Set Piece သွင်းဂိုးတွေနဲ့အတူ ခရစ္စတယ်ပဲလေ့စ်အသင်းကို အနိုင်ယူခဲ့တဲ့ မန်ချက်စတာယူနိုက်တက်
အာမိုရင် ရဲ့ မန်ချက်စတာယူနိုက်တက် အသင်းက ပရီးမီးယားလိဂ် ပွဲစဥ် ၁၃ မှာ အိုလီဘာ ဂလက်စနာရဲ့ ခရစ္စတယ်ပဲလေ့စ် အသင်း နဲ့ ရင်ဆိုင်ခဲ့ရတယ် ။ ဒီပွဲက အဓိက ကစားကွက် တူတဲ့ အာမိုရင် နဲ့ အိုလီဘာ ဂလက်စနာ တို့ရဲ့ နည်းစနစ် အားပြိုင်တဲ့ ပွဲတစ်ပွဲလို့ပြောရင်ပိုမှန်လိမ့်မယ် ။ အာမိုရင် က မန်ချက်စတာယူနိုက်တက် အသင်းကို ၃-၄-၂-၁ ကစားကွက် နဲ့ တဖြည်းဖြည်းအံဝင်အောင်တည်ဆောက်နေတဲ့ အချိန် အိုလီဘာ ဂလက်စနာ က သူ့ရဲ့ ၃-၄-၂-၁ system ကို ရှိတဲ့လူစာရင်းနဲ့ပဲ အကောင်းဆုံးတည်ဆောက်ပြီး ဆုဖလားတွေကိုလည်း အကြိမ်ကြိမ်ဆွတ်ခူးပြခဲ့တယ် ။ ပြီးတော့ အာမိုရင် ရဲ့ မန်ချက်စတာယူနိုက်တက် အသင်းက ခရစ္စတယ်ပဲလေ့စ် ရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားရတာကတစ်ကြောင်း ၊ ပြီးခဲ့တဲ့ ပွဲစဥ်မှာ တစ်ယောက်လျော့နေတဲ့ အဲဗာတန် အသင်းကို အိမ်ကွင်းကြီးမှာ ရှုံးနိမ့်ခဲ့တာကတစ်ကြောင်းနဲ့ ဖိအားတွေတော်တော်လေးကို များပြားနေတယ် ။
ပထမပိုင်း ပွဲကစားချိန်တွေမှာလည်း အိုလီဘာ ဂလက်စနာ ရဲ့ ခရစ္စတယ်ပဲလေ့စ် အသင်းက ပိုမိုကောင်းမွန်တဲ့ အသင်းတစ်သင်းဖြစ်ခဲ့ပြီး မန်ချက်စတာယူနိုက်တက် အသင်းကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်ခဲ့တယ် ။ တိုက်စစ် က မာတီယေတာ ရဲ့ အဆုံးသတ် ညံဖျင်းပုံတွေကြောင့်သာ သွင်းဂိုးတွေမရရှိခဲ့တာပါ ။ မန်ချက်စတာယူနိုက်တက် အသင်းက ခရစ္စတယ်ပဲလေ့စ် အသင်းရဲ့ တိုက်စစ်ကို ထိန်းချုပ်နိုင်ဖို့အတွက် တော်တော်လေးကို ရုန်းကန်နေရသလို တိုက်စစ်ပိုင်းကလည်း ထူးထူးခြားခြားဘားမှမလုပ်ပြနိုင်ခဲ့ပဲ ဘောလုံးတွေက ကွင်းလယ်မှာတင် အပျက်များနေခဲ့တယ် ။ ပထမပိုင်း ပြီးခါနီးမှာပဲ မန်ချက်စတာယူနိုက်တက် အသင်းက မာတီယေတာ ရဲ့ ပင်နယ်တီသွင်းဂိုးနဲ့အတူ ခရစ္စတယ်ပဲလေ့စ် အသင်းရဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရတယ် ။ ဒုတိယပိုင်းအရောက်မှာတော့ အမှားတွေများလာတဲ့ အသင်းက ခရစ္စတယ်ပဲလေ့စ် အသင်းဖြစ်ခဲ့ပြီး ဒီနေ့ပွဲစဥ်မှာ ခရစ္စတယ်ပဲလေ့စ် အသင်းရဲ့ ခံစစ်က အရှေ့ပွဲစဥ်တွေထက်စာရင် သိသိသာသာ အားနည်းနေတာကို သတိထာမိတယ် ။
အာမိုရင် ရဲ့ မန်ချက်စတာယူနိုက်တက် အသင်းက တဖက်အသင်း ခံစစ်ရဲ့ အားနည်းချက်ကို အကောင်းဆုံး အခွင့်အရေးယူကာ ဒီရာသီ မန်ချက်စတာယူနိုက်တက် အသင်း တိုးတက်လာတဲ့ Set Piece တွေနဲ့ အတူ သွင်းဂိုး နှစ်ဂိုးရအောင်စွမ်းဆောင်နိုင်ခဲ့ပြီး အနိုင်သုံးမှတ်ကို ရယူနိုင်ခဲ့တယ် ။ မန်ချက်စတာယူနိုက်တက် အသင်း ရရှိသွားတဲ့ Set Piece သွင်းဂိုးတွေမှာ ခရစ္စတယ်ပဲလေ့စ် အသင်းရဲ့ ခံစစ်ကစားသမားတွေ ရဲ့ ပေါ့ဆမှုကြောင့်လည်းပါဝင်သလို မန်ချက်စတာယူနိုက်တက် အသင်း ကစားသမားတွေရဲ့ ပါးနပ်မှုနဲ့လည်း အများကြီးသက်ဆိုင်တယ် ။ ဘာပဲပြောပြောပါ ဒီတစ်ခေါက်မှာတော့ အာမိုရင် ရဲ့ မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ ခက်ခဲကြမ်းတမ်းတဲ့ အဝေးကွင်းပွဲစဥ်တစ်ခုကို Set Piece သွင်းဂိုးတွေနဲ့ အတူ အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲပြီဖြစ်ပါတယ် ။ အဆုံထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။
#mmmedia
#manchesterunited
#crystalpalace
#amorim
#coach
#premierleague
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)