တုချယ်ချဲလ်ဆီးနည်းပြဘဝခေါ်ယူခဲ့တဲ့အဆိုးရွားဆုံးကစားသမား ( ၅ )ယောက်
တူချယ်ချဲလ်ဆီးနည်းပြဘဝခေါ်ယူခဲ့တဲ့အဆိုးရွားဆုံးကစားသမား
( ၅ )ယောက်
တူချယ်လိုပြောလိုက်တာနဲ့ ဘောလုံးလောကရဲ့ နည်းစနစ်ပိုင်းတွေကို အထူးကျွမ်းကျင်တဲ့ နည်းပြ တစ်ဦး ၊ ဘောလုံးပွဲတစ်ပွဲ အရေးကြီးတဲ့ ပွဲတစ်ပွဲကို ဘယ်လို အနိုင်ယူရမလဲဆိုတာ ကောင်းကောင်းသိတဲ့ နည်းပြတစ်ယောက် တစ်ပွဲထိုး ပလန် အရမ်းကောင်းတဲ့ နည်းပြတစ်ယောက် စတဲ့ အချက်တွေကို အရင်ဆုံးပြေးမြင်မိမယ်ထင်ပါတယ်။တူချယ် က မိန့် ၊ ဒေါ့မွန် ၊ psg ၊ ချယ်ဆီး ၊ ဘာယန် စတဲ့ အသင်းတွေကို ကိုင်တွယ်ခဲ့ပြီး အောင်မြင်မှုတွေ ဆုတံဆိပ် တွေ တော်တော်များများ ကို သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ အခုချိန်မှာတော့ အင်္ဂလန် အသင်း အတွက် နည်းပြ အဖြစ် တာဝန်ထမ်းဆောင်နေတာပဲဖြစ်ပါတယ်။ တူချယ် ရဲ့ တစ်ပွဲချင်းချဥ◌်းကပ်ပုံတွေ ၊ သူရဲ့ ဘောလုံးနည်းစနစ်တွေ က ကောင်းသလောက် တူချယ်က ကစားသမားခေါ်ယူတဲ့ နေရာမှာတော့ အမှားများတက်တဲ့ နည်းပြတစ်ယောက်ပဲဖြစ်ပါတယ်။ တူချယ်က ချယ်ဆီး အသင်းက အတူ ချန်ပီယံ ဖလားကို အရယူပြီးတဲ့အချိန် နောက်ရာသီ ပရီးမီးယားလိဂ် ဖလားကို စိန်ခေါ်သိမ်းပိုက်နိုင်ဖို့ လူခေါ်ယူအားဖြည့်မှုတွေကို အများကြီးပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ ဒီနေ့တင်ဆက်ပေးသွားမှာကတော့ တူချယ် တစ်ယောက် ချယ်ဆီးနည်းပြဘဝ အဆိုးရွားဆုံး လူခေါ်ယူမှု ၅ ခု အကြောင်းပဲဖြစ်ပါတယ်။
၁. လူကာကူ
ချယ်ဆီး အသင်းအတွက် အဓိကလိုအပ်နေတဲ့ အထောင်တိုက်စစ်မှုးနေရာ အတွက် တူချယ်က လူကာကူကို အလွန်သဘောကျခဲ့ပါတယ်။ လူကာကို ကိုခေါ်ယူဖို့အတွက် ချယ်ဆီး အသင်းက ပြောင်းရွှေ့ကြေး ယူရို ၁၁၃ ထိ ပေးချေခဲ့ရပြီး ပြောင်းရွှေ့ကြေးနဲ့ တန်တဲ့ ြေခစွမ်းမျိုးကိုတော့ ပြန်လည် မရရှိခဲ့ပါဘူး။ အသင်းရဲ့ ကစားသမား ဟောင်းဖြစ်တဲ့ လူကာကူ ရဲ့ ဒုတိယ တစ်ကြိမ် အိမ်ပြန်ခရီးကတော့ အစပိုင်းပွဲစဥ◌်တွေမှာ ဟုတ်မလိုလို နဲ့ နောက်ပိုင်းကြ စိတ်ပျက်စရာကောင်းလောက်တဲ့ ခြေစွမ်းမျိုးကိုသာ လူကာကူဆီက ရရှိခဲ့တာပဲဖြစ်ပါတယ်။ တူချယ်ရဲ့ နည်းပြဘဝ ဈေးအကြီးဆုံးခေါ်ယူမှုနဲ့ အဆိုးဝါးဆုံးလူခေါ်ယူမှူဖြစ်ခဲ့တာပဲဖြစ်ပါတယ်။
၂. ဖိုဖာနား
ဖိုဖားနားကိုတော့ လက်စတာစီးတီး အသင်းထံက နေ ပြောင်းရွှေ့ကြေး ယူရို ၈၃ သန်းနဲ့ အသင်းရဲ့ နောက်တန်းကို အားဖြည့်ဖို့ တူချယ်ကခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။ နောက်ခံ ကစားသမား တစ်ဦးကို ပြောင်းရွှေ့ကြေး အမြောက်အများပေးပြီး မျှော်လင့်ချက် ကြီးကြီးထားခဲ့ပေ့မယ့် တူချယ်ထင်ထားသလိုတော့ ဖြစ်မလာခဲ့ပါဘူး။ ဖိုဖာနား ကချယ်ဆီး အသင်းကို ရောက်ရှိပြီး မကြာခင်မှာပဲ ဒဏ်ရာပြသနာတွေနဲ့ ကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရပြီး ကစားတဲ့ ပွဲ အရေ အတွက်ထား အနားယူတဲ့ ပွဲ အရည်အတွက်က ပိုမို များပြားနေတာပဲဖြစ်ပါတယ်။ ဖိုဖာနား က ချယ်ဆီး အသင်းကို ရောက်ရှိပြီး ၃ ရာသီအတွင်း အသင်းအတွက် ပြိုင်ပွဲစုံ မိနစ်အားဖြင့် ( ၂၀.၅ % ) သာ ပါဝင်ကစားပေးထားပြီး ကျန်တဲ့အချိန်တွေမှာတော့ ဒဏ်ရာပြသနာတွေကြောင့် အနားယူခဲ့ရတာပဲဖြစ်ပါတယ်။
၃ . အူဘာမီယန်
တူချယ်က တိုက်စစ်မှူးနေရာ အတွက် နောက်ထပ် ကစားသမား တစ်တဲ့ အာဆင်နယ် အသင်းက အူဘာမီယန်ကိုခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။တိုက်စစ်မှူးကောင်းတစ်ယောက်ဖြစ်ပြီး ဂိုးတေါ အမြဲလိုလို သွင်းတက်တဲ့ အူဘာမီယန် က ချယ်ဆီး အသင်းမှာတော့ အတော်လေးရုန်းကန်ခဲ့ရတာပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်းအတွက် ၂၁ ပွဲ ကစားပေးခဲ့ပြီး ၃ ဂိုးသာ သွင်းယူနိုင်ခဲ့တာပဲဖြစ်ပြီး သူကစားသမားဘဝ အကောင်းဆုံးပုံစံတွေကတော့ ပျောက်ဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။ နောက်တော့ ချယ်ဆီး အသင်း ကနေ မားဆေး အသင်းကိုပြောင်းရွှေ့သွားခဲ့တာပဲဖြစ်ပါတယ်။
၄. ဆာဟူး နီဂွတ်
အသင်းရဲ့ ကွင်းလယ်နေရာ အတွက် စပိန် ကလပ် အသင်းတစ်သင်းဖြစ်တဲ့ အေတီကို အသင်းရဲ့ ကွင်းလယ်ကစားသမား ဆာဟူး ကို တူချယ်က စတန်းဖို့ ဘရစ်ကို အရောက်ခေါ်ယူနိုင်ခဲ့တာပဲဖြစ်ပါတယ်. ပရီးမီးယားလိဂ် ကစားပုံနဲ့ လုံးဝကို မလိုက်ဖတ်တဲ့ ဆာဟူးတစ်ယောက် ချယ်ဆီး အသင်းမှာ လုံလောက်တဲ့ ပွဲထွက်ခွင့်မရခဲ့သလို စာချုပ်ကုန်သွားတဲ့ အချိန်မှာတော့ အေတီကို အသင်းကို ပြန်လည်ရောက်ရှိသွားခဲ့တာပဲဖြစ်ပါတယ်။ ဆာဟူး ကချယ်ဆီး အသင်းမှာ ၆ ပွဲသာ ပါဝင် ကစားခဲ့ရပြီး ဂိုးပါဝင်ပတ်သတ်မှု တစ်ကြိမ်တောင်မှမရှိခဲ့ပါဘူး။
၅ . ဇက်ကာရီ
ဇက်ကာရီက လဲ အငှားနဲ့ ချယ်ဆီး အသင်းကို ရောက်ရှိလာတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး ပွဲထွက်ခွင့် သေသေချာချာ မရရှိခဲ့ပါဘူး ။ဇက်ကာရီ က ဂျူဗင်တပ် အသင်းကနေ ချယ်ဆီး အသင်းကို ပြောင်းရွှေ့လာခဲ့ပြီး စုစု ပေါင်း ၇ ပွဲသာ ပါဝင်ကစားခွင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။စာချုပ်သက်တမ်းကုန်ဆုံးသွားတဲ့ အချိန်မှာတော့ ဂျူဗင်တပ်အသင်းဆီး ပြန်လည်ပြောင်းရွှေ့သွားခဲ့တာပဲဖြစ်ပါတယ်။
ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာတော့ နည်းပြ ဆူချယ် ချယ်ဆီး အသင်းကို ကိုင်တွယ်စဥ◌်တုန်းက အသင်းနဲ့ အံမဝင်ပဲ အဆိုးရွားဆုံးဖြစ်ခဲ့တဲ့ လူခေါ်ယူမှု ၅ ခု အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
LATEST NEWS
Top 5 Football Clubs with the Highest Average Matchday Revenue in the 21st Century
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )