ဆာလာ ရဲ့ နေရာကို ဆာမန်ညို နဲ့အစားထိုးဖို့အတွက် စီစဥ်နေတဲ့ လီပါပူးအသင်း
လီပါပူး အသင်း တာဝန်ရှိသူတွေအနေနဲ့ အခုချိန်အထိ အာနေးစလော့ ရဲ့ အနားဂတ်အပေါ် ဘာမေးခွန်းမှထုပ်စရာမရှိပဲ အပြည့်အဝ ထောက်ခံမှုပေးသွားမဲ့ကြောင်းပြောကြားခဲ့တယ် ။ ဒီလိုပြောကြားခဲ့တာကြောင့် ဆာလာ ရဲ့ အနာဂတ်က လီပါပူး အသင်းကနေ ထွက်ခွာသွားဖို့အတွက် သေချာသလောက်ရှိသွားတယ် ။ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ အသင်းကထွက်ခွာသွားမလား ၊ နောက်နွေရာသီ အပြောင်းအရွှေ့ကာလမှ အသင်းကထွက်ခွာသွားမလားဆိုတာတော့ စောင့်ကြည့်ရဦးမှာပဲ ။ ဒီလို လီပါပူး အသင်းနဲ့ ဆာလာ ရဲ့ အခြေအနေတွေကို ဆော်ဒီကလပ် အသင်းတစ်သင်းဖြစ်တဲ့ အာဟီလာ အသင်းက စောင့်ကြည့်နေပါတယ် ။ ဆော်ဒီကလပ် အသင်းတစ်သင်းဖြစ်တဲ့ အာဟီလာ အသင်းက ဆာလာ အတွက် ဒီဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်မှာပဲ ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးတစ်ရပ် နဲ့ ကမ်းလှမ်းသွားနိုင်ပါတယ် ။ ဆာလာ အနေနဲ့လည်း အာဟီလာ အသင်းမှာ သူ့ရဲ့ အသင်းဖော်ဟောင်း ဒါဝင်နူးနပ် လဲ ကစားနေသလို ၊ ဆာလာ က တစ်ချိန်ချိန်မှာ ဆော်ဒီလိဂ်မှာ သွားကစားဖို့ ဆန္ဒရှိကြောင်းပြောခဲ့ဖူးတာကြောင့် ဒီအပြောင်းအရွှေ့က အနှေး နဲ့ အမြန် ဖြစ်သွားနိုင်ပါတယ် ။
တစ်ခြားတစ်ဖက်ခြမ်းမှာလည်း လီပါပူး အသင်း တာဝန်ရှိသူတွေအနေနဲ့ ဆာလာ သာ အကယ်လို့ ဒီဇင်ဘာအပြောင်းအရွှေ့ကာလမှာ အသင်းကထွက်ခွာသွားပါက ပြန်လည်ခေါ်ယူဖို့အတွက် စောင့်ကြည့်နေတဲ့ ကစားသမားတွေ အများကြီးပါ ။ ဒါပေမယ့် အဲထဲမှာ လီပါပူး အသင်းတာဝန်ရှိသူတွေ သဘောအကျဆုံး ကစားသမားကတော့ ဘုန်းမောက် အသင်းရဲ့ တိုက်စစ်နေရာအစုံမှာကစားနိုင်တဲ့ ဆာမန်ညိုပဲဖြစ်ပါတယ် ။ ဒီဆောင်းရာသီဈေးကွက်မှာ ဆာမန်ညို ကို ပြောင်းရွှေ့ကြေးညှိနှိုင်းနေစရာမလိုပဲ ခေါ်ယူချင်ပါက စာချုပ်ဖြတ်သိမ်းကြေး ၆၅ သန်း နဲ့ ခေါ်ယူနိုင်ပါတယ် ။ လီပါပူး အသင်းတာဝန်ရှိသူတွေက ဆာမန်ညို ကို တော်တော်လေးသဘောကျနေတာပဲဖြစ်ပါတယ် ။ ဆာမန်ညိုကလည်း သဘောကျချင်စရာ အချက်တွေနဲ့ပြည့်စုံနေတယ် ။ ဆာမန်ညိုက အခုလက်ရှိပြသနေတဲ့ ခြေစွမ်းနဲ့ဆိုရင် လီပါပူး အသင်း မိုဆာလာ ရဲ့ နေရာမှာ ကောင်းကောင်းကြီး ဝင်ရောက်ကစားနိုင်သလို တိုက်စစ်ရဲ့ နေရာအစုံမှာ အကောင်းဆုံးကစားနိုင်တဲ့ စွယ်စုံရ ကစားသမားတစ်ဦးဖြစ်နေတာကတစ်ကြောင်း ၊ ကစားသမားတစ်ဦးကို ခေါ်ယူဖို့အတွက် ကလပ်အသင်းနှစ်သင်းကြား ခက်ခက်ခဲခဲ ပြောင်းရွှေ့ကြေး ကိစ္စတွေကို ညှိနှိုင်းပေးနေစရာမလိုပဲ စာချုပ်ဖြတ်သိမ်းကြေး ယူရို ၆၅ သန်းပေးလိုက်တာ နဲ့ ခေါ်ယူလို့ရတယ်ဆိုတဲ့ အချက်တွေကြောင့် လီပါပူး အသင်း တာဝန်ရှိသူတွေက ဆာမန်ညိုကို သဘောကျကြတာပဲဖြစ်ပါတယ် ။ အပြောင်းအရွှေ့တွေက ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။
#mmmedia
#liverpool
#salah
#antoinesemenyo
#arneslot
#premierleague
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)