ဇာဗီ ကို နည်းပြရားထူးအတွက် စောင့်ကြည့်နေတဲ့ မန်ချက်စတာယူနိုက်တက်
မန်ချက်စတာယူနိုက်တက် အသင်းက နည်းပြတန်ဟက် လက်ထက်မှာ ပြည်တွင်းဖလားတွေ ဆွတ်ခူးနိုင်ပေမယ့် အသင်းတိုင်းကို ရင်ဆိုင်နိုင်တဲ့ အသင်းတစ်သင်းအသွင်တော့ဖြစ်မနေပါဘူး ။ အဲ့နောက် အသင်းရဲ့ ရလဒ်ပိုင်းဆိုးဝါးလာတဲ့ အပြင် တန်ဟက် အနေနဲ့ အသင်းရှိ ကစားသမားတော်တော်များများ နဲ့လည်း အဆင်မပြေဖြစ်ခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက် အသင်းတာဝန်ရှိသူတွေအနေနဲ့ ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ တန်ဟက် ကို နည်းပြရာထူး ကနေ ထုပ်ပယ်ပြီး စပို့တင်း အသင်းနဲ့အတူ ပုံစံကောင်းတွေကို ပြသနေတဲ့ လူငယ်နည်းပြ အာမိုရင် ကို အသင်းရဲ့ နည်းပြအဖြစ်ခန့်အပ်ခဲ့တယ် ။ အာမိုရင် ဆိုတာ အရည်အချင်း နဲ့ အလားအလာ ပိုင်းမှာမေးခွန်းထုပ်စရာမလိုအောင် ကောင်းမွန်တဲ့ နည်းပြတစ်ယောက်ပဲဖြစ်ပါတယ် ။ အာမိုရင် က မန်ချက်စတာယူနိုက်တက် အသင်းကို စတင်ကိုင်တွယ်တဲ့ အချိန်မှာ သူ့ရဲ့ စတင်အောင်မြင်တဲ့ ကစားပုံလည်းဖြစ် ၊ သူ့ရဲ့ စိတ်ကြိုက်ကစားကွက်လည်းဖြစ်တဲ့ ၃-၄-၂-၁ နဲ့သာ အသင်းကို စတင်တည်ဆောက်ခဲ့တယ် ။
ဒီကစားကွက် အခြားလိဂ် တွေမှာ အဆင်ပြေကောင်းပြေနိုင်ပေမယ့် ပရီးမီးယားလိဂ်လို ကြံ့ခိုင်မှုအသားပေးပြီး လျင်လျင်မြန်မြန် ကစားတက်တဲ့ လိဂ်မျိုးမှာတော့ ထင်ထားသလောက် အဆင်မပြေပါဘူး ။ ပရီးမီးယားလိဂ် ကလပ်အသင်းတော်တော်များများက ဒီကစာပုံ ကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ ကောင်းကောင်းကြီးနားလည်နေပါပြီ ။ အာမိုရင် သွားချင်တဲ့ ပုံစံနဲ့ဆိုရင် ကမ္ဘာ့အဆင့် WING BACK ကစားသမားတွေလိုအပ်သလို ၊ ကွင်းလယ်မှာလည်း သက်လုံကောင်းကောင်းနဲ့ တစ်ကွင်းလုံးကိုဖြည့်ဆော့ပေးနိုင်တဲ့ ကစားသမားတွေလိုအပ်ပါတယ် ။ မန်ချက်စတာယူနိုက်တက် အသင်းမှာ အခုလို ကစားသမားတွေ မရှိပါဘူး ။ အာမိုရင် အနေနဲ့လည်း အဆင်မပြေတာကို သိသိကြီးနဲ့ သူ့ကစားပုံ ကို ပြောင်းလဲပစ်ဖို့အတွက် ခေါင်းမာနေပါတယ် ။ အဲ့တာကြောင့်ပဲ မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ မနှစ်ကဘောလုံးရာသီမှာလည်း အဆိုးဆုံးအခြေအနေတွေ နဲ့ ရင်ဆိုင်ခဲ့ရသလို ၊ ဒီနှစ်ရာသီမှာလည်း အားကောင်းတဲ့ကစာသမားဖြည့်မှုတွေပြုလုပ်နိုင်ခဲ့ပေမယ့် အသင်းရဲ့ အခြေအနေတွေ ၊ ရလဒ်တွေက တိုးတက်မှုဆိုတာ မမြင်ရပါဘူး ။ လူငယ် နည်းပြတိုင်းက ခေါင်းမာတက်ကြပေမယ့် အာမိုရင် အနေနဲ့ ဒီလောက်ခေါင်းမာနေတာကတော့ ပြဿနာရှိပါတယ် ။ မန်ချက်စတာယူနိုက်တက် ဆိုတဲ့ အသင်းက တောင်းဆိုမှု အရမ်းများတဲ့ ကလပ်အသင်းတစ်သင်းပဲဖြစ်ပါတယ် ။
အာမိုရင် အနေနဲ့ မန်ချက်စတာယူနိုက်တက် အသင်းကို ကိုင်တွယ်တာ တစ်နှစ်ပြည့်တော့မှာဖြစ်ပေမယ့် တိုးတက်မှု တစ်စုံတစ်ရာကို မတွေ့မြင်ရတဲ့ အပြင် အသင်းရဲ့ ရလဒ်ပိုင်းတွေမှာလည်း အားရစရာမရှိပါဘူး ။ အဲ့တာကြောင့် မန်ချက်စတာယူနိုက်တက် အသင်းတာဝန်ရှိသူတွေအနေနဲ့ အခုနောက်ပိုင်း ဖိအားတွေများလာပြီး အမှားတွေပဲ ဆက်တိုက်လုပ်နေတဲ့ အာမိုရင် ရဲ့ နည်းပြနေရာအတွက် ဘာစီလိုနာ အသင်းရဲ့ နည်းပြဟောင်းဖြစ်တဲ့ ဇာဗီ ကို စောင့်ကြည့်နေပါတယ် ။ မန်ချက်စတာယူနိုက်တက် အသင်းတာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်ကို စောင့်ကြည့်ရဦးမှာဖြစ်ပါတယ် ။ ဇာဗီ ဆိုရင်ရော မန်ချက်စတာယူနိုက်တက် အသင်း ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းပေးသွားနိုင်မယ်ထင်လား ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။
#mmmedia
#rubenamorim
#manchesterunited
#coach
#xabialonso
#premierleague
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)