အာနေးစလော့ကို လက်လျော့လိုက်သင့်ပြီလား ?
မနှစ်ကဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့တဲ့ လီပါပူး အသင်း က ဒီနှစ်ဘောလုံးရာသီမှာ တော်တော်လေး ပျက်စီးသွားခဲ့တာကိုတွေ့မြင်ရတယ် ။ အာနေးစလော့ အနေနဲ့ သူသွားချင်နေတဲ့ System ထဲကို ကစားသမားတွေ အံဝင်အောင် မပြုလုပ်နိုင်သေးပါဘူး ။ အပြောင်းအရွှေ့ကာလတုန်းက လီပါပူး အသင်းရဲ့ အပြောင်းအရွှေ့လှုပ်ရှားပုံက ကြောက်စရာကောင်းခဲ့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ လီပါပူး အသင်းရဲ့ ကစားသမား ခေါ်ယူမှု ၊ ရောင်းချမှုတွေမှာ လိုအပ်ချက်ရှိခဲ့တာတွေကို တွေ့မြင်ရသလို ၊ အာနေးစလော့ ရဲ့ ဘာလုပ်ချင်လို့လုပ်ချင်မှန်းမသိတဲ့ ကစားပုံ ၊ ကစားကွက် တွေကိုလည်းမြင်တွေ့ခဲ့ရတယ် ။ လီပါပူး အသင်းကို ဘောလုံးရာသီမစခင် က ဘောလုံးပရိတ်သတ်တော်တော်များများ က ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်ဖို့ နဲ့ ဥရောပ ဖလားတွေကို သိမ်းပိုက်နိုင်ဖို့အတွက် မျှော်လင့်ချက် ကြီးကြီးမားမား ထားခဲ့ပေမယ့် ဘောလုံးရာသီ စတင်တဲ့ အချိန်မှာတော့ လီပါပူး အသင်းရဲ့ အကျပိုင်းအချိန်တွေကိုသာ မြင်တွေ့နေရတာပဲဖြစ်ပါတယ်။
အာနေးစလော့ အနေနဲ့ ဒီလို အင်အားအတောင့်တင်းဆုံး လူစာရင်းတစ်ခုနဲ့တောင် ပရီးမီးယားလိဂ် ၁၂ ပွဲကစားပြီးချိန် ၆ပွဲအထိ ရှုံးနိမ့်ထားတာပဲဖြစ်ပါတယ် ။ အခြားပရီးမီးယားလိဂ် အသင်းတွေလည်း အနည်းနဲ့အများရုန်းကန်နေရပေမယ့် အာနေးစလော့ရဲ့ လီပါပူး အသင်းက အခြေအနေပိုဆိုးနေတာပဲဖြစ်ပါတယ် ။ ယာဂန် ကလော့ အုတ်မြစ်ချခဲ့တဲ့ System နဲ့ မနှစ်ကဘောလုံးရာသီမှာ အကောင်းဆုံးခြေစွမ်းပြခဲ့ပေမယ့် အာနေးစလော့ ရဲ့ System ပြောင်းလဲလိုက်ချိန်မှာတော့ အတော်လေးရုန်းကန်နေရတာပဲဖြစ်ပါတယ် ။ လီပါပူး ဆိုတဲ့ အသင်းက Pressing game ကို ကောင်းကောင်းကြီး ကစားတက်တဲ့ အသင်းတစ်သင်းဖြစ်တာကြောင့် အသင်း ရဲ့ တိုက်စစ် နဲ့ ကွင်းလယ်ကစားသမားတွေက ဘောလုံး ပြိုင်ဘက်အသင်းဆီ ရောက်နေတဲ့ အချိန်ဆိုရင် တော်တော်လေးကို အလုပ်လုပ်ရတယ် ။ ဒါပေမယ့် အာနေးစလော့ ဒီရာသီ ခေါ်ယူထားတဲ့ အီကီတီကီ ၊ အီဆက် ၊ ဖယော်ရီယန်ဝေ့စ် တို့က pressing ကောင်းကောင်းလုပ်ပေးနိုင်တဲ့ ကစားသမားတွေမဟုတ်ပါဘူး ။
အပြောင်းအရွှေ့ဈေးကွက်မှာ လီပါပူး အသင်း လက်လွှတ်လိုက်ရတဲ့ လူးဝစ် ဒီးယက် ၊ ဒါဝင် နူးနပ် ၊ ဒီယေဂို ဂျိုတာ စတဲ့ ကစားသမားတွေက ယာဂန်ကလော့ လက်ထက်ထဲက pressing game ကို ကောင်းကောင်းကြီးဆော့ပြခဲ့တဲ့ ကစားသမားတွေဖြစ်တာကြောင့် မနှစ်ကဘောလုံးရာသီမှာ အာနေးစလော့တစ်ယောက် ကလော့ ချခဲ့တဲ့ အုတ်မြစ် နဲ့ ယာဂန် ကလော့ ရဲ့ SYSTEM နဲ့ ကောင်းကောင်းကြီး အလုပ်ဖြစ်ခဲ့တာပါ ။ ဒီနှစ်ဘောလုံးရာသီ အာနေးစလော့ က သူ့ခြေ သူ့လက် ၊ သူ့ SYSTEM နဲ့ အသင်းကို ပြောင်းလဲ ကိုင်တွယ်တဲ့ အချိန်မှာ တော်တော်လေးကို ရုန်းကန်နေရတာပဲဖြစ်ပါတယ် ။ နောက်ပြီး တဖြည်းဖြည်း နဲ့ လီပါပူး အသင်းအနေနဲ့ ပရီးမီးယားလိဂ် ဖလားစိန်ခေါ်နိုင်တဲ့ အသင်းတွေထဲကနေ တဖြည်းဖြည်း နဲ့ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ် ။ လီပါပူး အသင်း အနေနဲ့ အခြေအနေတွေပုံမှန်ပြန်ဖြစ်အောင် အာနေးစလော့ကို လက်လွှတ်လိုက်သင့်ပြီလား ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကော့မန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး ။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူအများကြီး တင်ရှိပါတယ် ။
#mmmedia
#liverpool
#jurgenklopp
#coach
#premierleague
#champions
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)