အခွင့်အရေးကို အကောင်းဆုံးအသုံးချခဲ့တဲ့ လီပါပူး အသင်း
ဒီနှစ်ဘောလုံးရာသီ ရာသီဝက်လောက်ကစပြီး ပရီးမီးယားလိဂ် အသင်းတော်တော်များများက ပုံမှန်ခြေစွမ်းတွေ ပြန်လည်ရရှိခဲ့ကြပြီး နိုင်ပွဲတွေလည်း ဆက်လာခဲ့ကြတယ် ။အဲ့တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်တိုက်ပွဲက တော်တော်လေးကို ကြည့်ကောင်းတဲ့ အနေအထားကိုရောက်နေတယ် ။ အသင်းတစ်သင်းနဲ့ တစ်သင်းက ရမှတ်ကွာဟတာမျိုးသိပ်မဖြစ်ပဲ တစ်သင်းက အမှားလုပ်မိတာနဲ့ နောက်တစ်သင်းက ကျော်တက်သွားမယ့် အနေအထားကို ရောက်ရှိနေတာပါ ။ ရာသီကုန်ဖို့ 3ပုံ 1 ပုံလောက်ကျန်သေးပေမယ့် အခုချိန်ကတည်းက ချန်ပီယံလိဂ် ဝင်ခွင့်နေရာတိုက်ပွဲကြီးက ကြည့်ကောင်းနေပြီပဲဖြစ်ပါတယ် ။ နောက်နှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ကနေ ချန်ပီယံလိဂ်ဝင်ခွင့် 5 နေရာ ရရှိမှာဖြစ်နိုင်တာကြောင့် အာတီတာ ရဲ့ အာဆင်နယ် နဲ့ ပက်ရဲ့ မန်စီးတီး အတွက် 2 နေရာကတော့ အပိုင်စားပေးရမှာပါ ။
အက်စတွန်ဗီလာ အသင်းက နောက်ပိုင်းမှာ တဖြည်းဖြည်း ပုံစံကောင်းပြဖို့ ရုန်းကန်နေရသလို ရာသီဝက်မှ နည်းပြအသစ်တွေ ခန့်အပ်လိုက်တဲ့ မန်ချက်စတာယူနိုက်တက် အသင်း နဲ့ ချယ်ဆီး အသင်းကတော့ နောက်ပိုင်းမှာတော်တော်လေးကို နိုင်ပွဲတွေဆက်နေခဲ့တယ် ။ အဲ့တာကြောင့် နောက်ထပ်ကျန်ရှိတဲ့ ချန်ပီယံလိဂ် ဝင်ခွင့် 3 နေရာအတွက်ကတော့ အက်စတွန်ဗီလာ ၊ မန်ချက်စတာယူနိုက်တက် ၊ ချယ်ဆီး ၊ လီပါပူး စတဲ့ အသင်းတွေက ယှဥ်ပြိုင်ရတော့မှာပဲဖြစ်ပါတယ် ။ချယ်ဆီး နဲ့ မန်ချက်စတာယူနိုက်တက် တို့ရဲ့ ရာသီဝက် နည်းပြအသစ်နှစ်ယောက် က နိုင်ပွဲဆက်နေမှုကို 4 ပွဲနဲ့သာရပ်တန့်ခဲ့ရတယ် ။ ရာသီကုန်ဖို့ 3ပုံ 1 ပုံသာကျန်တော့တာကြောင့် တန်းဆင်းဇုန် က အသင်းတွေရဲ့ ရုန်းအားတွေက ဒီအချိန်မှာ အသင်းကြီးတွေကို ဒုက္ခပေးတက်တာ ပုံမှန်ပါတယ် ။ ချယ်ဆီး နဲ့ မန်ချက်စတာယူနိုက်တက် အသင်းတွေက တန်းဆင်းဇုန် က အသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် နိုင်ပွဲရအောင်တော့မစွမ်းဆောင်နိုင်ခဲ့ပဲ နှစ်သင်းလုံး က ရမှတ်တွေခွဲဝေပေးခဲ့ရတာပဲဖြစ်ပါတယ် ။ အဲ့အချိန်မှာ လီပါပူး အသင်းကတော့ ဒီနှစ်ဘောလုံးရာသီ အိမ်ကွင်းရှုံးပွဲလုံးဝမရှိသေးတဲ့ ဆန်းဒါးလန်း အသင်းကို သူတို့အရမ်းအားကောင်းပါတယ်ဆိုတဲ့ အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ရတယ် ။
အဲ့ပွဲစဥ်ကလည်း လီပါပူး အသင်းအတွက် ထင်ထားတာထက် ပိုမိုခက်ခဲခဲ့ပါတယ် ။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဆန်းဒါးလန်း အသင်းရဲ့ အိမ်ကွင်းရှုံးပွဲမရှိတဲ့ စံချိန်ကိုလည်း ချေဖျက်နိုင်ခဲ့သလို ချန်ပီယံလိဂ် ဝင်ခွင့်နေရာအတွက်လည်း အပေါ်က အသင်းတွေနဲ့ အမှတ်တော်တော်လေးကပ်နိုင်ခဲ့တယ် ။ အဓိက ပြိုင်ဘက်အသင်းနှစ်သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ချယ်ဆီး အသင်းတို့ အမှတ်ဆုံးရှုံးနေတဲ့ အချိန် လီပါပူး အသင်းအနေနဲ့ ရလာတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချနိုင်ခဲ့ပြီဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ် ။
#mmmedia
#liverpool
#sunderland
#premierleague
#championsleague
#football
LATEST NEWS
Top 5 Football Clubs with the Highest Average Matchday Revenue in the 21st Century
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )