ဆာလတ် နေရာအတွက် အစားထိုးကစားသမား မခေါ်ယူခဲ့တာက လီပါပူး အသင်းအတွက် ပြဿနာ ဖြစ်လာမလား ?
ဒီနှစ်ဘောလုံးရာသီမစခင် အပြောင်းအရွှေ့ကာလတုန်းက ပရီးမီးယားလိဂ် အသင်းတော်တော်များများ က ကစားသမား ခေါ်ယူမှု အပိုင်းတွေမှာ အရင်နှစ်ဘောလုံးရာသီတွေထက် ပိုမိုပြုလုပ်လာခဲ့သလို ၊ ပိုပြီးတော့ ငွေသုံးကြမ်းလာတာကိုလည်း တွေ့မြင်ရတယ် ။ အဲ့ထဲမှာ ငွေသုံးအကြမ်းဆုံး နဲ့ ကစားသမားခေါ်ယူမှု အများဆုံးလို ပြောရမယ့်အသင်းက လီပါပူး အသင်းပဲ ။ လီပါပူး အသင်းတာဝန်ရှိသူတွေအနေနဲ့ သူတို့အသင်းရဲ့ ပဲ့ကိုင်ရှင် လို့ဆိုရမယ့် နည်းပြကြီး ယာဂန်ကလော့စ် အသင်းကထွက်ခွာသွားပြီးတဲ့နောက် အသင်းက အခြေအနေတစ်ခုအဖြစ်ပြောင်းလဲသွားမလားလို့ စိုးရိမ်ပူပန်မှုတွေရှိခဲ့ပေမယ့် နည်းပြအသစ် အာနေးစလော့ အနေနဲ့ သူ့ရဲ့ ပထမဆုံးဘောလုံးရာသီမှာလည်း ခက်ခဲပါတယ်ဆိုတဲ့ ပရီးမီးယားလိဂ် ဖလားကြီးကို ထိုက်ထိုက်တန်တန် သိမ်းပိုက်ပြခဲ့တယ် ။ အဲ့တာကြောင့် လီပါပူး အသင်းတာဝန်ရှိသူတွေအနေနဲ့ ပြည်တွင်းဖလားတွေအပြင် ၊ ဥရောပ ဆုဖလားတွေကိုပါ သိမ်းပိုက်နိုင်ဖို့အတွက် ဒီအပြောင်းအရွှေ့ကာလမှာ စံချိန်တင် အသုံးစရိတ်သုံးကာ အရည်အသွေးမြင့်ကစားသမားကောင်းပေါင်းများစွာကိုအာနေးစလော့ ရဲ့ လက်ထဲကို ပစ်ထည့်ပေးလိုက်တယ် ။
လီပါပူး အသင်း ရဲ့ အပြောင်းအရွှေ့းဈေးကွက် လှုပ်ရှားပုံက အပြစ်ပြောစရာ မရှိပေမယ့် မေးခွန်းထုတ်စရာ ကိစ္စတွေတော့ အနည်း နဲ့ အများရှိနေပါသေးတယ် ။ ပရိတ်သတ်တော်တော်များများ က လီပါပူး အသင်း ခေါ်ယူခဲ့တဲ့ ကစားသမားတွေကိုပဲ ကြည့်နေပြီး လီပါပူး အသင်း ကနေ ထွက်ခွာသွားတဲ့ ကစားသမားတွေကိုတော့ မေ့လျော့နေခဲ့တယ် ။ လီပါပူး အသင်းတာဝန်ရှိသူတွေ အနေနဲ့ အစောကြီးကတည်း က ရာနှုန်းပြည့် ကျစ်လစ်မာကျောမှု မရှိသေးတဲ့ ဗဟိုခံစစ်နေရာမှာ လူငယ် ကစားသမား ကွမ်တာ ကို လီဘာကူဆင် အသင်းထံ ရောင်းချလိုက်ပေမယ့် ဗဟို ခံစစ်မှု တစ်ဦးမရမက ခေါ်ယူဖို့အတွက် တော့ ပျက်ကွက်ခဲ့ကြတယ် ။ ပြီးတော့ တိုက်စစ်အတွက် သိပ်ကို အားကိုးအားထား ပြုရတဲ့ ဂိုးသွင်းမုဆိုး မိုဟာမက် ဆာလာ က အသင်အရွယ် တစ်ခုကို ရောက်ရှိနေတာ သိသိကြီးနဲ့ သူ့နေရာအတွက် ကစားသမား အသစ်တစ်ဦးမခေါ်ယူပေးခဲ့ဘူး ။ ဒီအပိုင်းမှာတော့ မေးခွန်းထုပ်စရာကိစ္စတွေပေါ်လာပြီ ။ အမြဲလိုလို အသင်းအတွက် ပေးဆပ်ချင်စိတ်ရှိတဲ့ ဒီယိုကို ဂျိုတာ ကိုလည်း နှမြောစရာကောင်းလောက်အောင် ဆုံးရှုံးခဲ့ရတဲ့ အပြင် တိုက်စစ်မှာ တိုးအားရုန်းအား ကောင်းတဲ့ ဒီးယက်ကိုလည်း ရောင်းချခဲ့တယ် ။
အဲ့နေရာအတွက် တောင်ပံ ကစားသမား စစ်စစ် တွေကို အားဖြည့်ဖို့ ပျက်ကွက်ခဲ့တယ်။ အဓိက ပြဿနာ ကတော့ မိုဆာလာ ပဲ ။ ခံစစ် ကနေ ကူညီပေးမယ့် ကစားသမားကလည်း အရင်လို အလတ်ဇန်းနား အားနိုးမဟုတ်တော့ပဲ ကစားသမား အသစ် ဖရင်ပေါင် နဲ့ ဘက်ကလေ တို့ဖြစ်တာကြောင့် လုံလောက်တဲ့ ထောက်ပံ့မှုတွေကို ဆာလာ တစ်ယောက် မရရှိနေတာကတစ်ကြောင်း ၊ အသက်အရွယ် တစ်ခုကို ရောက်ရှိလာတော့ အရင်လို ခြေစွမ်းပြဖို့ ရုန်းကန်နေရတာက တစ်ကြောင်း ဒီလို အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေဖြစ်နေတဲ့ အချိန် ဆာလာ နေရာကို အစားထိုး ဝင်ရောက်ကစားနိုင်မယ့် ကစားသမား က ရှိမနေပါဘူး ။ လီပါပူး အသင်းအတွက် ဆာလာ နေရာအတွက် ကစားသမား တစ်ဦးမခေါ်ယူပေးခဲ့တာက ပြဿနာ တစ်ခုဖြစ်နေမလား ?။ ။ ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#liverpool
#mohamedsalah
#rightwinger
#premierleague
#football
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)