မွေ့ထိုင်း ရဲ့ မင်းသားတစ်ပါး လို့ သတ်မှတ်ထားကြတဲ့ တိုင်ဝမ်ချိုင်
ထိုင်းမွေထိုင်း ကစားသမား တစ်ဦးဖြစ်တဲ့ တာဝမ်ချိုင် ကတော့ နည်းစနစ်ပိုင်းကျွမ်းကျင်မှုတွေ၊ အားပါပြင်းထန်တဲ့ ကန်ချက်တွေ ၊ လျင်မြန်ဖျက်လတ်တဲ့ လက်သီးထိုးချက်တွေကြောင့် လူသိများတဲ့ ထိုင်းဖိုက်တာတစ်ယောက်ဖြစ်ပါတယ်။ တာဝမ်ချိုင်း ကို ၁၉၉၉ ခုနှစ် ဧပြီလ ၇ ရက်နေ့ ထိုင်းနိုင်ငံ ပတ္တရား မှာမွေးဖွားခဲ့တာပဲဖြစ်ပါတယ်။ တာဝမ်ချိုင် က မိသားစု ရဲ့ စီးပွားရေး အခက်အခဲ တွေကို တစ်ဖက်တစ်လမ်းက နေ ဝင်ရောက်ကူညီချင်တာကြောင့်ရော သူ့ရဲ့ ဝါသနာ အတွက်လည်း အသက် ၇ နှစ်မှာပဲ သူတို့အိမ် အနားမှာ ရှိတဲ့ Petchrungruang မွေထိုင်း gym တစ်ခုမှာ မွေးထိုင်း လက်ဝှေ့ ကို လေ့လာခဲ့တာပဲဖြစ်ပါတယ်။ တာဝမ်ချိုင် က သူ့ရဲ့ ပထမဆုံးသော ပွဲ ကို အသက် ၈ နှစ်မှာပဲ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
တာဝမ်ချိုင်က ငယ်စဥ်ကတည်းက သူ့ရဲ့ အားပါလှတဲ့ ကန်ချက်တွေ နဲ့ သူ့ရဲ့ လျင်မြန်တဲ့ လက်သီးထိုးချက် တွေကို ပိုမို ကောင်းမွန်အောင်တစ်နေ့ထပ်တစ်နေ့ပိုမိုလေ့ကျင့်လာခဲ့တာပဲဖြစ်ပါတယ်။ အသက် ၁၄ နှစ် အရွယ်မှာ ပဲ တာဝမ်ချိုင်က သူ့ရဲ့ မွေးထိုင်းလက်ဝှေ့ ပညာကို ပိုမို လေ့လာနိုင်ရန်အတွက် ဘန်ကောက် သို့ပြောင်းရွှေ့ခဲ့ပြီး ဘန်ကောက်မြို့ရဲ့ နာမည်ကျော် Lumpinee အားကစားကွင်းမှာ ပြိုင်ပွဲတွေကို သွားရောက်ယှဥ်ပြိုင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ တာဝမ်ချိုင်ရဲ့ ပြင်းထန်အားပါတဲ့ ခြေကန်ချက်တွေနဲ့ လျင်မြန်တဲ့ လက်သီးထိုးချက်တွေ စတဲ့ တာဝမ်ချိုင်ရဲ့ အရည်အသွေးတွေကို ထိုင်း ဝါရင့်ဖိုက်တာဟောင်း တစ်ယောက်ဖြစ်တဲ့ ပရာချန်ချိုင်း က ကြိုက်နှစ်သက်ပြီး Pk Saenchai gym ကို ခေါ်ခဲ့တာကြောင့် တာဝမ်ချိုင်းက အသက် ၁၆ နှစ်အရွယ်မှာပဲ Pk Saenchai gym ကို ရောက်ရှိခဲ့ပါတယ်။ တာဝမ်ချိုင်းက Pk Saenchai gym ကိုရောက်ရှိပြီးနောက် သူ့ရဲ့ လက်ဝှေ့စွမ်းရည် က သိသိသာသာ ပိုမိုကောင်းမွန်လာခဲ့ပြီး ပြိုင်ပွဲတော်တော်များများကို ထိုးသတ် အနိုင်ယူကာ မွေထိုင်းဆုတွေကို ရရှိလာခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ Wayunoi Petchkiatpetch ကို အနိုင်ယူ ထိုင်း ၁၂၆ ပေါင်ရဲ့ ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။
၂၀၁၈ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့မှာတော့ ၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံးထိုင်းမွေထိုင်း ဖိုက်တာဆုကို ရရှိထားတဲ့ Kulabdam ကို အနိုင်ယူခဲ့ပြီး ၂၀၁၈ ခုနှစ်ရဲ့ အကောင်းဆုံး မွေထိုင်းဖိုက်တာတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်မှာ တော့ တာဝမ်ချိုင်က Kulabdam နဲ့ မကျေပွဲ နောက်ထပ်နှစ်ကြိမ်ထိုးခဲ့ပြီး နှစ်ကြိမ်စလုံးကို အနိုင်ရရှိအောင် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပါတယ်။ တာဝမ်ချိုင်က သူ့ရဲ့ အစွမ်းကုန် ကြိုးစားမှုတွေကြောင့် အသက် ၂၀ အရွယ်မှာပဲ ကမ္ဘာကျော် ဖိုက်တာတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် တာဝမ်ချိုင်က သူ့ရဲ့ ဘဝ ပထမ ဆုံးသော ထိုင်နိုင်ငံမှာမဟုတ်ပဲ ပြည်ပထွက်ထိုးတဲ့ ပွဲကတော့ ၂၀၁၉ ခုနှစ် ဇူလိုင် ၂၇ ရက်နေ့မှ တရုတ်နိုင်ငံ မှာကျင်းပတဲ့ Wu Lin Feng kickboxing ပွဲစဥ်ပဲဖြစ်ပါတယ်။ တရုတ်ဖိုက်ရဲ့ မြန်ဆန်တဲ့ လက်သီးထိုးချက်တွေကြောင့် ဒုတိယ အချီမှာပဲ အရှုံးပေးခဲ့ရပါတယ်။ တာဝမ်ချိုင်က အဲ့ဒိရှုံးပွဲကြောင့် သူက ပိုမို ကောင်းမွန်တဲ့ ဖိုက်တာတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာတော့ တာဝမ်ချိုင်က ONE CHAMPIONSHIP နဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ 2021 ခုနှစ် မေလ 15 ရက်နေ့ မှာ တာဝမ်ချိုင်က သူ့ရဲ့ ပထမ ဆုံး ONE CHAMPIONSHIP ပွဲစဥ် အဖြစ် Sean Clancy ဆိုတဲ့ ပြိုင်ဘက် ဖိုင်တာကို တတိယချီ အစ မှာ ပဲ လှပတဲ့ အမြင့်ကန်ချက်နဲ့ အနိုင်ရရှိပြီး တစ်ကမ္ဘာလုံး ရဲ့ အာရုံကိုဖမ်းစားနိုင်ခဲ့ပါတယ်။ တာဝမ်ချိုင်က သူ့ရဲ့ လှပသေသပ် တဲ့ အမြင့်ကန်ချက်တွေ ၊ လျင်မြန်လွန်းလှတဲ့ ထိုးချက်တွေနဲ့ ပွဲတော်တော်များများ ကို အနိုင်ရရှိခဲ့ပြီး Featherweight မွေထိုင်းချန်ပီယံ Petchmorakot ကိုစိန်ခေါ်ခွင့်ရရှိခဲ့ပါတယ်။ 2022 ခုနှစ် စက်တင်ဘာ လ 29 ရက်နေ့မှာ Petchmorakot နဲ့ ယှဥ်ပြိုင်ထိုးသတ်ခဲ့ပြီး ဒိုင်အဆုံးအဖြတ်နဲ့ အနိုင်ရရှိကာ Featherweight မွေထိုင်းချန်ပီယံ တစ်ယောက်ဖြစ်လာခဲ့ပါတယ်။Featherweight မွေထိုင်းချန်ပီယံ ဆုကို ရရှိခဲ့ပြီးတဲ့ အချိန်ကတည်းက တာဝမ်ချိုင်က kickboxing ပွဲတွေနဲ့ ချန်ပီယံ ကာကွယ်တဲ့ပွဲစဥ်တော်တော်များများကို အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။
တာဝမ်ချိုင်က Featherweight မွေထိုင်းရဲ့ ဝါရင့်တဲ့လူတွေဖြစ်ကြတဲ့ Jo Nattawut နဲ့ Superbon တို့ကိုအနိုင်ယူကာ ချန်ပီယံ ခါးပတ်ကို ကာကွယ်နိုင်ခဲ့ပါတယ်။ အဲ့နောက် Jo Nattawut နဲ့ နောက်ထပ်မကြေပွဲလည်းဖြစ်တဲ့ ဒုတိယအကြိမ်ချန်ပီယံ ခါးပတ် ကာကွယ်ပွဲကို ခက်ခက်ခဲခဲ ထိုးသတ်ကာ ဒိုင်အဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။တာဝမ်ချိုင် ရဲ့ လျင်မြန်ပြီး တိကျအားပါတဲ့ ကန်ချက်တွေက တစ်ဘက်ပြိုင်ဘက်တွေအတွက် အိမ်မက်ဆိုးလိုပါပဲ။ 2025 ခုနှစ် ဇန်နဝါရီလ 24 ရက်နေ့ One 170 မှာ ပြိုင်ဘက်ဟောင်း Superbon ကို ဒုတိယ အချီမှာပဲ အလဲထိုး အနိုင်ရရှိကာ သူက Featherweight မွေထိုင်းရဲ့ ပြိုင်ဘက်ကင်းကစားသမား ဖြစ်ကြောင်းသက်သေပြနိုင်ခဲ့ပါတယ်။ အခုတင်ဆက်ပေးသွားတာကတော့ မွေးထိုင်းလောက ရဲ့ မင်းသားတစ်ပါးဖြစ်တဲ့ တာဝမ်ချိုင် အကြောင်းပဲဖြစ်ပာတယ်။ အဆုံးထိ ဝင်ရောက်ကြည့်ရှူတဲ့ တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပာတယ်။
#mmmedia
#tawanchai
#muaythai
#thailand
#kickboxing
#featherweight
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)