နော်တင်ဟမ်ဖောရက်စ် အသင်းရဲ့ နည်းပြရာထူးကနေ ထုပ်ပယ်ခံလိုက်ရတဲ့ ပိုစေလို ဂလူး
မနှစ်ကဘောလုံးရာသီမှာ နည်းပြကြီး နူနိုဆန်းတို့စ် ရဲ့ နော်တင်ဟမ် ဖောရက်စ် က မထင်မှတ်ထားလောက်အောင် ကောင်းမွန်တဲ့ ခြေစွမ်းတွေကို ပြသနိုင်ခဲ့တယ် ။ ခံစစ်ပိုင်း မာကျောကျစ်လစ် သလို တိုက်စစ်ပိုင်းကလည်း အခွင့်အရေး ကို အကောင်းဆုံး အသုံးချနိုင်ခဲ့တာကြောင့် ဘယ်အသင်း နဲ့ မဆိုယှဥ်ပြိုင်ကစားနိုင်ခဲ့တယ် ။ မနှစ်ကဘောလုံးရာသီတုန်းကဆိုရင်ကလပ်အသင်းတော်တော်များများ က ဥရောပဝင်ခွင့်တစ်နေရာအတွက် နောက်ဆုံးပွဲစဥ် ၃၈ အထိ မြိုင်မြိုင်ဆိုင်ဆိုင် နဲ့ ယှဥ်ပြိုင်ခဲ့ကြတယ် ။ ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာအတွက် နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်ခဲ့တဲ့ အသင်းတွေထဲမှာ နူနိုဆန်းတို့စ် ရဲ့ နော်တင်ဟမ် ဖောရက်စ် အသင်းလည်းပါဝင်ခဲ့တယ် ။ အစောပိုင်း အချိန်တွေတုန်းက နောတင်ဟမ် ဖောရက်စ် အသင်းအနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်နေရာတစ်နေရာကို ဦးဆောင်ထားပေမယ့် နောက်ပိုင်းပွဲစဥ်အချို့မှာ ရလဒ်ပိုင်း မတည်မငြိမ်ဖြစ်ခဲ့ရပြီး ရမှတ်တွေဆုံးရှုံးခဲ့တာကြောင့် ယူရိုပါလိဂ် ဝင်ခွင့်တစ်နေရာနဲ့သာကျေနပ်ခဲ့ရတာပဲဖြစ်ပါတယ် ။
အဲ့ကိစ္စ နဲ့ ပတ်သတ်ပြီး နည်းပြကြီး နူနိုဆန်းတို့စ် နဲ့ နော်တင်ဟမ်ဖောရက်စ် အသင်း ပိုင်ရှင်တို့ကြား အဆင်မပြေမှု တစ်ချို့ရှိခဲ့တဲ့ အပြင် နူနိုဆန်းတို့စ် အနေနဲ့ အပြောင်းအရွှေ့ကာလလှုပ်ရှားမှုတွေအပေါ်မှာလည်းဝေဖန်မှုတွေရှိခဲ့တာကြောင့် နူနိုဆန်းတို့စ် နဲ့ အသင်းပိုင်ရှင်ကြားမှာ တော်တော်လေးကို အဆင်မပြေဖြစ်ခဲ့ပါတယ် ။ အဲ့နောက် အသင်းပိုင်ရှင်အနေနဲ့ နူနိုဆန်းတို့စ် ကို နည်းပြရာထူးကနေ ထုပ်ပယ်ပြီး တော်တင်ဟမ် စပါးအသင်းနဲ့ အတူ ယူရိုပါလိဂ် ဖလားကြီးကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် နည်းပြရာထူးကနေ ထုပ်ပယ်ခံခဲ့ရတဲ့ အန့် ပိုစေလို ဂလူးကို နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့ နည်းပြအဖြစ်ခန့်အပ်ခဲ့တယ် ။ နော်တင်ဟမ် ဖောရက်စ် အသင်းပိုင်ရှင် အနေနဲ့ တော်တော်လေးကို မှားယွင်းတဲ့ လုပ်ရပ်တစ်ချို့ကို ပြုလုပ်ခဲ့တယ် ။ သူ့ရဲ့ အတ္တတစ်ချို့ကြောင့် နော်တင်ဟမ်ဖောရက်စ် အသင်းကို လူရိုသေ ၊ ရှင်ရိုသေ အသင်းတစ်သင်း အသွင်ဖြစ်အောင် ဖော်ဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြကြီး နူနိုဆန်းတို့စ် ကို လွယ်လွယ်ကူကူ လက်လွှတ်ခဲ့သလို ၊ သူ့ အသင်းရဲ့ ကစားပုံ ၊ ကစားဟန် နဲ့ လားလားမှမသတ်ဆိုင်တဲ့ နည်းပြကြီး ပိုစေလို ဂလူးကို နည်းပြအဖြစ်ခန့်အပ်ခဲ့တယ် ။ အန့် ပိုစေလို ဂလူး အနေနဲ့ တိုက်စစ်အားသန် နည်းပြတစ်ယောက်ဖြစ်ပေမယ့် နော်တင်ဟမ် အသင်းက ခံစစ် ကို ကျစ်ကျစ်လစ်လစ် ကစားကာ တန်ပြန်တိုက်စစ်တွေနဲ့ အသင်းတိုင်းကို ဒုက္ခပေးနိုင်တဲ့ အသင်းတစ်သင်းဖြစ်တာကြောင့် အန့် နဲ့ နော်တင်ဟမ် အသင်းရဲ့ ပေါင်းစပ်ခြင်းက ဘယ်လိုမှ အဆင်မပြေပါဘူး ။
အန့် အနေနဲ့ နော်တင်ဟမ် ဖောရက်စ် အသင်းကို စတင် ကိုင်တွယ်ပြီး ၃၉ ရက်အကြာမှာပဲ နည်းပြရာထူးကနေထုပ်ပယ်ခံခဲ့ရတာပဲဖြစ်ပါတယ် ။ အန့် ပိုစေလိုဂလူး အနေနဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းကို ၈ ပွဲ ကိုင်တွယ်ခဲ့ပေမယ့် နိုင်ပွဲဆိုလို့ တစ်ပွဲတောင်မရရှိခဲ့ပဲ တော်တော်လေးကို ဆိုးဝါးတဲ့ ကစားပုံ တွေကိုသာ ပြသနိုင်ခဲ့တာပဲဖြစ်ပါတယ်။ နော်တင်ဟမ် ဖောရက်စ် အသင်းအနေနဲ့ နည်းပြရာထူးအတွက် ဘယ်သူကို ခန့်အပ်သွားမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#nottinghamforest
#angepostecoglou
#coach
#premierleague
#football
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)