ပွဲထွက်ခွင့်တစ်နေရာရဖို့ အပြင်းအထန်ကြိုးစားနေတဲ့ ကိုဘီ မိုင်နူး
မန်ချက်စတာယူနိုက်တက် အသင်းရဲ့ လူငယ်ကွင်းလယ်ကစားသမား ကိုဘီ မိုင်နူး က အသင်းမှာ ပွဲကစားချိန်လုံလုံလောက်လောက် မရရှိတာကြောင့် အပြောင်းအရွှေ့ကာလမပိတ်သိမ်းမှီမှာ အငှားထွက်ကစားဖို့အတွက် အသင်းအပေါ်ကို တောင်းဆိုခဲ့ပါတယ် ။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ကလည်း ကိုဘီ မိုင်နူး ပါဝင်နေတာတောင် အားနည်းနေတဲ့ ကွင်းလယ်အစုအဖွဲ့ကို နောက်ထပ် ကွင်းလယ်ကစားသမားတွေ မခေါ်ယူနိုင်သေးပဲ ကိုဘီ မိုင်နူးကို ဘယ်လိုမှ လက်လွှတ်ခံလို့မရပါဘူး ။ ဒီကိစ္စကို နည်းပြ အာမိုရင် အနေနဲ့လည်း ကောင်းကောင်းကြီး နားလည်သဘောပေါက်တာကြောင့် ကိုဘီ မိုင်နူး ကို အသင်းကလိုအပ်ကြောင်း အကြိမ်ကြိမ် ပြောကြားခဲ့တာပဲဖြစ်ပါတယ်။
နောက်ဆုံး အပြောင်းအရွှေ့ကာလပိတ်သိမ်းသွားတဲ့ အချိန်မှာလည်း ကိုဘီ မိုင်နူး အနေနဲ့ အငှားထွက်မကစားတော့ပဲ မန်ချက်စတာယူနိုက်တက် အသင်းမှာပဲ ပွဲထွက်ခွင့်တစ်နေရာ ရဖို့အတွက် တိုက်ပွဲဝင်ဖို့သာ ဆုံးဖြတ်ခဲ့တယ် ။ အခုချိန်ထိလည်း ကိုဘီ မိုင်နူး အနေနဲ့ အသင်းမှာ လုံလောက်တဲ့ ပွဲကစားချိန်ကို မရရှိသေးပါဘူး ။ နည်းပြ အာမိုရင် အနေနဲ့ ဘရူနိုဖာနန်ဒက် ကို အနောက်ဆင်းဆော့ခိုင်းပြီး ကိုဘီ မိုင်နူး ကို ဘရူနို ဖာနန်ဒက်ရဲ့ အရန်သဘောနဲ့သာ အသုံးပြုနေတာပဲဖြစ်ပါတယ် ။ ဘရူနို ဖာနန်ဒက် ဆိုတာကလည်း မန်ချက်စတာယူနိုက်တက် အသင်းရဲ့ မရှိမဖြစ် ကစားသမားတစ်ဦးဖြစ်ပြီး ဘရူနိုကို ဘယ်ပွဲမဆို LINE UP က ထုပ်ပစ်လိုက်လို့မရတာကြောင့် ကိုဘီ မိုင်နူး အနေနဲ့အချို့ပွဲစဥ်တွေမှသာ ပွဲကစားချိန် မိနစ် အနည်းငယ်ရရှိတယ် ။ ကိုဘီ မိုင်နူး က ဘယ်လောက် ကောင်းတဲ့ လူငယ်ကစားသမားတစ်ယောက်ဆိုတာ အရှေ့ကဘောလုံးရာသီတွေမှာ ကောင်းကောင်းကြီး မြင်တွေ့ပြီးသားပါ ။ အာမိုရင် ရဲ့ ခေါင်းမာလွန်တဲ့ ပြဿနာကြောင့် မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ကစားသမားတွေအနေနဲ့ ပွဲကစားချိန်ရရှိဖို့က ထင်ထားတာထက် ပိုမိုပြိုင်ဆိုင်နေရတာပဲဖြစ်ပါတယ်။
အာမိုရင် အနေနဲ့ သူ စတင်အောင်မြင်လာတဲ့ နည်းစနစ်လည်းဖြစ် ၊ သူ့ရဲ့ အကြိုက်နှစ်သက်ဆုံး ကစားကွက်လည်းဖြစ်တဲ့ ၃-၄-၂-၁ ကစားကွက် က ပရီးမီးယားလိဂ် လို လိဂ်မျိုးမှာ ဒိုဂူ ၊ ဒါလော့ တို့လို Wing Back ကစားသမားတွေနဲ့ အဆင်မပြေနိုင်တာသိသိကြီး နဲ့ ဒီလို ခေါင်းမာနေတာကြောင့် အသင်းက ရလဒ်ပိုင်းဆိုးဝါးနေသလို အရန် ကစားသမားတွေအနေနဲ့လည်း ပွဲကစားချိန် ရရှိဖို့ရုန်းကန်နေရတယ်။ အခုချိန်မှာတော့ ကိုဘီ မိုင်နူး က မန်ချက်စတာယူနိုက်ကတ်အသင်းမှာ ပွဲထွက်ခွင့် ရရှိဖို့အတွက် လေ့ကျင်းမှုတွေကို အပြင်းအထန်ပြုလုပ်နေတာပဲဖြစ်ပါတယ် ။ အာမိုရင် အနေနဲ့ ကိုဘီ မိုင်နူး ရဲ့ ခြေစွမ်းနဲ့ ထိုက်တန်တဲ့ ပွဲကစားချိန်တွေပေးသွားမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ် ။
#mmmedia
#manchesterunited
#kobbiemainoo
#midfielder
#rubenamorim
#premierleague
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)