ဘောလုံးလောက ရဲ့ အတွဲညီဆုံးအကောင်းဆုံး ခံစစ်တွဲများ
တိုက်စစ် ကစားသမားတွေ အတွက် ခံစစ် ကစားသမားကောင်းတွေ ဟာ အိပ်မက်ဆိုးပါပဲ။ခံစစ်ကစားသမားတွေ ဆိုတာ အသင်းတစ်သင်းရဲ့ အသက် သွေးကြော လို့ပြောရင်မမှားပါဘူး ။ တိုက်စစ် က ဘယ်လောက်ပဲ ကောင်းကောင်း ၊ ဂိုးဘယ်လောက် ပဲ သွင်းသွင်း ခံစစ် ကြောင်း ကပေါက်ထွက် နေရင် အနိုင် ရရှိမှာ မဟုတ် ပါဘူး။ ဂျူပင် နှင့် အီတလီ အသင်းရဲ့ နောက်ခံ ကစားသမား ချီလီနီ ဟာ အခု လိုပဲ ပြောဖူးပါတယ် ။ တိုက်စစ် ကစားသမား တွေ ဟာ ခံစစ် ကစားခြင်း အနုပညာ ကို နားလည် မှာ မဟုတ် ပါဘူး ။ ခံစစ် ကစား ခြင်း ဟာ ကြမ်းတမ်း သလိုလို နဲ့အင်မတန် အနုပညာ ဆန်ပါတယ်။ တိုက်စစ် ကစားတွေ ရဲ့ ပြေးထွက်မယ့် လမ်းကြောင်း ၊ ဘောလုံးထိန်းသိမ်းပုံ စတာတွေကို ကြို တင်မှန်းဆ တွက်ချက် ပြီးမှ ဖြတ်ထုပ် ရတာကြာင့် ထင်သလောက်မလွယ်ကူ ပါဘူး။ ခေတ်အဆက်ဆက် ကောင်းမွန်သော တိုက်စစ် အတွဲ ကစားသမား အများအပြား ပေါ်ထွက် ခဲ့ဖူး သလို ခံစစ်မှာလည်း နှစ်ဦးနှစ်ဖက် နားလည်မှု ရှိရှိ နဲ့ အသင်းအတွက် အများကြီး အထောက်အကူ ပြုသွားတဲ့ ခံစစ် အတွဲ တွေလည်းရှိခဲ့ကြပါတယ်။
၁. ဆာဂျီရို ရာမို့ နဲ့ ပီပီ
ဆာဂျီရို ရာမို့ နဲ့ ပီပီ တို့ ကတော့ ခပ် ကြမ်းကြမ်း ကစားပြီး ရီးရဲလ် အသင်းရဲ့ ခံစစ် အကြောင်းကို အကောင်းဆုံး ကာကွယ် နိုင်ခဲ့တယ်။ ဆာဂျီရို ရာမို့ နဲ့ ပီပီ တို့ ခံစစ် အတွဲ ဟာ ရီးရဲလ် အသင်း နှင့် အတူ လာလီဂါဖလား ( ၃ ) လုံး ၊ ချန်ပီယံ လိဒ် ဖလား ( ၃ ) လုံး ၊ ကိုပါဒယ်ရေး ဖလား ( ၂ )လုံး တို့ကို သူတို့ရဲ့ ခပ်ကြမ်းကြမ်း ကစား ပုံတွေနဲ့ အသင်းရဲ့ ခံစစ်ကြောင်း ကို အကောင်းဆုံး ထိန်းချုပ်ပြီး ဆုဖလားပေါင်းများစွာ ကို သိမ်းပိုက် နိုင်ခဲ့တယ်။
၂. ဂျွန်တယ်ရီ နဲ့ ကာဗယ်ဟို
ချယ်ဆီး အသင်း ရဲ့ ဆုဖလား စိန်ခေါ် မှု သွားရာ လမ်းကြောင်း မှာ ဂျွန်တယ်ရီ နဲ့ ကာဗယ်ဟိုဟာ အဓိက နေရာ ကပါဝင် ခဲ့ပြီး ၊ နည်းပြ မော်ရင်ဟို ရဲ့ လက်အောက် တွင် ရှယ်ကြမ်း ပြခဲ့တဲ့ခံစစ် အတွဲ လည်းဖြစ်တယ်။ ၂၀၀၄ ခုနှစ် က ပရီးမီးယားလိဂ် လိုမျိုး ပြိုင်ဆိုင် မှု ပြင်းထန်တဲ့ လိဂ်တွင် တစ်ရာသီ လုံးမှာ ၁၅ ဂိုးသာ ခွင့်ပြု ခဲ့ရပြီး အဲ့စံချိန်ကို ဒီနေ့ဒီချိန်ထိ ဘယ်အသင်းမှ မချိုးဖျက် နိုင်သေးပါဘူး။ တစ်ဖတ်အသင်း ရဲ့ တိုက်စစ် ကစားကွက် ပျောက်အောင် off the ballတွေ မှာ ပါ အကောင်းဆုံး ကစားတက် တဲ့ ခံစစ် အတွဲ လည်းဖြစ်ပါတယ်။ဂျွန်တယ်ရီ နဲ့ ကာဗယ်ဟို တို့ ဟာ ချယ်ဆီး အသင်းတွင် ပရီးမီးယားလိဂ် ဖလား ( ၃ ) လုံး ၊ FA ဖလား ( ၃) လုံး ၊ ကားလင်းဖလား ( ၂ )လုံး ၊ FA ကွန်မြူနတီဒိုင်း ( ၂ ) ကြိမ် တို့ကို ရရှိခဲ့တယ်။
၃, ရော်ဘတ်တို ကားလို့စ် နဲ့ ကာဖူး
ရော်ဘတ်တို ကားလို့စ် နဲ့ ကာဖူး ဟာ ကလပ် အသင်းတစ်သင်းထဲမှာ တူတူ တွဲမကစားဖူးပါဘူး ။ နိုင်ငံ အသင်း ဖြစ်တဲ့ ဘရာဇီး အသင်းတွင် သာ တွဲဖတ်ကစားဖူး တာဖြစ်ပြီး အမြင့်ဆုံးပျံသန်းခဲ့ကြပါတယ်။ဗဟို ခံစစ် ကစားသမားများ မဟုတ်ပဲ ဘယ်တောင်ပံ ခံစစ် နဲ့ ညာတောင်ပံ ခံစစ်ကစားသမားများ ဖြစ်တယ်။ ရော်ဘတ်တို ကားလို့စ် နဲ့ ကာဖူး နှစ်ယောက်စလုံးဟာ အသင်းရဲ့ ခံစစ် ပိုင်းကို လုံခြုံ စေရုံသာမက ၊ အသင်းရဲ့ တိုက်စစ် လမ်းကြောင်းတွေ မှာပါ များစွာ အကျိုးပြုခဲ့တယ်။ ပြိုင်ဘက် တောင်ပံ ကစားသမားတွေ အတွက်တော့ ရော်ဘတ်တို ကားလို့စ် နဲ့ ကာဖူး ဟာ အိမ်မက်ဆိုး ပဲဖြစ်တယ်။ ကားလို့စ် ဟာ ဖရီးကစ် ကန်ရာ တွင် လည်း ကောင်းမွန် ပြီး ဘရာဇီး အသင်းရဲ့ long ဖရီးကစ် တော်တော်များများ ကို ကန်လေ့ ရှိတယ်။ ကမ္ဘာ့ဖလား ပွဲစဥ်တစ်ခု ဖြစ်တဲ့ ပြင်သစ် အသင်း ရဲ့ ပွဲစဥ်က ရော်ဘတ်တို ကားလို့စ် ရဲ့ ဖရီး ကစ် က ကမ္ဘာ့ အကောင်းဆုံး ဖရီးကစ်အဖြစ် ယနေ့ ထိ သတ်မှတ် ခြင်းခံရသည်။၁၉၉၄ ခုနှစ် ကမ္ဘာ့ဖလား ဖိုင်နယ် ပွဲစဥ် ဟာ ကာဖူး ရဲ့ အကောင်းဆုံး ပွဲတွေထဲ ကတစ်ခု ဖြစ်တယ်။ရော်ဘတ်တို ကားလို့စ် နဲ့ ကာဖူး ကတော့ ဖီဖာကမ္ဘာ့ဖလား ( ၁ )ကြိမ် ၊ ကိုပါအမေရိက ဖလား ( ၂ )ကြိမ် ၊ ဖီဖာကွန်ဖက်ဒရေးရှင်းဖလား ( ၁ ) ကြိမ် တို့ကို ရရှိခဲ့တယ်။
၄. ဘူနိချီ နဲ့ ချီလီနီ
ခံစစ်ကစားသမား ခြင်း အနုပညာ အကြောင်းပြော မယ်ဆို ရင် အီတလီ နိုင်ငံ ကိုဖယ်ထားလို့ မရပါဘူး ။ အီတလီ စီးရီးအေလိဂ် အသင်းများ နဲ့ အီတလီအသင်းက ခံစစ် ဦးစားပေး ကစားတဲ့ အသင်းဖြစ်တယ်။ဘူနိချီ နဲ့ ချီလီနီ တို့ဟာ ကလပ်အသင်းမှာ ရော ၊ နိုင်ငံ အသင်းမှာ ရော နှစ်အတော်တန်ကြာ တွဲဖက်ကစားခဲ့ပြီး ဆုဖလားများစွာကို လဲရယူနိုင်ခဲ့သည်။ ဘူနိချီ နဲ့ ချီလီနီ ဟာ အီတလီ အသင်းနှင့် ယူရို ဖလား ( ၁ )ကြိမ်၊ စီးရီးအေ ဖလား ( ၈ )ကြိမ်၊ coppa italia ဖလား ( ၄ )ကြိမ် ၊ supercopa italia ဖလား ( ၅ )ကြိမ် တို့ကို ရရှိခဲ့ပြီး၊ ဆုဖလားများ သိမ်းပိုက် ရာတွင် အသင်းရဲ့ အဓိက ထောက်တိုင်အဖြစ် ပါဝင်ခဲ့သည်။
၅,နီမာဂျာ ဗီဒစ် နဲ့ ရီယို ဖာဒီနန်
နီမာဂျာ ဗီဒစ် နဲ့ ရီယို ဖာဒီနန် ဟာ ပရီးမီးယားလိဂ် သာမက ကမ္ဘာ ဘောလုံး လောကရဲ့ အကောင်း ခံစစ် အတွဲတွေ ထဲက ခံစစ်အတွဲ တစ်တွဲ ဖြစ်ပါတယ်။ ထိုခံစစ်အတွဲ က နားလည် မှု ရှိရှိ နဲ့ ကစားပြီး ၊ မန်ယူ အသင်းရဲ့ ရွှေရောင်ခေတ်သွားရာ လမ်းတွင် ခံစစ်ကို အကောင်းဆုံး ထိန်းချုပ် ကစားပြီး ခံစစ်မှာမဟာ တံတိုင်း သဖွယ် လုံခြုံစေခဲ့တယ်။နည်းပြ ကြီး ဖာဂူဆန် ရဲ့ အကြိုက် နှစ်သက်ဆုံး ခံစစ် အတွဲလဲဖြစ်တယ်။ ဗီဒစ် ဟာကွင်းထဲမှာ သူဘာလုပ် ချင်နေတယ်ဆိုတာကို ကောင်းကောင်းသိတာ ဖာဒီနန် ပဲ ရှိတယ် လို့ဆိုပါတယ်။နီမာဂျာ ဗီဒစ် နဲ့ ရီယို ဖာဒီနန် တို့က ခံစစ် ကို အကောင်းဆုံးတွဲဖက် ကစားပြီး မန်ချက်စတာ ယူနိုက်နဲ့အတူ ပရီးမီးယားလိဂ် ဖလား ( ၅ )ကြိမ် ၊ ကားရင်းဖလား ( ၂ ) ကြိမ်၊ FA ကွန်မြူနတီဒိုငိး ( ၄ )ကြိမ် ၊ ချန်ပီယံ လိဂ် ဖလား ( ၁ )ကြိမ် ၊ ဖီဖာကလပ်ဖလား ( ၁ )ကြိမ် တို့ကို ရရှိခဲ့တယ်။
၆,ပါလို မာဒီနီ နဲ့ နက်စတာ
မီလန် တစ်ခေတ် မှာ အကောင်းခြေစွမ်း တွေနဲ့ အတူ တစ်ဖတ်အသင်း ရဲ့ ကစားသမားတွေ ကြောက်ရလောက်အောင် ခံစစ် ကို အကောင်းဆုံး မောင်းတင်ခဲ့တဲ့ ခံစစ် အတွဲကတော့ ပါလို မာဒီနီ နဲ့ နက်စတာပဲ ဖြစ်တယ်။ မာဒီနီ ဦးဆောင်တဲ့ နောက်တန်း ဟာ ကျစ်လစ်ပြီး၊ ကမ္ဘ့ာ အကောင်းဆုံး ခံစစ် ကစားသမား ၂နှစ်ယောက် ထိန်းကြောင်းတဲ့ ခံစစ် ဟာ အီတလီ ခံစစ် အနုပညာကို ကောင်းကောင်းကြီးပြသခဲ့တယ်။ ပါလို မာဒီနီ နဲ့ နက်စတာ တို့ဟာ နိုင်လိုစိတ် ပြင်းပြသော ကစားသမားများ ဖြစ်ပြီး ၊ ခေါင်းဆောင် စိတ်အပြည့် အဝ ရှိသောကစားသမား များလည်းဖြစ်တယ်။ ပါလို မာဒီနီ နဲ့ နက်စတာ တို့က အတူတူ တွဲဖက် ကစားပြီး အီတလီ စီးရီးအေ ( ၂ )ကြိမ် ၊ coppa italia ဖလား ( ၁ )ကြိမ်၊ Supercoppa italiana ဖလား ( ၁ ) ကြိမ်၊ ချန်ပီယံ လိဂ် ဖလား ( ၁ ) ကြိမ် ၊ ယူအီးအက်ဖေ စူပါဖလား ( ၁ ) ကြိမ် ၊ဖီဖာ ကလပ်ဖလား ( ၁ ) ကြိမ် ရရှိ ခဲ့တယ်။
၇. ကားလက် ပူယိုးလ် နဲ့ ပီကေး
ကားလက် ပူယိုးလ် နဲ့ ပီကေး က ပက်ဂွာဒီယိုလာ လက်ထပ် ဘာစီလိုနာ ရဲ့ ရွှေ ရောင်နေ့ရက် တွေ အတွက် အကောင်းဆုံး အသင်းကို ကာကွယ် ပေးပြီး ဆုဖလားများ ရရှိစေခဲ့တဲ့ သော့ချက်လဲ ဖြစ်ခဲ့တယ်။ ဘာစီလိုနာ တစ်သင်းထဲတွင် မကပဲ စပိန် အသင်းရဲ့ ရွှေရောင် တစ်ခေတ် ကိုပါ တူတူဖြတ်သန်းခဲ့ကြပြီး ၊ ကလပ်အသင်းနဲ့ ရော နိုင်ငံ အသင်း နဲ့ ပါအကောင်းဆုံးခြေစွမ်းတွေနဲ့ အတူ ဆုဖလားများစွာ သိမ်းပိုက်နိုင် ခဲ့တယ်။ ကားလက် ပူယိုးလ် နဲ့ ပီကေး ဟာ အကောင်းဆုံးတွဲဖက် ကစားပြီး ကမ္ဘာဖလား ( ၁ ) ကြိမ် ၊ လာလီဂါဖလား ( ၄ )ကြိမ် ၊ ကိုပါဒယ်ရေးဖလား ( ၂ ) ကြိမ်၊ supercopa de espana ဖလား ( ၂ ) ကြိမ် ၊ချန်ပီယံလိဒ် ဖလား ( ၂ ) ကြိမ် ၊ UEFA Super Cup ( ၁ ) ကြိမ် ၊ FIFA Club World Cup ( ၂ ) ကြိမ် တို့ကို ဆွတ်ခူး နိုင် ခဲ့တယ်။
ဟုတ်ကဲ့ပါ ဒီကစားသမားတွေကတော့ ဘောလုံးလောကရဲ့ အကောင်းဆုံး ခံစစ် အတွဲတွေပဲ ဖြစ်ပါတယ်။
ပရိတ်သတ်တွေရော ဘယ်ခံစစ် အတွဲကို အကြိုက် နှစ်သက်ဆုံးလဲဆို တာ Comment မှာ ဝင်ရောက်ဆွေးနွေး ပေးသွားကြပါဦး။ အဆုံးထိ ကြည့်ရှုခဲ့ကြတဲ့ တစ်ဥိးတစ်ယောက်ချင်းဆီ ကိုကျေးဇူးအများကြီး တင်ရှိပါတယ်။
#mmmedia
#sergioramos
#pepe
#johnterry
#carvalho
#robertocarlos
#cafu
#buhnici
#chiellini
#nemanjavidic
#paolomadini
#nestor
#carlespuyol
#pique
LATEST NEWS
Top 5 Football Clubs with the Highest Average Matchday Revenue in the 21st Century
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )