၃ရက်အတွင်း ဆုဖလားနှစ်လုံးကို လက်လွှတ်လိုက်ရတဲ့ ရီးရဲလ်မက်ဒရစ်အသင်း
အခုနောက်ပိုင်း ဥရောပ အသင်းကြီးတော်တော်များများက ပြဿနာအမျိုးမျိုးနဲ့ ရင်ဆိုင်နေရသလို နာမည်ကြီး နည်းပြတွေလည်း အသင်းကနေ တစ်ယောက်ပြီးတစ်ယောက် အထုပ်ခံခဲ့ရတယ် ။ အရင်ဆုံး ချဲလ်ဆီး အသင်းအနေနဲ့ အန်ဇိုမာရက်စကာကို ရာထူးကနေထုပ်ပယ်ခဲ့သလို ၊ မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ကလည်း ရလဒ်တွေဆိုးဝါးနေခဲ့တဲ့ ရူဗင် အာမိုရင် ကို စောစောစီးစီး ရာထူးကနေထုပ်ပယ်ခဲ့တယ် ။ အဲ့ထက်ဆိုးတာကတော့ ဥရောပ ဘုရင်ကြီး ရီးရဲလ်မက်ဒရစ် အသင်းပဲ ။ ဒီနှစ်ဘောလုံးရာသီ အစမှ မျှော်လင့်ချက်ကြီးကြီးမားမား နဲ့ ခေါ်ယူခဲ့တဲ့ သူတို့ရဲ့ ကစားသမားဟောင်းလဲဖြစ် ၊ ဂျာမန်မြေမှာ ဂျာမန် ဘီလူးကြီး ဘာယန်မြူးနစ် အသင်းကို နောက်ကောက်ချကာ ရှုံးပွဲမရှိစံချိန် နဲ့ ချန်ပီယံ ဖလားကြီး ကို ထိုက်ထိုက်တန်တန် သိမ်းပိုက်ပြခဲ့တဲ့ နည်းပြတစ်ယောက်လည်းဖြစ်တဲ့ ဇာဗီအလွန်ဆိုကို နည်းပြအဖြစ်ခန့်အပ်ခဲ့တယ် ။
ဒါပေမယ့် ရာသီဝက် အနေအထားမှာပဲ ဇာဗီအလွန်ဆို ကို နည်းပြ ရာထူးကနေထုပ်ပယ်ခဲ့တယ် ။ လွန်ခဲ့တဲ့ 3 ရက်လောက်က ဇာဗီအလွန်ဆို ရဲ့ ရီးရဲလ်မက်ဒရစ် အသင်းက အဓိကပြိုင်ဘက် ဘာစီလိုနာ အသင်းကို Super Cup Final မှာ ရှုံးနိမ့်ခဲ့ပြီး ဆုဖလားတစ်လုံးကို လက်လွှတ်ခဲ့ရတယ် ။ ဒီပြိုင်ပွဲအပြီးမှာပဲ ဇာဗီ အလွန်ဆို အနေနဲ့ ရီးရဲလ်မက်ဒရစ် နည်းပြရာထူးကနေ ထုပ်ပယ်ခံခဲ့ရတယ် ။ ဇာဗီ အလွန်ဆို အနေနဲ့ ရလဒ်ပိုင်းက ထင်သလောက် မဆိုးဝါးသေးပေမယ့် အသင်းရဲ့ အဓိက ကစားသမားတော်တော်များများ နဲ့ အဆင်မပြေဖြစ်ခဲ့ပြီး စောစောစီးစီးပဲ နည်းပြရာထူးကနေ ထုပ်ပယ်ခံခဲ့ရတယ် ။ အဲ့နောက် ရီးရဲလ်မက်ဒရစ် အသင်း တာဝန်ရှိသူတွေက နည်းပြ အသစ် တစ်ယောက်ကို အလျင်စလို မရှာဖွေပဲ ဒီနှစ်ဘောလုံးရာသီ ကုန်ဆုံးတဲ့ အချိန်မှသာ ဝါရင့်သဘာရင့် နည်းပြတစ်ယောက်ကို ခေါ်ယူဖို့အတွက် စီစဥ်ခဲ့ပြီး ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အကယ်ဒမီ နည်းပြ အာဘီလိုအာ ကို ယာယီနည်းပြအဖြစ်ခန့်အပ်ခဲ့တယ် ။ နည်းပြ အာဘီလိုအာ ကိုင်တွယ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းက ပထမဆုံးပွဲစဥ်အနေနဲ့ ဒုတိယတန်းကလပ် အယ်ဘာစီတီ ကို ဘုရင့်ဖလား ၁၆သင်းအဆင့်မှာ ရင်ဆိုင်ခဲ့ရတယ် ။
မနေ့က ကစားခဲ့တဲ့ ပွဲစဥ်မှာ ရီးရဲလ်မက်ဒရစ် အသင်းအနေနဲ့ ဒုတိယတန်းကလပ်အသင်းဖြစ်တဲ့ အယ်ဘာစီလီ အသင်းကို 3-2 ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ စောစောစီးစီးပဲနှုတ်ထွက်ခဲ့ရပါတယ် ။ ဒါက ရီးရဲလ်မက်ဒရစ် အသင်းအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပဲဖြစ်ပါတယ် ။ လွန်ခဲ့တဲ့ 3 ရက်ကပဲ Super Cup ကို အဓိကပြိုင်ဘက် ဘာစီလိုနာ အသင်းထံ အပ်နှင်းခဲ့ရသလို နောက်သိပ်မကြာခင်မှာပဲ နောက်ထပ် ပြည်တွင်းဖလား ပြိုင်ပွဲတစ်ခုကနေ စောစောစီးစီထွက်ခဲ့ရတာပဲဖြစ်ပါတယ် ။ ရီးရဲလ်မက်ဒရစ် အသင်းက 3 ရက်အတွက် ဆုဖလား 2 ခုကို လက်လွှတ်ဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။
#mmmedia
#realmadrid
#europe
#coach
#football
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)