တဖြည်းဖြည်း နဲ့ လမ်းကြောင်းအမှန်ပေါ် ရောက်ရှိလာတဲ့ ပက် ရဲ့ မန်စီးတီး
ပက် ဂွာဒီယိုလာ က ဘယ်လိုနည်းပြမျိုးလဲ? ၊ ဆုဖလားတွေကို ဘယ်လိုသိမ်းပိုက်နိုင်ခဲ့လဲဆိုတာတွေကိုအများကြီးပြောပြနေစရာတောင်လိုမယ် မထင်ပါဘူး ။ ကမ္ဘာပေါ်မှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး နဲ့ အခက်ခဲဆုံး လိဂ် တစ်ခုဖြစ်တဲ့ ပရီးမီးယားလိဂ်ကြီးကိုတောင် သူ့ရဲ့ အကောင်းဆုံးနည်းစနစ်တွေ ၊ အကောင်းဆုံး ကစားသမားအစုအဖွဲ့တွေနဲ့ပဲ ကြီးစိုးခဲ့တာ အချိန်တစ်ခုကြာမြင့်ခဲ့တာပဲလေ ။ ဘယ်အသင်းတွေကများ ပက် ရဲ့ မန်စီးတီး အသင်းကို ဖျက်စီးနိုင်ခဲ့လို့လဲ ။ ဒါပေမယ့် အသင်းရဲ့ အဓိက ကစားသမားတွေ အသက်အရွယ်ကြီးလာတာတွေ ၊ ဒဏ်ရာပြဿနာတွေ နဲ့ ရင်ဆိုင်ရတာတွေ ကြောင့် သိသိသာသာ ခြေစွမ်းကျဆင်းသွားခဲ့ပြီး မနှစ်ကဘောလုံးရာသီကဆိုရင် ပက်ရဲ့ မန်စီးတီး အသင်းက အတော်လေးကို ရုန်းကန်ခဲ့ရတာပဲမဟုတ်လား ။ ဒီ အသင်း က ပက်ရဲ့ မန်စီးတီး အသင်းပါလားဆိုပြီး မမြင်တွေ့ခဲ့ရတာ မနှစ်ကဘောလုံးရာသီကတည်းကပဲ ။ ဒါပေမယ့် ဒီနှစ် အပြောင်းအရွေးဈေးကွက်မှာ မန်စီးတီး အသင်းပိုင်ရှင်တွေအနေနဲ့ ပက် ကို သူ့ရဲ့ စိတ်ကြိုက်ကစားသမားတိုင်းလိုလို ရအောင်ခေါ်ယူပေးခဲ့တယ် ။
ချက်ကရီ ၊ ရီနေးဂျား ၊ နိုရီ စတဲ့ အရည်အသွေးမြင့်တဲ့ ကစားသမားတွေအပြင် ဒီနောက်ပိုင်းနှစ်တွေမှာ သိသိသာသာ စွမ်းဆောင်ရည်ပိုင်းမှာ မေးခွန်းထုပ်စရာတွေများပြားနေတဲ့ အီဒါဆန် ရဲ့ နေရာအတွက် သူတို့ရဲ့ ကစားသမားဟောင်းဖြစ်တဲ့ ဂျိမ်း ထရန့်ဖို့စ် ကို ပြန်လည်ခေါ်ယူနိုင်ခဲ့သလို ပီအက်ဂျီ အသင်း နဲ့ အဆင်မပြေဖြစ်နေပြီး လက်ရှိ အချိန်မှာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမား လို့ သတ်မှတ်ခံထားရတဲ့ ဒူနာရူးမား ကိုလည်း အရခေါ်ယူနိုင်ခဲ့တယ် ။ မနှစ်ကဆောင်းရာသီ အပြောင်းအရွှေ့ကာလတုန်းကလည်း ထိုက်သင့်သလောက် လူခေါ်ယူမှုတွေပြုလုပ်ထားတာကြောင့် ဒီနှစ်ဘောလုံးရာသီမှာ သွေးသစ်လောင်းထားတဲ့ ပက်ရဲ့ မန်စီးတီး အသင်းကို ပြန်လည်မြင်တွေ့ခဲ့ရတယ် ။ ဒါပေမယ့် ရာသီ အစပိုင်းမှာ မန်းစီးတီး အသင်းက ကစားသမားအသစ်တွေ နဲ့ ပက် ရဲ့ ကစားကွက် နဲ့ အပြည့်အဝ အသားမကျတာတွေ ၊ ခံစစ် ပြဿနာ တွေ ၊ စတဲ့ ပြဿနာမျိုးစုံ နဲ့ ရင်ဆိုင်ခဲ့ရပြီး တိုးတက်ကောင်းမွန်လာတဲ့ ကစားပုံ ၊ ကစားဟန် တွေကို မမြင်တွေ့ခဲ့ရပါဘူး ။ ဒါပေမယ့် ကမ္ဘာ့ဘောလုံးပရိတ်သတ်အားလုံးက ပက် ရဲ့ မန်စီးတီး အသင်း က ဒီလို ပြဿနာတွေကြားထဲကနေ တစ်ချိန်ကြရင် ရုန်းထွက်နိုင်မယ်ဆိုတာကို ယုံကြည်ခဲ့ကြတယ် ။
အချိန်တစ်ခုကြာလာတာ နဲ့ အမျှ မန်စီးတီး အသင်း ကစားသမား တော်တော်များများ က ပက် သွားချင်နေတဲ့ SYSTEM ကို တဖြည်းဖြည်း နဲ့ သဘောပေါက်နားလည်လာကြပြီး ကွင်းတွင်းခြေစွမ်း ကောင်းမွန်လာခဲ့သလို ၊ ပွဲပြီး ရလဒ်တွေမှာလဲ အပြုသဘောဆောင်လာတာတွေကို မြင်တွေ့လာခဲ့ရတယ် ။ ဘရိုက်တန် အသင်းကို ရှုံးနိမ်းပြီးကတည်းက ပက်ရဲ့ မန်စီးတီး အသင်းအနေနဲ့ အကောင်းဆုံး ပုံစံတစ်မျိုးနဲ့ ပြန်လည်ရုန်းထွက်လာနိုင်ခဲ့တယ် ။ ဒီပုံစံ အတိုင်းပဲ ဆက်သွားရင် တစ်ချိန်က ပက်ရဲ့ မန်စီးတီး အသင်းကို ပြန်လည်မြင်တွေ့ရနိုင်လား ။ အမှန်တကယ်ပဲ ပက် ရဲ့ မန်းစီးတီး က လမ်းကြောင်းအမှန်ပေါ်ပြန်လည်ရောက်ရှိလာပြီလား ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#manchestercity
#pepguardiola
#coach
#premierleague
#football
LATEST NEWS
Top 5 Football Clubs with the Highest Average Matchday Revenue in the 21st Century
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )