အခွင့်အရေး ကို အသုံးမချနိုင်ခဲ့တဲ့ အာမိုရင် ရဲ့ မန်ချက်စတာယူနိုက်တက်
အာမိုရင် ရဲ့ မန်ချက်စတာယူနိုက်တက် အသင်းက မနှစ်ကဘောလုံးရာသီမှာ မထင်မှတ်ထားလောက်အောင် အခြေအနေ တော်တော်လေးဆိုးသွားခဲ့တယ် ။ အဲ့တာကြောင့် ဒီနှစ်အပြောင်းအရွှေ့ကာလမှာ မန်ချက်စတာယူနိုက်တက်အသင်း တာဝန်ရှိသူတွေက အသင်းကို ကောင်းမွန်တဲ့ ပြောင်းလဲပြင်ဆင်မှုပေါင်းများစွာပြုလုပ်ပေးခဲ့တယ် ။ မနှစ်က တစ်ရာသီလုံး ရုန်းကန်ခဲ့ရတဲ့ တိုက်စစ်ပိုင်းအတွက် အရည်အသွေးမြင့် တိုက်စစ်ကစားသမားတွေ ပြောင်းရွှေ့ကြေးများစွာ အသုံးပြုပြီး အသင်းထံခေါ်ယူခဲ့သလို အမြဲလိုလိုတစ်ဦးချင်းအမှားတွေကြောင့် ဂိုးတွေအလွယ်တကူ ခွင့်ပြုနေရတဲ့ အိုနားနား နဲ့ ဘာရန်နာ တို့ရဲ့ နောက်ရာသီအတွက် ဘယ်ဂျီယံ လိဂ်မှာ အကောင်းဆုံး လက်စွမ်းတွေကို ပြသနေတဲ့ လာမန်း ကို ခေါ်ယူပေးခဲ့တယ် ။ အစပိုင်းမှာတော့ ကစားသမားအသစ်တွေ နဲ့ အသင်းက အထိုင်ကျဖို့ရုန်းကန်နေရပေမယ့် ဒီနောက်ပိုင်းမှာ တော်တော်လေး အခြေအနေကောင်းမွန်လာတယ် ။
အဲဗာတန် အသင်းနဲ့ မကစားခင်အထိ နောက်ဆုံး ၅ ပွဲ မရှုံးအောင် ကစားနိုင်ခဲ့သလို အသင်းရဲ့ တိုးတက်ကောင်းမွန်လာတဲ့ အပိုင်းတွေကိုလဲ သိသိသာသာမြင်တွေ့ခဲ့ရတယ် ။ ဒီလို နဲ့ မန်ချက်စတာယူနိုက်တက် အသင်း က ပရီးမီးယားလိဂ် ပွဲစဥ် ၁၂ အဖြစ် အဲဗာတန် အသင်း နဲ့ ရင်ဆိုင်ခဲ့ရတယ် ။ မန်ချက်စတာယူနိုက်တက် အသင်းက အခြားပရီးမီးယားလိဂ် အသင်းတွေ အကုန်လုံးကစားပြီးတဲ့အချိန်မှသာ နောက်ဆုံးပွဲစဥ်အဖြစ် ကစားခဲ့ရတယ် ။ အရှေ့မှာ ဇယားထိပ်ပိုင်းက အသင်းတော်တော်များများ ခြေချော်လက်ချော် ဖြစ်ခဲ့ပြီး အမှတ်တွေ ဆုံးရှုံးခဲ့ကြတယ် ။ အဲ့တာကြောင့် မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ အဲဗာတန် အသင်း နဲ့ ပွဲစဥ်ကို အနိုင်ရရှိအောင် ကစားနိုင်တာ နဲ့ အဆင့် ၄ ၊ အဆင့် ၅ လောက်အထိ ကို ရောက်ရှိသွားနိုင်တယ် ။ ဒါက မဟာအခွင့်အရေးကြီး တစ်ခုပဲ ။ ဒီဇင်ဘာ ပွဲကြပ်ကာလ မတိုင်ခင် အဆင့်ဇယား အပေါ်ပိုင်းမှာ ရပ်တည်နိုင်တယ် ဆိုတာက ဘယ်လောက်တောင်ကောင်းလိုက်မလဲ ။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီအခွင့်အရေးကို အသုံးမချနိုင်ခဲ့ပါဘူး ။ မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ အဲဗာတန် အသင်းကို အိမ်ကွင်း အိုးထရန့်ဖို့စ် မှာ ရင်ဆိုင်ရတဲ့ အပြင် အဲဗာတန် အသင်းရဲ့ ကစားသမား တစ်ယောက်က အသင်းသား အချင်းချင်း စကားများရာမှတဆင့် လက်ပါမိခဲ့တာကြောင့် ပွဲချိန် အစောပိုင်းမှာပဲ တိုက်ရိုက် အနီပြခံခဲ့ရတယ် ။
အဲ့တာကြောင့် မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ ပွဲချိန်အစောပိုင်း ကတည်းက အဲဗာတန် အသင်းကို အိမ်ကွင်းမှာ ၁၀ ယောက် ၁၁ ယောက် နဲ့ ရင်ဆိုင်ခဲ့ရတယ် ။ ဒါပေမယ့် အာမိုရင် ရဲ့ မန်ချက်စတာယူနိုက်တက် အသင်း က အဲဗာတန် အသင်းကို အသာစီးရရှိအောင် မကစားနိုင်ခဲ့သလို ပွဲပြီးဆုံးချိန်မှာနဲ့ ၁-၀ ဆိုတဲ့ ရလဒ် နဲ့ အရှုံးပေးခဲ့ရတယ် ။ အဲ့ရလဒ်ကြောင့်ပဲ မန်ချက်စတာယူနိုက်တက် အသင်းက အဆင့် ၁၀ ထိ ရောက်ရှိသွားခဲ့ပြီး မဟာအခွင့်အရေးကြီးကို လက်လွှတ်ဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလဲ ကျေးဇူးအများကြီးတင်ရှိပါတယ် ။
#mmmedia
#manchesterunited
#amorim
#coach
#everton
#premierleague
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)