ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာအတွက် ခံစစ်ကိုပြင်ဆင်ဖို့လိုအပ်နေတဲ့ လီပါပူးအသင်း
ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာအတွက် ခံစစ်ကိုပြင်ဆင်ဖို့လိုအပ်နေတဲ့ လီပါပူးအသင်း
အာနေးစလော့ ရဲ့ လီပါပူး အသင်းက မနှစ်ကဘောလုံးရာသီတုန်းကဆိုရင် အကောင်းဆုံး ကစားပုံတွေနဲ့အတူ ပရီးမီးယားလိဂ် ဖလားကြီးကို ထိုက်ထိုက်တန်တန် သိမ်းပိုက်ခဲ့တယ် ။ အဲ့တာအပြင် ဒီနှစ်အပြောင်းအရွှေ့ရာသီတုန်းကဆိုရင်လည်း ကလပ်စံချိန်တင် အသုံးစရိတ်ကို သုံးကာ ကြမ်းပေ့ ၊ ရမ်းပေ့ဆိုတဲ့ အရည်အသွေးမြင့်ကစားသမားတွေအပြင် ၊ ပရီးမီးယားလိဂ်မှာ ကောင်းကောင်းအသားကျပြီးသား အီဆက် ၊ ကာကတ် တို့လို ကစားသမားတွေကိုပါ အရခေါ်ယူနိုင်ခဲ့တယ် ။ အဲ့လို ကစားသမားဖြည့်တင်းမှုတွေကြောင့် အခုနှစ်ဘောလုံးရာသီမှာလည်း အာနေးစလော့ ရဲ့ လီပါပူး အသင်းက ပရီးမီးယားလိဂ် ချန်ပီယံ ဆိုတဲ့ ဂုဏ်ပုဒ် ကို ကောင်းကောင်းကာကွယ်နိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် လက်တွေ့မှာတော့ မှန်းချက် နဲ့ နှမ်းထွက် မကိုက်ခဲ့တာပဲဖြစ်ပါတယ် ။
လီပါပူး အသင်း အနေနဲ့ အများမျှော်လင့်ထားသလို ပရီးမီးယားလိဂ် ဖလားကို နောက်တစ်ကြိမ် ဆွတ်ခူးနိုင်ဖို့နေနေသာသာ ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာ ရရှိဖို့တောင် အတော်လေး ရုန်းကန်နေရမအုံးမှာပဲဖြစ်ပါတယ် ။ ဒီနှစ် လီပါပူး အသင်း အဆင်မပြေဖြစ်နေရတဲ့ အဓိက အကြောင်းအရင်း ခံစစ်တန်း ရဲ့ လိုအပ်ချက်တွေကြောင့် အများကြီး သက်ဆိုင်တယ် ။ အာနိုး ကို လက်လွှတ်ပြီး အားနိုးရဲ့ နေရာအတွက် အကောင်းဆုံးဖြည့်တင်းမှု ပြုလုပ်ခဲ့တဲ့ ဖရင်ပေါင် အနေနဲ့ကလည်း ပရီးမီးယားလိဂ် နဲ့ အသားကျဖို့ ရုန်းကန်နေရတဲ့ ကြားကနေ ဒဏ်ရာပြဿနာ တွေလည်း မကြာခန ဆိုသလို ကြုံတွေ့ နေရာတာပဲဖြစ်ပါတယ် ။ အဲ့တာအပြင် အသက်အရွယ်ပိုင်း အရ အကျပိုင်းကို ရောက်ရှိလာတဲ့ ရော်ဘင်ဆန် ရဲ့ နေရာအတွက်လည်း မီလို ကာကတ် ကလည်း ပရီးမီးယားလိဂ် နဲ့ အသားကျပြီးသား ကစားသမားဖြစ်ပေမယ့် အခုချိန်ထိ သူရဲ့ ခြေစွမ်းအမှန်ကို ပြန်လည်ရရှိဖို့တော့ ရုန်းကန်နေရတာပဲဖြစ်ပါတယ် ။ အသင်းရဲ့ ခံစစ် ကို ဦးဆောင်တဲ့ ဗန်ဒိုက် အနေနဲ့ကလည်း ဒီနှစ်မှာ သိသိသာသာ အကျပိုင်းကို ရောက်ရှိသွားခဲ့တာကြောင့် လီပါပူး အသင်းရဲ့ ခံစစ် က တော်တော်လေးကို တိုင်ပတ်နေခဲ့တာပဲဖြစ်ပါတယ်။ ပွဲစဥ် 23 ပွဲကစားပြီးတဲ့ အချိန်မှာ သွင်းဂိုစး 32 ဂိုးအထိ ခွင့်ပြုထားရပြီး တစ်ဦးချင်း အမှားတွေလည်း တော်တော်လေးကို များပြားနေခဲ့တာပဲဖြစ်ပါတယ် ။
အခု ပရီးမီးယားလိဂ် အဆင့် 6 နေရာမှာ ရပ်တည်နေတယ်ဆိုပေမယ့် အောက်ကအသင်းတွေနဲ့က အမှတ်တော်တော်လေး နီးစပ်နေပါတယ် ။ နောက်ထပ် အမှားတွေ ကျူးလွန်မိတာ နဲ့ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ပိုမိုခက်ခဲလာနိုင်ပါတယ် ။ အဲ့တာကြောင့် အာနေးစလော့ အနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာကို အပိုင်စားလိုချင်တယ်ဆိုရင် ခံစစ် တန်းကို အဓိက ပြုပြင်ဖို့လိုအပ်နေတာပဲဖြစ်ပါတယ်။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။
#mmmedia
#liverpool
#premierleague
#football
#champions
#arneslot
#coach
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)