မန်ချက်စတာယူနိုက်တက် အသင်း ခေါ်ယူဖို့စောင့်ကြည့်နေတဲ့ ကွင်းလယ်ကစားသမား ၃ ယောက်
မန်ချက်စတာယူနိုက်တက် အသင်း တာဝန်ရှိသူတွေအနေနဲ့ သူတို့ရဲ့ လူငယ်နည်းပြ အာမိုရင် အပေါ်မှာ တော်တော်လေးကို ယုံကြည်မှုရှိတယ် ။ မနှစ်ကဘောလုံးရာသီမှာ အဆိုးဝါးဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အခွင့်အရေးဆက်လက်ပေးထားခဲ့သလို အပြောင်းအရွှေ့ကာလတုန်းကလည်း အာမိုရင်လိုချင်တဲ့ တိုက်စစ် ကစားသမား ၃ ယောက် နဲ့ ဂိုးသမား တစ်ယောက်ကို မရမက ငွေပုံပေးကာ ခေါ်ယူပေးခဲ့တယ် ။ ပြီးတော့ ရာသီအစမှာ စွမ်းဆောင်ရည်တွေကျဆင်းပြီး ရှုံးပွဲတွေဆက်နေတဲ့ အချိန်တုန်းကလည်း သူတို့ရဲ့ လူငယ်နည်းပြ အာမိုရင် ကို အပြည့်အဝ ထောက်ခံပေးခဲ့ကြတယ် ။
ဒီလိုတွေ လိုအပ်ချက်တိုင်းကို ဖြည့်ဆည်းပေးခဲ့တဲ့အပြင် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာလည်း အသင်းက ကွင်းလယ်ကစားသမား တစ်ဦးလိုအပ်နေသေးတာကြောင့် ခေါ်ယူပေးဖို့ အတွက် ဈေးကွက်ထဲမှာ ကွင်းလယ်ကစားသမားတွေကို လိုက်လံရှာဖွေနေတာပဲဖြစ်ပါတယ် ။ မန်ချက်စတာယူနိုက်တက် အသင်း တာဝန်ရှိသူတွေအနေနဲ့ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ လိုအပ်နေတဲ့ ကွင်းလယ်ပိုင်းကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကစားသမား ၃ ယောက်ကို အဓိကထားပြီး စောင့်ကြည့်နေတာပဲဖြစ်ပါတယ် ။ အဲ့ကစားသမားတွေကတော့ အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ ကော်နာဂါလာဂါ ၊ အက်သလန်တာ အသင်းရဲ့ ကစားသမား အက်ဒါဆန် ၊ ဝုဒ် အသင်းရဲ့ ကစားသမား ဂျာအို ဂိုးမက်တို့ပဲဖြစ်ပါတယ် ။ ကော်နာဂါလာဂါ က ရာသီကြိုအပြောင်းအရွှေ့ကာလထဲက မန်ချက်စတာယူနိုက်တက် အသင်းက အငှားနဲ့ ခေါ်ယူဖို့အတွက် သတင်းတွေကျယ်ကျယ်လောင်လောင်ထွက်ပေါ်ခဲ့ပြီး အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ အပြီးသတ်ပဲရောင်းချမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့်သာ အပြောင်းအရွှေ့က ပျက်ပြယ်သွားခဲ့တာပဲဖြစ်ပါတယ် ။
အက်သလန်တာ အသင်းရဲ့ ကစားသမား အက်ဒါဆန် အနေနဲ့လည်း ကွင်းလယ်မှာ မာမာထန်ထန် နဲ့ ခပ်ကြမ်းကြမ်း ကစားတက်တဲ့ သမားတစ်ဦးဖြစ်ပြီး နွေအပြောင်းအရွှေ့ကာလကတည်းက မန်ချက်စတာယူနိုက်တက် အသင်းနဲ့ သတင်းတွေထွက်ပေါ်ခဲ့တာပါ ။ ဂျာအို ဂိုးမက် ကိုတော့ အခုမှသာ မန်ချက်စတာယူနိုက်တက် အသင်းတာဝန်ရှိသူတွေအနေနဲ့ သတိထားစောင့်ကြည့်နေတာပဲဖြစ်ပါတယ် ။ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ကွင်းလယ်ကစားသမားတစ်ဦး မဖြစ်မနေခေါ်ယူဖို့လိုအပ်နေတဲ့ မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ ဒီကစားသမား ၃ ယောက်ထဲက ဘယ်ကစားသမားကို အရခေါ်ယူသွားနိုင်မလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။
#mmmedia
#manchesterunited
#amorim
#conorgallagher
#ederson
#joaogomes
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)