ပက်ဂွာဒီယိုလာ ပြင်ဆင်ဖို့လိုအပ်သေးတဲ့ ခံစစ်ပြဿနာ
မနှစ်ကဘောလုံးရာသီတုန်းက ပက်ဂွာဒီယိုလာ ရဲ့ မန်စီးတီး အသင်းက အကျပိုင်းအခြေအနေတစ်ခုကို ရောက်ရှိသွားခဲ့ပြီး အချိန်ကာလ တစ်ခုကြာ သူတို့ကြီးစိုးထားခဲ့တဲ့ ပရီးမီးယားလိဂ်ဆုဖလားကြီးကို နည်းပြအသစ် အာနေးစလော့ ကိုင်တွယ်နေတဲ့ လီပါပူး အသင်းကို ပေးအပ်လိုက်ရတယ် ။ မနှစ်ကဘောလုံးရာသီမှာ ပက် ရဲ့ မန်စီးတီး အသင်းက အသင်းရဲ့ အဓိက ကစားသမားတွေ ဒဏ်ရာပြဿနာကြောင့် ကာလရှည်ကြာအနားယူခဲ့ရတဲ့ အပြင် ၊ ဒီးယက် ၊ ဆေးဗား စတဲ့ ကစားသမားတွေရဲ့ အသက်အရွယ်တစ်ခုကို ရောက်ရှိခဲ့တာကြောင့်လည်း ပက် ရဲ့ မန်စီးတီး အသင်းက ထင်သလောက်အလုပ်မဖြစ်ခဲ့ဘူး ။ အဲ့လို စွမ်းဆောင်ရည်ပိုင်းကျဆင်းသွားခဲ့တဲ့ ကစားသမားတွေထဲမှာ ဟာလန်း ၊ ဖိုဒန် ၊ ဒိုကူ တို့လို အရည်အသွေးမြင့် ကစားသမားတွေတောင် ပါဝင်ခဲ့ပြီး မန်စီးတီး အသင်းရဲ့ ကစားသမား အားလုံးအတော်လေးကို ရုန်းကန်ခဲ့ရတယ် ။
ဒါပေမယ့် ဒီနှစ်ဘောလုံးရာသီမှာ ပက်ဂွာဒီယိုလာ အနေနဲ့ အသင်းကို အကောင်းဆုံးပြန်လည်တည်ဆောက်ပြီး System အသစ် ၊ ကစားပုံ ၊ကစားကွက် အသစ်တွေနဲ့ ပြန်လာနိုင်ခဲ့တယ် ။ အသင်းရဲ့ ကစားသမားတော်တော်များများ ပုံမှန်ခြေစွမ်းပြန်ရခဲ့သလို မနှစ်က ရာသီထက် သိသိသာသာတိုးတက်လာတာကတော့ ဟာလန်း နဲ့ ဖိုဒန်ပဲ ။ ဟာလန်းက ပြီးခဲ့တဲ့ ရာသီတွေထက် ဘောလုံးကို ပိုင်ပိုင်နိုင်နိုင်ကိုင်လာသလို တစ်ယောက်ထဲလဲ ရုန်းနိုင်နေတာပဲဖြစ်ပါတယ် ။ ပြီးတော့ ဒီနှစ်ဘောလုံးရာသီမှာ ဖိုဒန် ရဲ့ တကျော့ပြန်ခြေစွမ်းက အင်မတန်ကြောက်စရာကောင်းနေပြီး ပက် ရဲ့ မန်စီးတီး အသင်းမှာ မရှိမဖြစ်ကစားသမားတစ်ဦးဖြစ်လာခဲ့ပါတယ် ။ ဒိုကူ ၊ နီကို ဂွန်ဇာလက် စတဲ့ ကစားသမားတွေလဲအသင်းအတွက် တော်တော်လေးအကျိုးပြုနိုင်လာတယ် ။ ပြီးတော့ ဒွန်နာရူးမား လို ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတစ်ယောက်ကို အရခေါ်ယူနိုင်ခဲ့တာကြောင့် မန်စီးတီး အသင်းရဲ့ ဂိုးပေါက်က ထင်ထားတာထက်ပိုပြီး စိတ်ချလို့ရသွားခဲ့တယ် ။ ဒါပေမယ့် ပြဿနာ ဖြစ်နေတာက နောက်တန်းခံစစ်ပဲ ။ ပက်အနေနဲ့ အရာအားလုံးနီးပါးကို အဆင်ပြေအောင် ပြောင်းလဲနိုင်ခဲ့ပေမယ့် အသင်းရဲ့ ခံစစ်တန်းကိုတော့ ဒီထက်ပိုပြီး မာကျောကျစ်လစ်အောင် ပြင်ဆင်ဖို့လိုအပ်နေသေးတာပဲဖြစ်ပါတယ် ။
ပက် ရဲ့ မန်စီးတီးအသင်းက ခံစစ်မာကျောကျစ်လစ်မှု မရှိပဲ တစ်ဖက်အသင်းကို သွင်းဂိုးတွေ အမြဲလိုလို လွယ်လွယ်ကူကူ ခွင့်ပြုနေရတာပဲဖြစ်ပါတယ် ။ ဒါတောင် ဒီနှစ်ဘောလုံးရာသီ ပက်ရဲ့ System အသစ်က အရင်နှစ်ဘောလုံးရာသီတွေတုန်းကလို အမြဲလိုလို တိုက်စစ်ဆင်နေတာမျိုးမဟုတ်ပဲ တိုက်စစ် ၊ ခံစစ် မျှတအောင်ကစားနေပြီး ပြီးခဲ့တဲ့ ရာသီတွေထက် ဒီနှစ်ဘောလုံးရာသီမှာ ကွင်းလယ်ကစားသမားတွေက ခံစစ်ကို ပိုမိုကူညီပေးနေတာပါ ။ ဒါတောင် မန်စီးတီး အသင်းရဲ့ ခံစစ်က အမှားတွေများနေခဲ့ပြီး တဖက်အသင်းကို သွင်းဂိုးတွေလွယ်လွယ်ကူကူခွင့်ပြုနေရတာပဲဖြစ်ပါတယ် ။ ဒီနောက်တန်းလုံခြုံမှု မရှိတဲ့ ပြဿနာကို ပက်ဂွာဒီယိုလာတစ်ယောက် ဘယ်လိုဖြတ်ကျော်သွားမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။
#k9mmlive
#manchestercity
#pepguardiola
#coach
#defensive
#premierleague
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)