ဖိုဒန် ရဲ့ ခြေစွမ်းတွေကြောင့် အရင်ထက် လုပ်ရကိုင်ရ ပိုမိုလွယ်ကူလာတဲ့ ဟာလန်း
မနှစ်ကဘောလုံးရာသီမှာ မန်စီးတီး အသင်းရဲ့ မရှိမဖြစ် ထောက်တိုင် ကစားသမားတော်တော်များများက ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့အပြင် အသက်အရွယ် တစ်ခုကို ရောက်ရှိနေပြီဖြစ်တာကြောင့် စွမ်းဆောင်ရည်ပိုင်း သိသိသာသာကျဆင်းသွားခဲ့တဲ့ ကစားသမားတွေလည်းရှိကြတယ် ။ ဒီလိုနဲ့ မနှစ်ကဘောလုံးရာသီမှာ ပက် ရဲ့ မန်စီးတီး အသင်းက အကျပိုင်းကို ရောက်ရှိသွားခဲ့တယ် ။ အသင်းတစ်သင်းလုံး စွမ်းဆောင်ရည် ပြသဖို့ ရုန်းကန်ခဲ့ရတာကြောင့် ကာလတစ်ခုကြာ သူတို့ကြီးစိုးခဲ့တဲ့ ပရီးမီးယားလိဂ် ဆုဖလားကြီးကို လီပါပူး အသင်းထံ ပေးအပ်လိုက်ရတယ် ။ ဒါပေမယ့် ဒီနှစ်ဘောလုံးရာသီမှာတော့ ပက်ဂွာဒီယိုလာ အနေနဲ့ မန်စီးတီး အသင်းကို အကောင်းဆုံး ကစားသမား အစုအဖွဲ့နဲ့အတူ ပြန်လည်ဖွဲ့စည်းခဲ့သလို System အသစ် ၊ ကစားပုံ ၊ ကစားကွက်အသစ် တွေနဲ့ မန်စီးတီး အသင်းကို အကောင်းဆုံး ပြန်လည်တည်ဆောက်ခဲ့တယ် ။
ပက် ရဲ့ System က ထင်ထားတာထက်ပိုပြီး အလုပ်ဖြစ်ခဲ့သလို ကစားသမားအသစ်တွေနဲ့ မန်စီးတီး အသင်းက မနှစ်ကဘောလုံးရာသီထက်တော့ သိသိသာသာတိုးတက်လာခဲ့တယ် ။ ကစားသမား တစ်ယောက်ချင်းစီကလည်း မနှစ်ကဘောလုံးရာသီထက် ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တယ် ။ အဲ့ထဲမှာ မနှစ်ကဘောလုံးရာသီထက် ဒီနှစ်မှ သိသိသာသာ တိုးတက်လာတာကတော့ နီကို ဂွန်ဇာလက် ၊ ဒိုကူ ၊ ဟာလန်း နဲ့ ဖိုဒန် ပဲ ။ ဒီကစားသမားတွေအားလုံးက မနှစ်ကဘောလုံးရာသီမှာဆို တော်တော်လေးကို ရုန်းကန်ခဲ့ရတဲ့ ကစားသမားတွေလို့ပဲဆိုရမယ် ။ ဒါပေမယ့် ဒီနှစ်မှာတော့ သူတို့ရဲ့ ခြေစွမ်းတွေက အင်မတန်ကြောက်စရာကောင်းနေခဲ့တယ် ။ ဖိုဒန် ရဲ့ တကျော့ပြန်ခြေစွမ်းကတော့ ကြောက်စရာအကောင်းဆုံးပဲ ။ ဒီဘရိုင်း မရှိတော့တဲ့အချိန် ၊ ဘာနာတို ဆေးဗာလ်း တို့ အသက်အရွယ်တစ်ခုကြောင့် အသင်းရဲ့ တိုက်စစ်ကို အရင်လောက် မဦးဆောင်နိုင်တော့တဲ့ အချိန်မှာ ဖိုဒန်က မန်စီးတီး အသင်းရဲ့ အသက်သွေးကြော ကစားသမား ဖြစ်လာခဲ့တယ် ။
ဖိုဒန် ရဲ့ အလှုပ်အရွ တွေနဲ့ အတူ မန်စီးတီး အသင်းရဲ့ တိုက်စစ်က အသက်ဝင်လာခဲ့ပြီး ဒီဘရိုင်း ထွက်ခွာသွားပြီး ကတည်းက ခြေစွမ်းပြဖို့ အနည်းငယ် ရုန်းကန်နေရတဲ့ ဟာလန်းတစ်ယောက် ဖိုဒန် ရဲ့ တကျော့ပြန်ခြေစွမ်းတွေကြောင့် အရင်ကထက် လုပ်ရကိုင်ရပိုမို လွယ်ကူလာစေပါတယ် ။ တစ်ဖက်ပြိုင်ဘက် အသင်းတွေအနေနဲ့ အရင်ကဆို ဟာလန်းတစ်ယောက်ထဲကို လူကပ်ကစားလို့ရပေမယ့် အခုချိန်မှာတော့ ဒိုကူ လား ၊ ဟာလန်း လား ၊ ဖိုဒန် လား ဆိုပြီးတော်တော်လေးဝေခွဲရခက်နေခဲ့တာပဲဖြစ်ပါတယ် ။ ဒီနောက်ပိုင်းပွဲစဥ် တွေမှာဆိုရင် ပိုဆိုးပါတယ် ။ ဖိုဒန်တစ်ယောက် ထိန်းလို့မရအောင်ကို ကောင်းမွန်နေပြီး သွင်းဂိုးတွေ ၊ ဂိုးဖန်တီးမှုတွေကိုလည်း အရင်ထက်ပိုမိုပြုလုပ်လာနိုင်တာပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။
#mmmedia
#manchestercity
#foden
#haaland
#midfielder
#pepguardiola
#coach
#premierleague
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)