမားလေး အလတ်ဇန်းနားအားနိုး နေရာအတွက် အပြည့်အဝမဟုတ်တောင် တစ်စိတ်တစ်ပိုင်းလောက် ဖြည့်တင်းနိုင်လိမ့်မယ်လို့မျှော်လင့်ထားခဲ့ကြတယ် ။ ကော်နာဘက်ကလေ ရဲ့ ခြေစွမ်းကလည်း တစ်နေ့ရွှေ ၊ တစ်နေ့ငွေဖြစ်နေပြီး ဘားမှအများကြီး မျှော်လင့်ထားတဲ့လိုမရတဲ့ ကစားသမားတစ်ယောက်ဖြစ်တာကြောင့် လီပါပူး အသင်းပရိတ်သတ်တွေရဲ့ မျှော်လင့်ချက်တွေအားလုံးက ဖရင်ပေါင်ဆီကို ကျရောက်သွားခဲ့တယ် ။ မျှော်လင့်ချက် ကြီးကြီးမားမား ထားခြင်းကိုခံနေရတဲ့ ဖရင်ပေါင် အနေနဲ့ လီဘာကူဆင် အသင်းမှာ ပြသခဲ့တဲ့ ခြေစွမ်းမျိုးတွေကို ပြန်လည်ရရှိဖို့နဲ့ ၊ အာနေးစလော့ရဲ့ SYSTEAM ကို နားလည်ဖို့ ၊ ပရီးမီးယားလိဂ် နဲ့ အသားကျဖို့အတွက် အချိန်တစ်ခုတော့လိုအပ်ပါသေးတယ် ။ ဒီကြားထဲ ဖရင်ပေါင် အနေနဲ့ မကြာခဏဆိုသလို ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့နေရပြီး လွဲချော်တဲ့ပွဲတွေလည်းတော်တော်လေးကို များပြားနေပါပြီ ။ အခုဆိုလည်း ဂျရမီ ဖရင်ပေါင် ဟာ ဒဏ်ရာပြသနာကြောင့် ၆ ပတ်အထိ အနားယူရတော့မှာ ဖြစ်ပါတယ် ။
ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွေ့ကမှ အသင်းထံရောက် ရှိလာတဲ့ ဖရင်ပေါင် ဟာ အသင်းနဲ့ အတူခြေစွမ်းပြသဖို့ ရုန်းကန်နေရတဲ့ကြားက ဒဏ်ရာပြဿနာ ထပ်မံရရှိခဲ့တာပါ ။အခုဆို လီဗာပူး အသင်းရဲ့နောက်တန်း မှာ ဒဏ်ရာပြဿနာတွေကြောင့် ရွေးချယ်စရာ ကစားသမား နည်းပါးနေပြီဖြစ်ပြီး ပွဲတွေလဲဆက်တိုက်ကစားရမှာကြောင့် ခက်ခဲတဲ့ အနေအထားပါပဲ ။ ဖရောင်ပေါင် တစ်ယောက် အာနိုးနဲ့ နေရာကို တစ်စိတ်တစ်ပိုင်းလောက်တော့ ဖြည့်ဆည်းပေးနိုင်မယ် မျှော်လင့်ခဲ့ကြပေမယ့် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ပါဘူး ။ ဒီပြသာနာတွေကို အာနေးစလော့ ဖြေရှင်းဖို့လိုအပ်ပါတယ် ။ ရှုံးပွဲတွေဆက်နေတဲ့ အာနေးစလော့အတွက်တော့ ဖရင်ပေါင် ရဲ့ ဒဏ်ရာပြဿနာ က ပိုမိုလုပ်ရကိုင်ရခက်ခဲသွားစေခဲ့ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ် ။
#mmmedia
#liverpool
#jeremiefrimpong
#rightback
#premierleague
#football
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)