တိုနာလီ ကို နွေရာသီပစ်မှတ်အဖြစ် သတ်မှတ်ထားတဲ့ မန်ချက်စတာယူနိုက်တက်
မန်ချက်စတာယူနိုက်တက် အသင်းက ဒီနှစ်ဘောလုံးရာသီမစခင် နွေရာသီ အပြောင်းအရွှေ့ကာလတုန်းက အသင်းရဲ့ တိုက်စစ်ပိုင်း ကို သိသိသာသာကြီးပြောင်းလဲခဲ့ပါတယ် ။ တိုက်စစ်ပိုင်း လိုအပ်ချက်တွေရှိနေတဲ့ ဟွိုက်လန်း ၊ ဂါနာချို ၊ ဆန်ချို ၊ ရက်ဖို့စ် ၊ အန်တိုနီ တို့ကို အသင်းကနေ ထုတ်ပယ်ခဲ့ပြီး ပရီးမီးယားလိဂ် အတွေ့အကြုံကောင်းကောင်းရှိတဲ့ အမ်ဗူမို ၊ ချုညာ တို့လို အရည်အသွေးမြင့် တိုက်စစ်ကစားသမားတွေနဲ့ အစားထိုးခဲ့တဲ့ အပြင် ဥရောပ ထိပ်သီးအသင်းတော်တော်များများ စိတ်ဝင်စားခဲ့တဲ့ ဆက်စကို လို တိုက်စစ်မှူး ကိုလည်း အရခေါ်ယူခဲ့တယ် ။ အဲ့တာအပြင် အမြဲလိုလို တစ်ဦးချင်းအမှားတွေကြောင့် အသင်းကို ဒုက္ခပေးတက်တဲ့ ဂိုးသမား အိုနားနား ကို အသင်းကထုတ်ပယ်ပြီး လာမန်း လို အလားအလာကောင်းတွေပိုင်ဆိုင်ထားတဲ့ ဂိုးသမားကိုလည်း အရခေါ်ယူခဲ့တယ် ။
ဒါပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းတာဝန်ရှိသူတွေအနေနဲ့ လိုအပ်ချက်ရှိနေတဲ့ ကွင်းလယ်ပိုင်းကိုတော့ ကစားသမား မခေါ်ယူပေးနိုင်ခဲ့ဘူး ။ ဘရိုက်တန် အသင်း ကွင်းလယ်ကစားသမား ဘာလီဘာ နဲ့ အသံတွေတော်တော်လေးထွက်ခဲ့ပေမယ့် အပြောင်းအရွှေ့ကတော့ အမှန်တကယ်ပြီးမသွားခဲ့ပါဘူး ။ အဲ့လို အစောပိုင်း ကတည်းကလိုအပ်ချက်ရှိနေတဲ့ ကွင်းလယ်မှာ ဒီရာသီ ကုန်ရင် အသင်းရဲ့ ဝါရင့် ကစားသမား ကက်စမဲရိုး ကပါ အသင်းကထွက်ခွာတော့မှာဖြစ်တာကြောင့် လာမယ့်နွေရာသီမှာ ကွင်းလယ်ပိုင်းအတွက် ကစားသမားခေါ်ကို ခေါ်ယူပေးဖို့လိုအပ်နေတာပဲဖြစ်ပါတယ် ။ မန်ချက်စတာယူနိုက်တက် အသင်းတာဝန်ရှိသူတွေအနေနဲ့ ဘရိုက်တန် အသင်းရဲ့ ဘာလီဘာ ၊ နော်တင်ဟမ် ဖောရက်စ် အသင်းရဲ့ အန်ဒါဆန် ၊ ခရစ္စတယ်ပဲလေ့စ် အသင်းရဲ့ အဒန်ဝါတန် တို့ကို စိတ်ဝင်စားနေပါတယ် ။ အခုနောင်ပိုင်းမှာတော့ မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ နယူးကာဆယ် အသင်းမှာ မာမာထန်ထန် ကစားတက်ပြီး တည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်နေတဲ့ တိုနာလီ ကိုလည်း ခေါ်ယူဖို့စိတ်ဝင်စားနေတာပဲဖြစ်ပါတယ် ။
တိုနာလီ ကို အာဆင်နယ် အသင်းစိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေကလည်း ထွက်ပေါ်ခဲ့ဖူးပါတယ် ။ တိုနာလီ ရဲ့ ပြောင်းရွှေ့ကြေးက သန်း 100 လောက်ထိ ဖြစ်နိုင်တဲ့ အပြင် နယူးကာဆယ် အသင်းအနေနဲ့ကလည်း လွယ်လွယ်ကူကူတော့ လက်လွှတ်ပေးမှာမဟုတ်ပါဘူး ။ မန်ချက်စတာယူနိုက်တက် အသင်းတာဝန်ရှိသူတွေအနေနဲ့ ဒီကစားသမားတွေထဲက ဘယ်ကစားသမားကို အရခေါ်ယူသွားနိုင်မလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုက်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။
#mmmedia
#manchesterunited
#midfielder
#sandrotonali
#premierleague
#football
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)