ယူနိုက်တက်ရဲ့ ၂၀၀၇-၂၀၀၈ ရာသီရဲ့ အကောင်းဆုံးတိုက်စစ်အတွဲ
ယူနိုက်တက်ရဲ့ ကြောက်စရာအကောင်ဆုံးတိုက်စစ်အတွဲ ၂၀၀၇-၂၀၀၈ ရာသီရဲ့ အကောင်းဆုံးတိုက်စစ်အတွဲ
ကမ္ဘာ့ဘောလုံးလောက မှာ အကောင်းဆုံးတိုက်စစ် အတွဲပေါင်းများစွာ ပေါ်ထွက်ခဲ့ကြတယ်။ ဥပမာပြောပြရရင် BBC တိုက်စစ် အတွဲ ၊ MSN တိုက်စစ် အတြွလိုပေါ့။ ဒါပေ့မယ် လူတွေကတော့ BBC နဲ့ MSN လိုတိုက်စစ် အတွဲတွေကိုသာ လူသိများကြတာပဲဖြစ်ပါတယ်။ BBC နဲ့ MSN တိုက်စစ် အတွဲ နှစ်ခုမပေါ်ထွက်ခင်ထဲက ကမ္ဘာ့အကောင်းဆုံးတိုက်စစ် အတွဲ တစ်တွဲ ပေါ်ထွက်ခဲ့ပါသေးတယ်။ အဲ့ဒီ တိုက်စစ် အတွဲက ပရီးမီးယားလိဂ် ရဲံ အကောင်းဆုံး တိုက်စစ် အတွဲဖြစ်ပြီး ဆုဖလားပေါင်းများစွာကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲ့ဒီ အတွဲအသုံးယောက်ကတော့ ရော်နယ်ဒို ၊ တီးဗက် နဲ့ ရွန်းနီ တို့ပဲဖြစ်ပါတယ်။ ၂၀၀၇-၀၈ ရာသီ မှာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တိုက်စစ် အတွဲအဖတ်တွေ ဖြစ်ကြတဲ့ ရော်နယ်ဒို ၊ ရွန်းနီ နဲ့ တီးဗက်တို့ရဲ့ တိုက်စစ် အစုအဖွဲ့က အလွန်ကြောက်ဖို့ကောင်းခဲ့တယ်။ ဒီ တိုက်စစ် အတွဲ က အလွန်လျင်မြန်ပြီး ထိန်းလို့မရလောက်အောင်ကို ကောင်းခဲ့ကြတယ်။ ဒီတိုက်စစ် သုံးယောက် အတွဲကို မြင်တာနဲ့ တင် ပြိုင်ဘက်တွေက ရှုံးမယ် လို့ စိတ်ထဲကသတ်မှတ်ကြပြီး ကြောက်ဒူးတုန်ကုန်ကြပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တိုက်စစ်ကို အစောပိုင်း ကာလတွေမှာ ရွန်းနီ နဲ့ မန်ချက်စတာယူနိုက် အသင်းရဲ့ အကောင်းဆုံးတိုက်စစ် အရော်နယ်ဒိုတို့က ဦးဆောင်ပြီး သူတို့နှစ်ယောက်ကလည်း အပေးယူအချိတ်ဆက် မိမိနဲ့ တစ်ယောက်ဘာလုပ်မယ်ဆိုတာ တစ်ယောက်က ကြိုသိတယ် အနေအထားထိ ကို နားလည်မှုရှိခဲ့ကြပါတယ်။ ဒီလိုနဲ့ ကောင်းပါတယ်ဆိုတဲ့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တိုက်စစ်ကို တီးဗက် က ၂၀၀၇-၀၈ ရာသီမှာ ရောက်လာခဲ့ပါတယ်။ အဲ့ချိန်က စပြီး ဒီတိုက်စစ် သုံးယောက် အတွဲအဖက် စတင်ပေါ်ပေါက်ခဲ့တာပဲဖြစ်ပါတယ်။ တီးဗက် က မန်ချက်စတာယူနိုက်တက်အသင်းကို ရောက်ရှိပြီး အချိန်ခဏလေး အတွင်းမှာပဲ အသင်းနဲ့ အံဝင်ခဲ့တာပဲဖြစ်ပါတယ် ။ ပြီးတော့ ဒီတိုက်စစ် ကစားသမား ၃ ယောက်က ဘယ်ချိန်ကတည်းက အတူတူ တွဲကစားဖူးလဲလို့ မေးခွန်းထုပ်ရလောက်အောင် အချိန်တိုတို လေးနဲ့ တော်တော်လေး အတွဲညီခဲ့ကြတာပဲဖြစ်ပါတယ်။ ဒီတိုက်စစ် အတွဲ က ပြိုင်ဘက် ခံစစ် ကစားသမားတိုင်း နဲ့ ဂိုးသမားတိုင်းအတွက် ကြောက်စရာ အကောင်းဆုံး အိမ်မက်ဆိုးဖြစ်ခဲ့ကြပါတယ်။ ဒီတိုက်စစ် အတွဲအဖက် က မန်ချက်စတာယူနိုက်တက် အသင်းအတွက် ဆုဖလားပေါင်းများစွာကိုအရယူပေးခဲ့တယ် ။ ပရီးမီးယားလိဂ် အပါအဝင် ၊ FA ဖလား ၊ ချန်ပီယံလိဂ် ဖလား ၊ ကလပ် ကမ္ဘာ့ဖလား တွေ အထိ ဆွတ်ခူးနိုင်ခဲ့ကြပါတယ်။ သူတို့ တိုက်စစ်ကစားသမား သုံးယောက်ပါင်းပြီး ပွဲ ၁၄၀ အထိ ကစားခဲ့ပြီး ၇၉ ဂိုးသွင်းယူနိုင်ခဲ့ကာ ၂၉ ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီတိုက်စစ်အတွဲက အချိန်တိုလေးသာ တွဲကစားခဲ့ရပြီး နောက်ပိုင်းမှာ ရော်နယ်ဒို နဲ့ တီးဗက်တို့က အသီးသီ မန်ချက်စတာယူနိုက်တက် အသင်းကထွက်ခွာသွားခဲ့ကြတာပဲဖြစ်ပါတယ်။အဲ့ကစားသမားတွေထွက်ခွာသွားပြီးနောက်ပိုင်း မန်ချက်စတာယူနိုက်တက် အသင်းက လူငယ်ခြေတက် ကစားသမား ကောင်းတွေရော အတွေ့အကြုံ ပြည့်ဝနေတဲ့ ကစားသမားတွေနဲ့ ရော အစားထိုးခဲ့ပေ့မယ် ဒီလို ကြောက်စရာကောင်းတဲ့ တိုက်စစ် အတွဲအဖက်တစ်ခုကိုတော့ ပြန်မရရှိတော့ပါဘူး။ ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ ၂၀၀၇-၀၈ ဘောလုံးရာသီ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ကြောက်စရာ အကောင်းဆူံးတိုက်စစ် အတွဲအကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။
LATEST NEWS
Top 5 Football Clubs with the Highest Average Matchday Revenue in the 21st Century
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )