N0.10 Role အတွက် ဘယ်ကစားသမား ကို နေရာပေးရမလဲမသိဖြစ်နေတဲ့ Thomas Tuchel
အင်္ဂလန် လက်ရွေးစင် အသင်းက သောမက် တူချယ်ကို နည်းပြ အဖြစ်ခန့်အပ်လိုက်ပြီးကတည်းက စွမ်းဆောင်ရည်ကောင်းတွေကို ဆက်တိုက်ဆိုသလို လုပ်ပြနေတာပဲဖြစ်ပါတယ် ။လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပုံစံကောင်းတွေကို ဆက်လက်ပြသပြီး ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ဖို့အတွက် သောမက်တူချယ်ဆီမှာ လုံလောက်တဲ့ အရည်အသွေးမြင့်ကစားသမားတွေ ပိုင်ဆိုင်ထားပါတယ် ။ သောမက်တူချယ် ရဲ့ အင်္ဂလန် အသင်းက အရည်အသွေးမြင့်မားပြီး လက်ရှိဘောလုံးလောကရဲ့ အကောင်းဆုံးဖြစ်နေတဲ့ ကစားသမားတွေအများစုနဲ့သာဖွဲ့စည်းထားတဲ့ အသင်းတစ်သင်းဖြစ်တာကြောင့် သောမက်တူချယ် က လူစာရင်းမှန်မှန် ၊ ကစားကွက် မှန်မှန် ၊ နည်းစနစ် မှန်မှန် နဲ့ ကိုင်တွယ်နိုင်ခဲ့ရင် ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ပါတယ် ။
သောမက်တူချယ် က ၄-၃-၃ ကစားကွက် နဲ့ အင်္ဂလန် အသင်းကို မောင်းနှင်နေပြီး အထောင်တိုက်စစ်နေရာမှာ ဟာရီကိန်း ကို တောင်ပံတွေမှာ ဆာကာ ၊ ဂေါ်ဒန် ၊ရက်ဖို့စ် တို့နဲ့ ဝန်းရံထားတာပဲဖြစ်ပါတယ် ။ ဒါပေမယ့် သောမက်တူချယ် ကို လုပ်ရကိုင်ရ ခက်ခဲစေမယ့် ကိစ္စတစ်ခုတော့ရှိပါတယ် ။ အဲ့တာကတော့ N0.10 Role အတွက် ဘယ်ကစားသမားကို ပွဲထုပ်မလဲဆိုတာပါပဲ ။ N0.10 Role အတွက် သောမက်တူချယ် ရွေးချယ်လို့ရတဲ့ ကစားသမားတွေမှ အများကြီးပါ ။ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဘယ်လင်ဟမ် ၊ ချဲလ်ဆီး အသင်းရဲ့ ကိုလ်းပါမား ၊ အာဆင်နယ် အသင်း ရဲ့ အက်ဇီ ၊ နောင်တင်ဟမ် ဖောရက် အသင်း ရဲ့ မော်ဂန် ဂစ်ဝှိုက် အပြင် အခုနောက်ပိုင်း မန်စီးတီး အသင်းနဲ့ အတူ ခြေစွမ်းကောင်းတွေကို ဆက်တိုက်ဆိုသလို ပြသနေတဲ့ ဖိုဒန်ဒီလို အရည်အသွေးပြည့်ဝပြီး N0.10 Role မှာ ကောင်းကောင်း ကစားနိုင်တဲ့ ကစားသမားတွေပုံနေတာက သောမက်တူချယ်အတွက် ခက်ခဲစေပါတယ် ။ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲလူစာရင်းမှာ N0.10 Role ကစားသမား ၅ ယောက် ခေါ်ယူဖို့ဆိုတာ မဖြစ်တာနိုင်ပါဘူး ။ ဒီအချက်ကို သောမက်တူချယ် အနေနဲ့ ကောင်းကောင်းကြီးနားလည်သဘောပေါက်ပါတယ် ။
ဒီ N0.10 Role ကစားသမား ၅ယောက်လုံးကို အသင်းလူစာရင်းမှာ ထည့်လိုက်တာ က အသင်းအတွက် အကျိုးမရှိတာကြောင့် သောမက်တူချယ်အနေနဲ့ တစ်ဦးချင်း အရည်အချင်းရှိတာထက် အသင်းရဲ့ ဟန်ချက် နဲ့ ပိုမို ကိုက်ညီတဲ့ ကစားသမားကိုသာ ရွေးချယ်မှာဖြစ်ပြီး ကမ္ဘာ့ဖလားလူစာရင်းမှာ နာမည်ကြီး ကစားသမားအချို့ မဖြစ်မနေ ချန်လှပ်ခဲ့ရမှာဖြစ်ကြောင်း ဟိုနေ့က အင်တာဗျူးတစ်ခုမှာ ဖြေကြားသွားခဲ့တာပဲဖြစ်ပါတယ်။ ဒါက သောမက်တူချယ် အတွက်လည်း ဆုံးဖြတ်ချက် ချရမှာ သိပ်ကို ခက်ခဲစေပြီး အခြားနိုင်ငံတွေထက် ဝေဖန်မှုတွေ ၊ ချီးမွန်းမှုတွေမှာ ပိုမိုမြင့်မားတဲ့ အင်္ဂလန် လက်ရွေးစင် အသင်းကို ကိုင်တွယ်နေရတာကြောင့် သောမက်တူချယ်အတွက် ပိုမိုဖိအားများစေပါတယ် ။ သောမက်တူချယ် အနေနဲ့ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ N0.10 Role အတွက် ဘယ်ကစားသမားတွေကို ခေါ်ယူသွားမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။
#mmmedia
#thomastuchel
#coach
#england
#football
#10roleplayer
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)