အန်းဖီးကွင်းမှာ ဒုတိယမြောက် ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရတဲ့ ဇာဗီ အလွန်ဆို
ဇာဗီ အလွန်ဆို အနေနဲ့ သူက နည်းပြတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေနဲ့ ပြည့်ဝတယ်ဆိုတာကို လီဘာကူဆင် အသင်းနဲ့အတူ ကောင်းကောင်းကြီး သက်သေပြပြီးသားဖြစ်ပါတယ် ။ ဘိုင်ယန်မြူးနစ် အသင်းပဲ ကြီးစိုးနေတဲ့ ဘွန်ဒက်လီဂါ ကို တစ်ရာသီလုံး ရှုံးပွဲမရှိတဲ့ စံချိန်နဲ့ အရသိမ်းပိုက်ပြခဲ့သလို ဘိုင်ယန်မြူးနစ် အသင်းကိုလည်း အကြိမ်ကြိမ် အလဲထိုးပြခဲ့တယ် ။ သူ့ရဲ့ ပြည့်ဝတဲ့ အရည်အချင်းတွေကြောင့်ပဲ သူ့ရဲ့ အသင်းဟောင်း ရီးရဲလ်မက်ဒရစ် အသင်းက အန်ဆယ်လော့တီ အသင်းကထွက်ခွာမယ်ဆိုကတည်းက ဇာဗီ အလွန်ဆိုကို အရခေါ်ယူထားခဲ့တာပဲဖြစ်ပါတယ် ။ ရီးရဲလ်မက်ဒရစ် အသင်းအနေနဲ့ မနှစ်ကရာသီ ဆုဖလားလက်မဲ့ ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရသလို အဓိက ပြိုင်ဘက် ဘာစီလိုနာ အသင်းကိုလည်း တွေ့တိုင်းအရှုံးပေးခဲ့ရတာကြောင့် ဒီရာသီမှာပြောင်းလဲပြင်ဆင်မှုပေါင်းများစွာကို ပြုလုပ်ခဲ့တယ် ။ အလွန်ဆို စိတ်ကြိုက်ကစားသမားကောင်းပေါင်းများစွာကို ဝယ်ယူအားဖြည့်ပေးခဲ့တယ် ။
အလွန်ဆို အနေနဲ့လည်း နိုင်သင့်နိုင်ထိုက်တဲ့ ပွဲစဥ်တိုင်းကို နိုင်အောင်ကစားနိုင်ခဲ့သလို သူ့ရဲ့ ကစားပုံ ၊ ကစားကွက် သူသွားချင်နေတဲ့ system ကိုလည်း အမြဲလိုလို စမ်းပြီး update လုပ်တယ် ။ ဒီရာသီ ဘာစီလိုနာ အသင်းနဲ့ ပထမဆုံး ပြန်လည်တွေ့ဆုံတဲ့ ပွဲစဥ်မှာ ဖိဖိစီးစီး ကစားပြီး အနိုင်ရရှိခဲ့တယ် ။ အဲ့နောက်ပိုင်မှာ အလွန်ဆို အနေနဲ့ သူတစ်ကြိမ်အရှုံးပေးခဲ့ရတဲ့ အန်ဖီး မှာ ချန်ပီယံလိဂ် ပွဲစဥ်အဖြစ် လီပါပူး အသင်းနဲ့ ရင်ဆိုင်ခဲ့ရတယ် ။ အန်ဖီး ဆိုတဲ့ ကွင်းက ဘယ်လောက်တောင် ကစားရခက်ခဲလည်းဆိုတာ ပြောပြနေစရာတောင်မလိုပါဘူး ။ အန်ဖီး ဆိုတာ အနိုင်ရရှိဖို့တာ အရမ်းကိုခက်ခဲတဲ့ ကွင်းတစ်ကွင်းပဲဖြစ်ပါတယ် ။ ဇာဗီ အလွန်ဆို အနေနဲ့လည်း မနှစ်ကဘောလုံးရာသီ လီဘာကူဆင် အသင်းကို ကိုင်တွယ်စဥ်အချိန်တုန်းက အန်ဖီးမှာ တစ်ကြိမ် အရေးနိမ့်ထားဖူးခဲ့တယ် ။ ဒီတစ်ကြိမ်မှာလည်း ပိုမို အင်အားကောင်းတဲ့အသင်း ၊ ပိုပြီး ကစားသမားစုဖွဲ့မှုကောင်းတဲ့ အသင်းတစ်သင်းနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အနိုင်ရရှိအောင်မစွမ်းဆောင်နိုင်ခဲ့ပါဘူး ။
လီပါပူး အသင်းအနေနဲ့ ဒီနောက်ပိုင်း ရုန်းကန်နေရပေမယ့် ရီးရဲလ်အသင်းနဲ့ ပွဲစဥ်မှာတော့ ဖိဖိစီးစီ နဲ့ကို ကစားပြီးအနိုင်ယူခဲ့တာပဲဖြစ်ပါတယ် ။ ဒီပွဲစဥ်က ဇာဗီ အလွန်ဆို ရဲ့ နည်းပြ ဘဝ ဒုတိယ အကြိမ်မြောက် အန်ဖီးကွင်းမှာ ရှုံးနိမ့်တဲ့ ပွဲစဥ် တစ်ပွဲပဲဖြစ်ပါတယ် ။ ချန်ပီယံလိဂ် ရှုံးထွက် အဆင့်ပွဲစဥ်တွေမှာလည်း ဇာဗီ အလွန်ဆိုအနေနဲ့ လီပါပူး အသင်းနဲ့ တွေ့ဆုံနိုင်သေးတာကြောင့် နောက်တစ်ကြိမ်တွေ့ဆုံခဲ့ရင် အနိုင်ယူနိုင်မလားဆိုတာစောင့်ကြည့်ရအုံးမှာပဲဖြစ်ပါတယ် ။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#realmadrid
#xabialonso
#coach
#laliga
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)