ဆောင်းရာသီ အပြောင်းအရွှေ့ကာလမှာ အငှားထွက်ကစားနိုင်ဖို့ ကြိုးပမ်းနေတဲ့ ကိုဘီမိုင်နူး
မန်ချက်စတာယူနိုက်တက် အသင်းရဲ့ လူငယ်ကွင်းလယ်ကစားသမားသမား ကိုဘီမိုင်နူး အနေနဲ့ လာမယ့်ဆောင်ရာသီ အပြောင်းအရွှေ့ကာလကြရင် ပွဲကစားချိန်ပိုမို ရရှိစေဖို့အတွက် မန်ချက်စတာယူနိုက်တက် အသင်းကနေ ထွက်ခွာပြီး အခြားကလပ် အသင်းတွေထံ အငှားသွားရောက်ကစားနိုင်ဖို့အတွက် ကြိုးပမ်းနေတာပဲဖြစ်ပါတယ် ။ ကိုဘီ မိုင်နူးအနေနဲ့ လွန်ခဲ့တဲ့ ရာသီတွေကတည်းက မန်ချက်စတာယူနိုက်တက် အသင်းမှာ ကောင်းမွန်တဲ့ ခြေစွမ်းတွေကိုပြသနိုင်ပြီးသားကစားသမားတစ်ယောက်ဖြစ်ပါတယ် ။ ကိုဘီ မိုင်နူး က အရည်အချင်းပြည့်ဝပြီး တစ်ချိန်မှာ ဖြစ်ထွန်းလာနိုင်တဲ့ ကွင်းလယ်ကစားသမားတစ်ယောက်ဆိုတာကို အခြားကလပ်အသင်းတွေက ကောင်းကောင်းကြီး နားလည်သဘောပေါက်တာကြောင့် မနှစ်ကရာသီ ဆောင်းရာသီ အပြောင်းအရွှေ့ကာလ နဲ့ နွေရာသီ အပြောင်းအရွှေ့ကာလတုန်းက ဥရောပ ကလပ်အသင်းတွေအပြင် ၊ အခြားကလပ်အသင်းတော်တော်များများကပါ ခေါ်ယူဖို့အတွက် ကြိုးပမ်းမှု တစ်ချို့ရှိခဲ့ကြတာပဲဖြစ်ပါတယ် ။
ကိုဘီ မိုင်နူး ကို ခေါ်ယူချင်နေတဲ့ ကလပ် အသင်းတွေထဲမှာ ချဲလ်ဆီး အသင်းအပြင် ရီးရဲလ်မက်ဒရစ် လို အသင်းတွေပါ ပါဝင်ခဲ့ပါတယ် ။ဒီနှစ်ဘောလုံးရာသီမှာ မန်ချက်စတာယူနိုက်တက် နည်းပြ အာမိုရင် အနေနဲ့ ကိုဘီမိုင်နူး ကို ပွဲကစားချိန်ပေးတဲ့ အပိုင်းမှာ အလွန်နည်းပါးနေတာကြောင့် ကိုဘီမိုင်နူး အနေနဲ့ အငှားထွက်ကစားဖို့အစောပိုင်းအချိန်ကတည်းက တောင်းဆိုခဲ့တာပါ ။ ဒါပေမယ့် အပြောင်းအရွှေ့ကတော့ အမှန်တကယ်ဖြစ်မလာခဲ့ပါဘူး ။ ။ မန်ချက်စတာယူနိုက်တက် အသင်းနည်းပြ အာမိုရင် အနေနဲ့ အသင်းက ကိုဘီမိုင်နူး ကို လိုအပ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပြီး အသင်းကမထွက်ခွာဖို့အတွက်တောင်းဆိုခဲ့တာပဲဖြစ်ပါတယ် ။ ဒါပေမယ့် အာမိုရင် အနေနဲ့ ကိုဘီမိုင်နူး ကို လုံလောက်တဲ့ ပွဲကစားချိန်တွေကိုတော့ လက်ရှိအချိန်ထိမပေးရသေးပါဘူး ။ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ ကိုဘီ မိုင်နူး အနေနဲ့ အင်္ဂလန်လက်ရွေးစင် အသင်းမှာ ရွေးချယ်ခံရဖို့အတွက် လက်ရှိ ရရှိနေတဲ့ ပွဲကစားချိန်တွေထက် ပိုပြီးကစားခွင့်လိုအပ်နေပါတယ် ။
အဲ့တာကြောင့် ကိုဘီ မိုင်နူး အနေနဲ့ နိုင်ငံ လက်ရွေးစင် အသင်းမှာ ရွေးချယ်ခံရဖို့ နဲ့ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ဝင်ကစားနိုင်ဖို့အတွက် လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ကာလမှာ မန်ချက်စတာယူနိုက်တက် အသင်းကနေ ထွက်ခွာပြီး အခြားကလပ် အသင်းတစ်သင်းသင်းထံ အငှားထွက်ကစားဖို့အတွက် စဥ်းစားနေတာပဲဖြစ်ပါတယ် ။ ဒါက ကိုဘီမိုင်နူး ရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပေမယ့် အပြောင်းအရွှေ့က အမှန်တကယ်ဖြစ်လာမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ်။တကယ်လို့ ကိုဘီ မိုင်နူး သာ မန်ချက်စတာယူနိုက်တက်အသင်းကထွက်ခွာခွင့် ရရှိပါက လိုချင်နေတဲ့ ကလပ်အသင်းတွေမှ တပုံကြီးပါ ။ ဒီပြဿနာ ကို မန်ချက်စတာယူနိုက်တက် အသင်းနည်းပြ အာမိုရင် အနေနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#manchesterunited
#kobbiemainoo
#midfielder
#rubenamorim
#chelsea
#premierleague
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)