မန်ချက်စတာယူနိုက်တက် အသင်းစာင့်ကြည့်နေတဲ့ နည်းပြ 5 ယောက်
မန်ချက်စတာယူနိုက်တက် အသင်းက သူတို့ရဲ့ နည်းပြ အာမိုရင် ကို နည်းပြ ရာထူးကနေ ထုပ်ပယ်ပြီး မိုက်ကယ် ကားရစ် ကို ရာသီ အကုန်ထိ နည်းပြအဖြစ်ခန့်အပ်ထားပေမယ့် အခုချိန်ကတည်းက နွေရာသီ အပြောင်းအရွှေ့ကာလမှာ မန်ချက်စတာယူနိုက်တက် အသင်း ရဲ့ နည်းပြအဖြစ်ခန့်အပ်မယ့် ထိပ်တန်းနည်းပြတွေကို စောင့်ကြည့်နေကြတာပဲဖြစ်ပါတယ် ။ အခုလောလောဆယ် မန်ချက်စတာယူနိုက်တက် အသင်း တာဝန်ရှိသူတွေအနေနဲ့ ပရီးမီးယားလိဂ် အတွေ့အကြုံ ပြည့်ဝတဲ့ နည်းပြမျိုးတွေကို ခန့်အပ်ဖို့အတွက် တော်တော်လေးစိတ်ဝင်စားနေတာပဲဖြစ်ပါတယ် ။ မန်ချက်စတာယူနိုက်တက် အသင်း တာဝန်ရှိသူတွေအနေနဲ့ အခုလက်ရှိ အင်္ဂလန် လက်ရွေးစင် အသင်းကိုကိုင်တွယ်နေတဲ့ သောမက် တူချယ် အပြင် ဘာစီလိုနာ အသင်းရဲ့ နည်းပြဟောင်း ဇာဗီဟာနန်ဒက်ကိုလည်း စိတ်ဝင်စားနေတာပဲဖြစ်ပါတယ် ။
အဲ့တာအပြင် လာမယ့်နွေရာသီမှာ ပီအက်ဂျီ အသင်းကနေ ထွက်ခွာမယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ လူးဝစ် အန်ဒရီးကေး ကိုလည်း စောင့်ကြည့်စာရင်းထဲမှာ ထည့်ထားတာပဲဖြစ်ပါတယ် ။ နောက်ပြီးတော့ ဘရိုက်တန် အသင်းမှာ သူ့ရဲ့ အရည်အချင်းကို ကောင်းကောင်းကြီး သက်သေပြနိုင်ခဲ့သလို ပရီးမီးယားလိဂ် အတွေ့အကြုံလဲ ပြည့်ဝတဲ့ ဒီဇာဘီ ကလည်း မန်ချက်စတာယူနိုက်တက် အသင်း အခုစောင့်ကြည့်နေတဲ့စာရင်းတွေထဲမှာပါဝင်နေတာပဲဖြစ်ပါတယ် ။ နောက်ပြီးတော့ အခုနောက်ပိုင်းနှစ်တွေမှာ ဒေါ့မွန် အသင်းကို အကောင်းဆုံးပုံစံတစ်ခုရရှိအောင် စွမ်းဆောင်ပေးနေတဲ့ နီကို ကွန်းဘက်စ် ကိုလည်း စောင့်ကြည့်စာရင်းထဲထည့်ထားတာပဲဖြစ်ပါတယ် ။ မန်ချက်စတာယူနိုက်တက် အသင်း စောင့်ကြည့်နေတဲ့ နည်းပြတွေထဲမှာ အခုလို ဝါရင့် သဘာရင့် ထိပ်တန်းနည်းပြတွေပါဝင်နေတဲ့ အချက်ကတော့ သိပ်ကို ကောင်းမွန်လှပါတယ် ။ ဒီစောင့်ကြည့်နေတဲ့ နည်းပြတွေထဲမှာမှ ပရီးမီးယားလိဂ် အတွေ့အကြုံရှိရမယ် ။ ပရီးမီးယားလိဂ် နဲ့လည်း အသားကျရမယ် ။ အင်္ဂလိပ်ဘောလုံးလောကနဲ့ မစိမ်းပဲ အင်္ဂလိပ် ဘောလုံးလောကနဲ့ ကောင်းကောင်းကြီး အဆင်ပြေမယ့် နည်းပြ ကိုသာ ခန့်အပ်သွားဖို့ရှိနေတာပဲဖြစ်ပါတယ် ။
ကားရစ် အနေနဲ့လည်း ရာသီကုန်ထိ 17 ပွဲကိုင်တွယ်ရမှာဖြစ်ပြီး သူလုပ်ပြရင် လုပ်ပြနိုင်သလောက် သူကိုလည်း အခွင့်အရေးတွေပေးသွားနိုင်ပါတယ် ။ မန်ချက်စတာယူနိုက်တက် အသင်းသာ သောမက်တူချယ် ၊ ဒီဇာဘီ ၊ လူးဝစ်အန်ဒရီကေး တို့လို ထိပ်တန်းနည်းပြတွေသာ ကိုင်တွယ်ခဲ့ရင် ကြောက်စရာကောင်းတဲ့ အသင်းတစ်သင်းအဖြစ်ပြောင်းလဲသွားမှာပဲဖြစ်ပါတယ် ။ ပရိတ်သတ်တွေရော မန်ချက်စတာယူနိုက်တက် အသင်းကို ဘယ်နည်းပြရောက်ရှိသွားမယ်ထင်လဲ ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။
#mmmedia
#manchesterunited
#coach
#rubenamorim
#michaelcarrick
#xavihernandez
#luisenrique
#dezerbi
#nikokovac
#thomastuchel
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)