Amorim ကို ထပ်ပြီးတော့ အချိန်ပေးသင့်ရဲ့လား?
အာမိုရင် ဆိုတာ စပို့တင်း အသင်းမှာ သူ့ရဲ့ လှပပြီး အလွန်ကြောက်စရာကောင်းတဲ့ ကစားပုံ ၊ ကစားကွက်တစ်ခုကြောင့် ဥရောပ အသင်းကြီး တော်တော်များများ သတိထားစောင့်ကြည့်ခဲ့ရတဲ့ နည်းပြတစ်ယောက်ပဲမဟုတ်လား ။ မန်ချက်စတာယူနိုက်တက် အသင်းတာဝန်ရှိသူတွေအနေနဲ့လည်း အသင်း က ရလဒ်ပိုင်းမှာ ဆိုးဝါးနေတဲ့ကြားထဲက အသင်းရှိ ကစားသမားတွေနဲ့ အဆင်မပြေဖြစ်နေတဲ့ နည်းပြ တန်ဟက် ကို ရာထူးကနေ ထုပ်ဖယ်ပြီး အရည်အချင်းတွေ ၊ အလားအလာကောင်းတွေ အများကြီးပိုင်ဆိုင်ထားတဲ့ စပို့တင်း အသင်းရဲ့ လူငယ်နည်းပြ အာမိုရင် ကို နည်းပြအသစ်အဖြစ် ခန့်အပ်ဖို့ ဆုံးဖြတ်ခဲ့တယ် ။ မန်ချက်စတာယူနိုက်တက် အသင်းပရိတ်သတ်တွေ အနေနဲ့လည်း တန်ဟက်လက်ထက်မှာ ဆုဖလားတွေ ရနေပေမယ့် မန်ချက်စတာယူနိုက်တက်ဆိုတဲ့ အသင်းဟာ ဒီလို အခြေအနေမျိုး နဲ့ ရှိနေရမယ့်အသင်းတစ်သင်းမဟုတ်တာကြောင့် တန်ဟက်ထက် လူငယ်နည်းပြ အာမိုရင် ကို ပိုပြီးတော့ မျှော်လင့်ခဲ့ကြတယ် ။
ဒါပေမယ့် အာမိုရင် က မန်ချက်စတာယူနိုက်တက် အသင်းပရိတ်သတ်တွေ မျှော်လင့်ထားသလောက် အလုပ်မဖြစ်ခဲ့ပါဘူး ။ မန်ချက်စတာယူနိုက်တက် ဆိုတဲ့ အသင်းက ကစားသမားတွေ ၊ နည်းပြတွေအတွက် ကမ္ဘာပေါ်မှာ ဖိအားအများဆုံး ကလပ်အသင်းတစ်သင်းပဲဖြစ်ပါတယ် ။ ဒီလိုအသင်းမျိုးမှာ အာမိုရင် အနေနဲ့ မလိုလားအပ်ပဲ ခေါင်းမာနေတာတွေက အာမိုရင် အတွက် ကောင်းကျိုးမရှိပါဘူး ။ အာမိုရင် က စပို့တင်း အသင်းမှာ သူအလုပ်ဖြစ်ခဲ့တဲ့ ၃-၄-၂-၁ ကစားကွက် နဲ့ပဲ မန်ချက်စတာယူနိုက်တက် အသင်းကို အကောင်းဆုံတည်ဆောက်ဖို့ကြိုစားခဲ့ပေမယ့် သူ့ရဲ့ စိတ်ကြိုက်ကစားကွက် လည်းဖြစ် ၊ သူ စတင်အလုပ်ဖြစ်ခဲ့တဲ့ နည်းစနစ်လည်းဖြစ်တဲ့ ၃-၄-၂-၁ က ပရီးမီးယားလိဂ် မှာ ထင်ထားသလောက်အလုပ်မဖြစ်ပါဘူး ။ အာမိုရင် အသုံးပြုနေတဲ့ ကစားကွက်က ကမ္ဘာ့အဆင့် Wing Back ကစားသမား တွေလိုအပ်သလို ၊ ကွင်းလယ်မှာလည်း လုပ်အားနှုန်းကောင်းကောင်း နဲ့ နေရာစုံကို လိုက်ကစားနိုင်တဲ့ ကစားသမားတွေလိုအပ်ပါတယ် ။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းမှာ အဲ့လို ကွင်းလယ်ကစားသမားတွေ မရှိသလို ၊ ဒိုဂူ နဲ့ ဒါးလော့ ကလည်း ကမ္ဘာ့အဆင့်ကစားသမားတွေမဟုတ်ပါဘူး ။
ဒီဆောင်းရာသီ အပြောင်းအရွှေ့ရောက်ရင် အာမိုရင် အနေနဲ့ မန်ချက်စတာယူနိုက်တက် အသင်းကို ကိုင်တွယ်တာ တစ်နှစ်ပြည့်ပါပြီ ။ အာမိုရင် အနေနဲ့ အချိန်ကာလ တစ်နှစ်အတွင်းမှာ ပရီးမီးလိဂ် ၂ ပွဲဆက် နိုင်ပွဲရအောင် မစွမ်းဆောင်နိုင်သေးပါဘူး ။ အာမိုရင် အနေနဲ့ ခေါင်းမာလွန်းနေတာလား ။ ဒါမှမဟုတ် မန်ချက်စတာယူနိုက်တက် အသင်းကို ဒီလို အဆိုးဝါးဆုံး အခြေအနေတွေကနေ ကယ်တင်ပေးဖို့ထက် သူ့ရဲ့ စိတ်ကြိုက် ကစားပုံ၊ ကစားကွက် တွေက ပရီးမီးယားလိဂ် နဲ့ အဆင်ပြေပါတယ်ဆိုတဲ့ ဟာကို ပိုပြီး တော့ သက်သေပြချင်နေတာလား ။ မန်ချက်စတာယူနိုက်တက် အသင်း တာဝန်ရှိသူတွေအနေနဲ့ အာမိုရင် ကို အချိန်ထပ်ပေးသင့်ရဲ့လား ?။ ပရိတ်သတ်တွေရော ဘယ်လိုမြင်လဲ ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#manchesterunited
#coach
#rubenamorim
#premierleague
#football
LATEST NEWS
Top 5 Football Clubs with the Highest Average Matchday Revenue in the 21st Century
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )