ခရစ္စတယ်ပဲလေ့စ် အသင်းကို ရင်ဆိုင်ရခက်ခဲတဲ့ အသင်းတစ်သင်းဖြစ်အောင်ပြောင်းလဲနိုင်ခဲ့တဲ့ အိုလီဗာ ဂလက်ဆနာ
ခရစ္စတယ်ပဲလေ့စ် အသင်း က နည်းပြကြီး အိုလီဗာ ဂလက်ဆနာ ကို နည်းပြအဖြစ် ခန့်အပ်ပြီးတဲ့ အချိန်ကတည်း က တဖြည်းဖြည်းတိုးတက်လာပြီးရင်ဆိုင်ရခက်ခဲတဲ့ အသင်းတစ်သင်းပုံစံ အဖြစ်ပြောင်းလဲသွားခဲ့တယ် ။ လက်ရှိအချိန်ထိ ပရီးမီးယားလိဂ်မှာ အပြောင်းအရွှေ့ကာလတုန်းက ငွေသုံကြမ်းခဲ့ကြတဲ့ အသင်းကြီးတိုင်းက ရှုံးပွဲကိုယ်စီ ၊ ပြဿနာ ကိုယ်စီ နဲ့ ရင်ဆိုင်နေရတဲ့ အချိန် ရှုံးပွဲမရှိသေးတာဆိုလို့ ခရစ္စပဲလေ့စ် အသင်းတစ်သင်းသာ ကျန်ရှိတော့ပါတယ် ။ အိုလီဗာ ဂလက်ဆနာ က အာမိုရင် တစ်ယောက် အသုံးပြုရခက်ခဲနေတဲ့ 3-4-2-1 အိုင်ဒီယာ က ဘာလဲ ၊ ဘယ်လို အကောင်အထည်ဖော်ရလဲ ဆိုတာကို ကောင်းကောင်းကြီး ဆက်လက်ပြသနေတာပဲဖြစ်ပါတယ် ။ အခုချိန်မှာဆိုရင် ခရစ္စတယ်ပဲလေ့စ် အသင်းအနေနဲ့ ၁၈ ပွဲဆက် ရှုံးပွဲမရှိအောင် ကစားထားနိုင်တာပဲဖြစ်ပါတယ် ။ အဲဒီ ထဲမှာ အာဆင်နယ် ။ ချယ်ဆီး ၊ စပါး ၊ လီပါပူး ။ မန်စီးတီး စတဲ့ ပရီးမီးယားလိဂ် အသင်းကြီး တိုင်း ပါဝင်နေပါတယ် ။
အိုလီဗာ ဂလက်ဆနာ ရဲ့ ခရစ္စတယ်ပဲလေ့စ် အသင်းက ကိုယ်နဲ့ level တူ အသင်းတွေနဲ့ တွေ့ရင်လည်း အနိုင်ယူနိုင်သလို ၊ အသင်းကြီးတွေနဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာလည်း ကျစ်ကျစ်လစ်လစ် နဲ့ မာကြောတဲ့ ကစားပုံတစ်ခုနဲ့ အသင်းကြီးတွေဆီက အမှတ်ခွဲယူတက်တာကို မြင်တွေ့ရတယ် ။ အိုလီဗာ ဂလက်ဆနာ အနေနဲ့ လီပါပူး အသင်းနဲ့ ၃ ကြိမ်တိုင်တိုင်ရင်ဆိုင်ခဲ့ရပြီး ၃ ကြိမ်စလုံးကို မရှုံးနိမ့်အောင် ကစားနိုင်ခဲ့တယ် ။ မနှစ်ကဘောလုံးရာသီမှာလည်း ဘယ်သူမှ မထင်မှတ်ထားတာတွေကို လုပ်ပြနိုင်ခဲ့တယ် ။ မနှစ်က ဘောလုံးရာသီတုန်းက ခရစ္စတယ်ပဲလေ့စ် အသင်းအနေနဲ့ ကလပ်အသင်း ရဲ့ ပထမဆုံးသော ဆုဖလားဖြစ်တဲ့ FA ဖလားကို ပက် ရဲ့ မန်စီးတီး နဲ့ရင်ဆိုင်ကာ အကောင်းဆုံးကျော်ဖြတ်ကာ ဆွတ်ခူးနိုင်ခဲ့သလို ပရီးမီးယားလိဂ် ချန်ပီယံ လီပါပူး အသင်းကိုလည်း EFL CUP ဖိုနယ် ပွဲစဥ်မှာ အကောင်းဆုံးပုံစံ နဲ့ တုန့်ပြန်ကစားပြီး EFL CUP ကို ထိုက်ထိုက်တန်တန် သိမ်းပိုက်နိုင်ခဲ့ပြီပဲဖြစ်ပါတယ် ။ မနှစ်ကဘောလုံးရာသီတုန်းက နူနိုဆန်းတို့စ် ရဲ့ နော်တင်ဟမ်ဖောရက် အသင်းက ဘယ်သူမှ မထင်မှတ်ထားလောက်အောင် ခြေစွမ်းပြနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာအတွက်ပါ အသင်းကြီးတွေကို ကောင်းကောင်းကြီး ခြိမ်းခြောက်နိုင်ခဲ့ပါတယ် ။ အဲ့လိုပဲ ဒီနှစ်ဘောလုံးရာသီမှာလည်း အိုလီဗာ ဂလက်ဆနာ ရဲ့ ခရစ္စတယ်ပဲလေ့စ် အသင်းက စောင့်ကြည့်ချင်စရာ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းပဲဖြစ်ပါတယ် ။
မနှစ်ကဘောလုံးရာသီ ရာသီဝက် ကျော်ကျော်လောက် ထဲက ပုံစံကောင်းတစ်ခုကို ပြသနိုင်ခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ် အသင်းက အသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ အက်ဇီ ကို လက်လွှတ်ခဲ့ရတာတောင် သူတို့ရဲ့ အကောင်းဆုံးပုံစံကို ဒီနှစ်ဘောလုံးရာသီ အထိ ဆက်လက်ယူဆောင်လာနိုင်တုန်းပဲဖြစ်ပါတယ် ။ အိုလီဗာ ဂလက်ဆနာ အနေနဲ့ အချိန်တိုလေးအတွင်းမှာ ပရီးမီးယားလိဂ် အလယ်လတ်တန်းစား အသင်းတစ်သင်းကို ဥရောပဝင်ခွင့် ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ၊ ပြည်တွင်းဖလားတွေကိုလည်း ခက်ခဲပါတယ်ဆိုတဲ့ အသင်းကြီးတွေကို အကောင်းဆုံးကျော်ဖြတ်ပြီး သိမ်းပိုက်နိုင်ခဲ့ပါတယ် ။ အိုလီဗာ ဂလက်ဆနာ အနေနဲ့ အချိန်တိုလေးအတွင်းမှာ ခရစ္စတယ်ပဲလေ့စ် အသင်းကို ရင်ဆိုင်ရခက်ခဲတဲ့ အသင်းတစ်သင်းအဖြစ် ပြောင်လဲနိုင်ခဲ့ပြီဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်း ကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။
#mmmedia
#oliverglasner
#crystalpalace
#coach
#premierleague
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)