မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ရွှေရောင်တစ်ခေတ် ကိုဖော်ဆောင် ပေးသွားတဲ့ ဆာအဲလတ် ဖာဂူဆန်
ကမ္ဘာ့ ဘောလုံးလောက ရဲ့ အကောင်းဆုံး နည်းပြ ၊ မန်ချက်စတာ ယူနိုက်ရဲ့ ရွှေခေတ် ကို ဖော်ဆောင်ပေးခဲ့သူ၊ ပွဲမပြီးသ၍ မရှုံးဘူး ဆိုတဲ့ စိတ်ဓာက် ကို ကစားသမားတွေ နဲ့ ပရိတ်သတ်တွေ စိတ်ထဲကို ရိုက်သွင်းနိုင်ခဲ့ သူ အဲဲ့ဒီ နည်းပြကတော့ မန်ချက်စတာပရိတ်သတ်တွေရဲ့ အချစ်တော် ၊ အခြားပြိုင်ဘက်အသင်းတွေရဲ့ လေးစား ရာ ဆာအဲလက် ဖာကူဆန် ပဲဖြစ်ပါတယ်။ဆာအဲလက် ဖာဂူဆန် ကို ဘောလုံး ဝါသနာ ရှင် ပရိတ်သတ် တော်တော်များများ က သမိုင်းတလျောက် အကောင်းဆုံး နည်းပြတစ်ယောက် အဖြစ်သတ်မှတ် ထားကြပါတယ်။ဖာဂူဆန် ကတော့ ဘောလုံးကစားသမား ဘဝ မှာ အခြားကစားသမား များဖြစ်တဲ့ ပီလီ ၊မာရာဒိုနာ တို့ကို အောင်မြင် မှု အများအပြား မရရှိခဲ့ပေမယ့် နည်းပြဘဝ မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အတူ ဘယ်နည်းပြမှ မရှိခဲ့ဖူးတဲ့ အောင် ပွဲများကို သိမ်းပိုက်နိုင်ခဲ့တဲ့ နည်းပြတစ်ယောက်လည်း ဖြစ်ပါတယ်။ဖာဂူဆန် က မန်ချက်စတာ ယူနိုက်တက် အသင်းကို ၂၆ နှစ်ကြာ ကိုင်တွယ် ခဲ့ပြီး အဂ်လန် ပရီးမီးယားလိဂ် တွင် သာမကကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းဖြစ်အောင် ဖော်ဆောင် ရာတွင် အဓိက အခရာ ကျတဲ့ နည်းပြတစ်ယောက်လဲ ဖြစ်ပါတယ်။
ဆာအဲလက် ဖာကူဆန် ကို ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ မှာ မွေးဖွားခဲပါတယ်။ ဖာဂူဆန် ဟာ အသက် ၃၂ နှစ်အရွယ် မှာပဲ သူ့ရဲ့ နည်းပြ ဘဝစတင်ခဲ့ပြီး၁၉၇၄ ခုနှစ် ဇွန်လ မှာတော့ အရှေ့ စတာလင်ရှိုန်းရား အသင်းကို စတင် ကိုင်တွယ်ခဲ့ပါတယ်။ ဖာဂူဆန် က နည်းပြ ဘဝ အစ ထဲက စည်းကမ်း တင်းကြပ် သူတစ်ယောက်လဲဖြစ်ပါတယ်။ နောက် လေးလ အကြာ တွင် စန့်မာရီ အသင်း နှင့် အခြားအသင်းတော်တော်များများ က နည်းပြအဖြစ် တာဝန် ထမ်းဆောင်ပေးရန် တောင်းဆိုခဲ့ပါတယ်။ ဖာဂူဆန် က စိန့်မာရီ အသင်းကို ၁၉၇၄ မှ ၁၉၇၈ ခုနှစ် အထိ ကိုင်တွယ် ခဲ့ပြီး ဖာကူဆန်လက်ထပ် မှာ စိန့်မာရီ အသင်း က ဒုတိယ တန်း ဇယား အလည် မှ ပထမတန်း အမှတ်ပေး ချန်ပီယံ ဖလားကိုပါ သိမ်းပိုက် နိုင်ခဲ့ပါတယ်။ ဖာကူဆန် က အသင်းကို လူငယ်ကစားသမား အများအပြားနဲ့ ဖွဲ့စည်းပြီး တိုက်စစ် အသားပေး ကစားတဲ့ အသင်းတစ်သင်းအဖြစ် ဖာဂူဆန် ကပြောင်းလဲခဲ့ပါတယ်။ဖာကူဆန် ဦးဆောင်တဲ့ စိန့်မယ်ရီ အသင်းမှာ လူငယ် ကစားသမား အများအပြား နဲ့ First Division ချန်ပီယံ ဖလားကို သိမ်းပိုက် ရရှိခဲ့ပါတယ်။ ၁၉၇၈ ခုနှစ် မှာ ဆာအဲလက် ဖာဂူဆန် ကို စိန့်မာရီ အသင်းကထုပ်ပယ် ခဲ့ပါတယ်။
စိန့်မယ်ရီ အသင်းက ဖာကူဆန် ကို ထုပ်ပယ် ဖူးတဲ့ တစ်သင်းထဲသော အသင်းလဲ ဖြစ်ပါတယ်။ ဆာအဲလတ်ဖာကူဆန် က ၁၉၇၈ ခုနှစ် ဇွန် လ မှာ စကော့တလန် ပထမ တန်း အသင်းတစ်သင်းဖြစ်တဲ့ အဘာဒင်း အသင်းကို ပြောင်းလည်း ကိုင်တွယ်ခဲ့ပါတယ်။ အဘာဒင်း အသင်းက စကော့တလန် ကလပ် မှာ အသင်းကြီး တစ်သင်းဖြစ်ပေမယ့် ဆုဖလားအောင်မြင်မှု အနေနဲ့ ၁၉၉၅ ခုနှစ် ကရရှိခဲ့တဲ့ လိဂ်ဖလားတစ်ကြိမ်သာရရှိခဲ့တာပဲဖြစ်ပါတယ်။ ဖာကူဆန် ရဲ့ အဘာဒင်း အသင်း မှာ စစချင်း ရာသီများမှာတော့ စကော့တလန် လိဂ် ဖလားတွေ ကနေထွက်ခွာခဲ့ရတယ်။ ဖာကူဆန် က သူ့ရဲ့ အဘာဒင်း အသင်းကို စည်းကမ်းတစ်ကျ ထိန်းချုပ်ပြီး ၁၉၈၂ - ၁၉၈၃ ရာသီ တွင် အရင် ရာသီတွေထက် ပိုမိုအောင်မြင်အောင် ကိုင်တွယ် နိုင်ခဲ့တယ်။ စကော့တလန် လိဂ် ကို လဲ သိမ်းပိုက်နိုင်ခဲ့ပြီး ဥရောပ စူပါဖလား Winner’s Cup ဖလားပွဲ စဥ်ဖြစ်တဲ့ ဆီးမီးဖိုင်နယ် ပွဲစဥ်မှာ ဥရောပ အသင်းကြီး တစ်သင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ် အသင်းကို မထင်မှတ်ထားလောက်တဲ့ အခြေအနေ က နေအနိုင်ယူပြီး ဖိုင်နယ် ကို ရောက်ရှိခဲ့ပါတယ်။ဖိုင်နယ် ပွဲစဥ်မှာလဲ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ရင်ဆိုင်ခဲ့ ရပြီး ၂ဂိူး ၁ဂိုးနဲ့ အနိုင် ယူကာ ဥရောပ စူပါဖလား Winner’ s cup ကို ဆွတ်ခူးခဲ့ပြီး ဖာကူဆန် က သူရဲ့ နည်းပြအရည်အသွေး ဘယ်လောက်ရှိကြောင်း ဥရောပ အသင်းများကို ပြသခဲ့ပါတယ်။
ဆာအဲလက် ဖာကူဆန် က အဘာဒင်း အသင်း နဲ့ အတူ စကော့တလန် ပရီးမီးယားလိဂ်ဌာနခွဲဖလား ( ၃ )ကြိမ် ၊ စကော့တလန် ဖလား ( ၄ ) ကြိမ် ၊ စကော့တလန်လိဂ်ဖလား ( ၁ )ကြိမ် ၊ Drybrough cup ( ၁ )ကြိမ် ၊ ဥရောပဖလား Winner’s Cup ( ၁ )ကြိမ် ၊ ဥရောပစူပါဖလား ( ၁ ) ကြိမ် စတဲ့ ဆုဖလားအောင်မြင်မှုများကို ဆာအဲလက် ဖာကူဆန် က အဘာဒင်း အသင်း ကို ( ၈ )နစ်တာကိုင်တွယ်ပြီး ဆုဖလားများကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ 1986 ခုနှစ် အောက်တိုဘာ မှာ မန်ယူ အသင်းရဲ့ နည်းပြ ဖြစ်တဲ့ Atkinson က အသင်းမှ ထုပ်ပယ် ခံရပြီးနောက် မန်ချက်စတာယူနိုက်တက် အသင်းက ဆာအဲလက် ဖာကူဆန် ကို အသင်းရဲ့ နည်းပြ အဖြစ် ခန့်အပ်ခဲ့ပါတယ်၊ မန်ချက်စတာယူနိုက်တက် ရဲ့ အောင်မြင်မှုလမ်းကြောင်း တွေကိုဖော်ဆောင်ပေးမယ့် နည်းပြ ၊ မန်ချက်စတာယူနိုက်တကိ အသင်း ရဲ့ ရွှေခေတ်ကို ဖော်ဆောင်ပေးမယ့် ပဲ့ကိုင်ရှင် ၊ ကမ္ဘာ့ ဘောလုံး လောကရဲ့ အကောင်းဆုံးနဲ့ အအောင်မြင်ဆုံး နည်းပြ စတဲ့ ဂုဏ်ပုဒ် တွေ နဲ့ ပြည့်စုံလာမယ့် ဆာအဲလက်ဖာကူဆန် ကို ၁၉၈၆ ခူနှစ် နိုဝင်ဘာ ၆ရက်နေ့ မှာ မန်ချက်စတာယူနိုက်တက်အသင်းကခေါ် ယူနိုင်ခဲ့ပါတယ်။ ဖာကူဆန် က ရောက်ရောက်ချင်းရာသီ တွေမှာ အသင်းကို စည်းစနစ်ကျကျ နဲ့ ဖြည်းဖြည်းချင်း တည်ဆောက်ခဲ့ပြီး အသင်းတိုင်းကြောက်ရတဲ့ အသင်းတစ်သင်းဖြစ်အောင် ဖန်တီးခဲ့ပါတယ်။ ၁၉၈၉ - ၁၉၉၀ ခုနှစ် မှာ FA ဖလားကို ဖာကူဆန် လက်ထပ် ပထမဆုံး ဆုဖလား အဖြစ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဖာကူဆန် ကိုင်တွယ် တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်း ကတော့ အစပိုင်းမှာတော့ အဆင်မပြေ ဖြစ်ခဲ့ရပြီး ၁၉၉၀ - ၁၉၉၁ ခုနှစ်က စပြီး မန်ယူ အသင်း ရဲ့ ခြေစွမ်းက သိသိသာသာ တိုးတက်လာခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်အသင်း က စပိန် ချန်ပီယံ အသင်းဖြစ်တဲ့ ဘာစီလိုနာ ကို ၂ဂိုး ၁ဂိုး ဖြင့် အနိုင်ယူကာ ဥရောပ ဖလား Winner’s cup ကို ဆွတ်ခူးခဲ့ပြီး မန်ချက်စတာယူနိုက်တက်ရဲ့ ပထမဆုံးသော ဥရောပဖလား ကို ဖာဂူဆန်က ယူဆောင်လာပေးခဲ့ပါတယ်။၁၉၉၂-၁၉၉၃ ရာသီ ရဲ့ တစ်နှစ်တာ အကောင်းဆုံး နည်းပြ အဖြစ်ရွေးချယ်ခြင်းခံခဲ့ရပြီး ဖာဂူဆန် ရဲ့မန်ချက်စတာယူနိုက် အသင်း က တစ်နှစ်ထက်တစ်နှစ် ပိုမို ကောင်းမွန်လာခဲ့ပါတယ်။ မန်ယူ အသင်းကို ဖာဂူဆန် က ကောင်းကောင်းကြီး ပြင်ဆင်လာခဲ့ပြီး ပတ်ဂျိစံ ၊ ရိုင်ရယ့် ဂေ့၊ ဝိန်းရွန်းနီ ၊ ခရစ်စတီယာနို ရော်နယ်ဒို တို့လို ကစားသမား ကောင်းများကို ဖွဲ့စည်းခဲ့ပြီး ချန်ပီယံလိဂ် ပွဲစဥ်တွင် ချဲလ်ဆီး အသင်းကို ပင်နယ်တီ အဆုံးအဖြတ် နဲ့ အနိုင်ရရှိ ကာ ချန်ပီယံ လိဂ် ဖလားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဖာဂူဆန် က မန်ချက်စတာယူ နိုက် အသင်းကို တဖြည်းဖြည်းတည်ဆောက်ခဲ့ပြီး ဗီဒစ် နဲ့ ဖာဒီနန် တို့လို ကမ္ဘ့ာ အကောင်းဆုံး ခံစစ်အတွဲ ကို အသင်းရဲ့ ခံစစ်အတွက် အုတ်မြစ်ချကာ ဆုဖလားများစွာကို သိမ်းပိုက်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ရွှေရောင်တစ်ခေတ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ရော်နယ်ဒို လို ကစားသမား မျိုးကိုလည်း မွေးထုပ်ပေးခဲ့တယ်။ ဖာဂူဆန် ကအသင်းသားများ ကို အသင်းပေါ်ချစ်စိတ် ၊ အနိုင်မခံ အရှူံး မပေးလိုစိတ် စတာတွေကို ကစားသမား များ စိတ်နှလုံးထဲတွင် ရိုက်သွင်းပေးခဲ့ပြီး သူ့ရဲ့ မန်ယူအသင်းကို ပိုမို တိုးတက်စေခဲ့တယ်။ဖာဂူဆန် က အဂ်လန် ရဲ့ ထိပ်တန်း အမှတ်ပေးဖလားကို ( ၁၃ ) ကြိမ်ထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဂ်လန် သမိုင်းတလျောက် လိဂ်ဖလား သုံးကြိမ်ဆက် ဆွတ်ခူနိုင်တဲ့ ပထမ ဆုံးသော နည်းပြဖြစ်ပါတယ်။ ဖာဂူဆန်က တစ်နှစ်တာအကောင်းဆုံး နည်းပြဆု ( ၁၀ )ဆု ၊တစ်လသာအကောင်းဆုံး နည်းပြဆု ( ၂၇ )ဆု တို့ကိုလည်းရရှိခဲ့ပါတယ်။
ဆာအဲလတ်ဖာဂူဆန် ဟာ မန်ချက်စတာယူနိုက်တက် အသင်း ကို ၂၆ နှစ် ကိုင် တွယ် ခဲ့ ပြီး ပရီးမီးယား လိဂ် ဖလား ( ၁၃ )ကြိမ် ၊ FA ဖလား ( ၅ )ကြိမ် ၊ ဘောလုံးလိဂ်ဖလား ( ၄ ) ကြိမ် ၊ FA ကွန်မြူနတီဒိုင်း ( ၁၀ ) ကြိမ် ၊ ချန်ပီယံ လိဂ် ( ၂ ) ကြိမ်၊ European Cup Wimmer’s Cup ( ၁ )ကြိမ် ၊ ဥရောပ စူပါဖလား ( ၁ )ကြိမ် ၊ Intercontinental Cup ( ၁ )ကြိမ် ၊ ဖီဖာကမ္ဘာ့ ကပ်ဖလား ( ၁ ) ကြိမ် တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဟုတ်ကဲ့ပါ ကျွန်တော်အခုပြောပြ သွားတာကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ရွှေရောင်တစ်ခေတ် ကိုဖော်ဆောင် ပေးသွားတဲ့ ဆာအဲလတ် ဖာဂူဆန် အကြောင်းပဲ ဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ကြည့်ရှုတဲ့ တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။
#mmmedia
#manchesterunited
#coach
#alexferguson
#premierleague
#football
LATEST NEWS
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)