ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲကို အနိုင်ရရှိအောင်မစွမ်းဆောင်နိင်ခဲ့တဲ့ သောမက်ဖရန့်စ်
ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲကို အနိုင်ရရှိအောင်မစွမ်းဆောင်နိင်ခဲ့တဲ့ သောမက်ဖရန့်စ်
ဒီနှစ်ဘောလုံးရာသီမစခင် စောင့်ကြည့်ချင်စရာအကောင်းဆုံး အသင်းတွေထဲမှာ သောမက်ဖရန့် ရဲ့ တော်တင်ဟမ် စပါး အသင်းက ထိပ်ဆုံးကပါဝင်ခဲ့တယ် ။ မနှစ်ကဘောလုံးရာသီ ယူရိုပါလိဂ် ဖလားကြီးကို ဆွတ်ခူးပြီးတဲ့ အချိန်ကတည်းက တော်တင်ဟမ် စပါးအသင်း က ပြောင်းလဲပြင်ဆင်မှူပေါင်းများစွာကို ပြုလုပ်ခဲ့တယ် ။ တည်ငြိမ်တဲ့ စွမ်းဆောင်ရည် တစ်ခုကို မထိန်းသိမ်းထားနိုင်တဲ့ နည်းပြကြီး ပိုစေလို ဂလူး ကို ရာထူးကနေထုပ်ပယ်ခဲ့ပြီး ခံစစ် ၊ တိုက်စစ် မျှတအောင်ကစားနိုင်ပြီး အသင်းကြီးတော်တော်များများ ကို အမြဲလိုလို ဒုက္ခပေးတက်တဲ့ ဘရန်ဖို့စ်အသင်း ရဲ့ နည်းပြကြီး သောမက်ဖရန့် ကို နည်းပြအဖြစ်ခန့်အပ်ခဲ့တယ် ။ ပြီးတော့ အပြောင်းအရွှေ့ကာလတုန်းကလည်း တော်တင်ဟမ် စပါး အသင်း နဲ့ မတူအောင်ကို ငွေသုံးကြမ်းခဲ့တယ် ။
ကိုလို မူအာနီ ၊ မိုဟာမက် ကူဒက် ၊ ဇာဗီ ဆီမွန် ၊ ပါလင်ညာ ၊ ဒန်ဆို တို့ကို ပြောင်းရွှေ့ကြေး အမြောက်အများ သုံးစွဲပြီး ခေါ်ယူခဲ့သလို မနှစ်ကဘောလုံးရာသီ ကတည်းက အသင်းကို အငှားနဲ့ ရောက်ရှိနေတဲ့ မားတီးရက် တဲစ် ကို လည်း အပြီးသတ်ခေါ်ယူခဲ့တယ် ။ အဲ့တာကြောင့် တော်တင်ဟမ် စပါး အသင်းက စောင့်ကြည့်ချင်စရာအကောင်းဆုံး ပရီးမီးယားလိဂ် အသင်းတွေထဲကတစ်သင်းဖြစ်လာခဲ့တယ် ။ သောမက်ဖရန့်စ် လို Underrated ဖြစ်တဲ့ နည်းပြတစ်ယောက်လက်ထဲကို ဒီလို အရည်အသွေးမြင့်ကစားသမားတွေကြီးနဲ့ပဲ ဖွဲ့စည်းထားတဲ့ အသင်းတစ်သင်းကို လက်ထဲထည့်ပေးလိုက်တာကြောင့် စပါး အသင်းကတော်တော်လေးကို စောင့်ကြည့်ချင်စရာကောင်းခဲ့တယ် ။ သောမက်ဖရန့်စ် ဆိုတဲ့ နည်းပြကလည်း ဘရန်ဖို့စ် အသင်းမှာကတည်းက ရှိတဲ့လူ နဲ့ ဖြစ်အောင်လုပ်ပြီး ပရီးမီးယားလိဂ် ရဲ့ ဖြတ်မျဥ်းအသင်းတစ်သင်းအဖြစ် ရပ်တည်ခဲ့ပြီး အသင်းကြီးတော်တော်များများကို နှစ်တိုင်း အခက်တွေ့အောင်ကစားနိုင်တာကြောင့် တော်တင်ဟမ်စပါး အသင်းကို ကိုင်တွယ်တဲ့ အချိန်မှာတော့ တော်တော်များများက အများကြီး မျှော်လင့်ခဲ့ကြတယ် ။ ဒါပေမယ့် အခုချိန်ထိတော့ သောမက်ဖရန့်အနေနဲ့ တော်တင်ဟမ်စပါးအသင်းကို အခုချိန်ထိ မာကျောကျစ်လစ် တဲ့ အသင်းတစ်သင်းဖြစ်အောင်မတည်ဆောက်နိုင်သေးပါဘူး ။
အခုချိန်မြင်နေရတဲ့ သောမက်ဖရန့်စ် က ဘရန့်ဖို့စ် အသင်း ကို ကိုင်တွယ်ခဲ့တဲ့ သောမက်ဖရန့်စ် နဲ့ မတူတော့ပဲ ဘာလုပ်ချင်လို့လုပ်ချင်မှန်းမသိဖြစ်နေခဲ့ပါတယ် ။ အခုဆိုရင် သောမက်ဖရန့်စ် ရဲ့ စပါးအသင်းအနေနဲ့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲအပါအဝင် ချန်ပီယံလိဂ် တစ်ပွဲကိုပါ အနိုင်ရရှိအောင်မစွမ်းဆောင်နိုင်ခဲ့ပဲ ရှုံးပွဲတွေဆက်နေတာပဲဖြစ်ပါတယ် ။ စပါးအသင်းက ပရီးမီးယားလိဂ်မှာ အာဆင်နယ် ၊ ဖူဟမ် အသင်းတွေကို အရှုံးပေးခဲ့ရသလို ချန်ပီယံလိဂ် ပွဲစဥ်မှာလည်း လူးဝစ်အန်းနရစ် ရဲ့ ပီအက်ဂျီ အသင်းကို အရှုံးပေးခဲ့ရတာပဲဖြစ်ပါတယ် ။ သောမက်ဖရန့်စ် တစ်ယောက် ဒီပြဿနာတွေကို ဖြေရှင်းသွားနိုင်မလား ။ ပရိတ်သတ်တွေရောဘယ်လိုထင်လဲ ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအုံး ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#tottenhamhotspur
#thomasfrank
#angepostecoglou
#coach
#premierleague
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)