အကောင်းမွန်ဆုံးပုံစံ တစ်ခုကို ရရှိနေတဲ့ မန်ချက်စတာယူနိုက်တက်
အကောင်းမွန်ဆုံးပုံစံ တစ်ခုကို ရရှိနေတဲ့ မန်ချက်စတာယူနိုက်တက်
ရူဗင်အာမိုရင် ရဲ့ မန်ချက်စတာယူနိုက်တက် အသင်းက အခုနောက်ပိုင်း ပုံစံကောင်းတစ်ခုကို ပိုင်ဆိုင်ထားပါတယ် ။ ခက်ခဲမယ့် ပြိုင်ဘက်တွေကို အလဲထိုးနိုင်ခဲ့သလို ကစားနေတဲ့ ကစားပုံ ၊ ကစားကွက်တွေကလည်း လက်သင့်ခံလို့ရတာထက်ကို ပိုမိုကောင်းမွန်နေပါတယ် ။ ခံစစ် ကလည်း တဖြည်းဖြည်း နဲ့ ကျစ်လစ်လာခဲ့သလို တိုက်စစ်ပိုင်းကလည်း သိသိသာသာကို ကောင်းမွန်လာခဲ့ပါတယ် ။ ရာသီအစပွဲစဥ်တွေမှာ အာမိုရင် ရဲ့ ခေါင်းမာမှုကြောင့် မန်ချက်စတာယူနိုက်တက် အသင်း အနေနဲ့ တော်တော်လေးကို ရုန်းကန်ခဲ့ရပြီး အခုနောက်ပိုင်းမှာတော့ ကစားသမားတွေအနေနဲ့ အာမိုရင် သွားချင်တဲ့ ကစားပုံ ၊ ကစားကွက်တွေနဲ့ တဖြည်းဖြည်း အသားကျလာတာကို သတိထားမိတယ် ။ ကစားသမားတိုင်းနီးပါးက သူတို့ရဲ့ နည်းပြ အာမိုရင် ရဲ့ system ကို ကောင်းကောင်းကြီး နားလည်သဘောပေါက်လာတာနဲ့လည်း အများကြီးသက်ဆိုင်တယ် ။
မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ အခုနောက်ဆုံးကစားခဲ့တဲ့ ဆန်းဒါးလန်း ၊ လီပါပူး ၊ ဘရိုက်တန် တို့လို ရင်ဆိုင်ရ ခက်ခဲတဲ့ အသင်းတွေကို ဆက်တိုက်ဆိုသလို အနိုင်ယူနိုင်ခဲ့တယ် ။ ဒါက အာမိုရင်ရဲ့ မန်ချက်စတာယူနိုက်တက် အသင်းကို စတင်ကိုင်တွယ်ကတည်း က ပထမဆုံး အကြိမ် ပရီးမီးယားလိဂ် ၃ ပွဲဆက်နိုင်ပွဲပဲဖြစ်ပါတယ် ။ အာမိုရင် အနေနဲ့ ၁၀ စုနှစ်တစ်ခုကြာ လီပါပူး အသင်းရဲ့ အိမ်ကွင်းမှာ အနိုင်မရှိသေးတဲ့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ အရိပ်မဲကြီးကို ချေဖျက်ပေးနိုင်ခဲ့သလို ၊ သုံးရာသီ လောက် နိုင်ပွဲရရှိဖို့ ရုန်းကန်နေရတဲ့ ဘရိုက်တန် အသင်းကိုလည်း ခြေစွမ်းအသာ ၊ ကစားပုံ ၊ ကစားကွက် အသာနဲ့ အနိုင်ယူနိုင်ခဲ့တယ်ဆိုတာ သိပ်ကိုကောင်းမွန်တဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ် ။ ဒါက နည်းပြ အာမိုရင် အပါအဝင် ကစားသမားတိုင်းအတွက်လည်း ယုံကြည်မှု တော်တော်လေး မြင့်မားသွားစေခဲ့သလို လာမယ့် ပွဲစဥ်တွေအတွက်လည်း အနိုင်ယူဖို့အတွက် ယုံကြည်မှုကောင်းကောင်း ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ အစောပိုင်းအချိန်တွေတုန်းက အာမိုရင် အနေနဲ့ မန်ချက်စတာယူနိုက်တက် အသင်းကို ကိုင်တွယ်တဲ့ အပိုင်းမှာတော်တော်လေးကို အခြေအနေဆိုးခဲ့သလို အသင်းရဲ့ ရလဒ်ပိုင်းကလည်း အားရစရာကောင်းမနေပါဘူး ။
ဒါပေမယ့် အာမိုရင် အနေနဲ့ ပြင်သင့်တာတွေကို အတက်နိုင်ဆုံး နဲ့ အကောင်းမွန်ဆုံးဖြစ်အောင် ပြင်ဆင်ပြီး နိုင်ပွဲလေးကို ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီ ။ အာမိုရင် အနေနဲ့ အခုပိုင်ဆိုင်ထားတဲ့ ကစားပုံ၊ နိုင်လိုစိတ်ဖြစ်မှု နဲ့ ယုံကြည်မှုတွေကို အကောင်းဆုံးဆက်လက်ထိန်းသိမ်းထားနိုင်ပြီး နိုင်ပွဲတွေဆက်လက်ရရှိအောင်စွမ်းဆောင်နိုင်ဖို့ လိုအပ်ပါတယ် ။ ဘာပဲဖြစ်ဖြစ်ပါ အခြေအနေတွေ တော်တော်လေးဆိုးဝါးနေတဲ့ ပုံစံကနေ အခုလို ပုံစံကောင်းတစ်ခုပြန်လည်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့တဲ့ နည်းပြအာမိုရင် ကို ချီးကျူးရမှာပဲဖြစ်ပါတယ် ။ အာမိုရင် အနေနဲ့ မန်ချက်စတာယူနိုက်တက် အသင်းကို နိုင်ပွဲတွေဘယ်လောက်ရရှိအောင်စွမ်းဆောင်ပေးနိုင်သွားမလဲ ။ ပရိတ်သတ်တွေရဲ့ အမြင်ကိုကော့မန့်မှာဝင်ရောက်ဆွေးပေးသွားကြပါဦး။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#manchesterunited
#rubenamorim
#coach
#premierleague
#football
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)