ဒဏ်ရာပြဿနာတွေကြောင့် ထင်ထားသလောက်ဖြစ်မလာခဲ့တဲ့ Fullback တစ်စုံ

Published 2 ပတ် ခန့်က
Article
ဒဏ်ရာပြဿနာတွေကြောင့် ထင်ထားသလောက်ဖြစ်မလာခဲ့တဲ့ Fullback တစ်စုံ

ဒဏ်ရာပြဿနာတွေကြောင့် ထင်ထားသလောက်ဖြစ်မလာခဲ့တဲ့ Fullback တစ်စုံ

သောမက်တူချယ် လက်ထပ်မှာ ချယ်ဆီးအသင်းက အလွန်ကျစ်လစ်ပြီး ရင်ဆိုင်ရခက်ခဲ တဲ့ အသင်းကောင်းတစ်သင်းလဲဖြစ်ခဲ့သလို ဆုဖလားတိုင်းကိုလဲစိန်ခေါ်နိုင်တဲ့ အသင်းတစ်သင်းဖြစ်ခဲ့တယ် ။အဲ့တုန်းက ကြောက်စရာအကောင်းဆုံးက ချယ်ဆီး အသင်းရဲ့ fullback တစ်စုံဖြစ်တဲ့ ဘန်ချီဝဲလ် နဲ့ ရီစီ ဂျိမ်းပဲ ။ ဒီ fullback ကစားသမား နှစ်ယောက်က တိုက်စစ် ပိုင်းအတွက်လည်း အလွန်အားကိုးရသလို ခံစစ်ပိုင်းအတွက်လည်းစိတ်ချတယ်။ ဒီကစားသမား နှစ်ယောက်လုံးရဲ့ အတက်အဆင်း မှန်မှန် နဲ့ ကစားတဲ့ ကစားဟန် နဲ့ ဥရောပ အသင်းကြီးတိုင်းကို ကျရှုးအောင်ပြုလုပ်နိုင်ခဲ့တယ် ။ဒါပေမယ့် ဒီကစားသမားနှစ်ယောက်လုံးရဲ့ အတောက်ပဆုံး နဲ့ ခြေစွမ်းအကောင်းဆုံးအချိန်တွေမှာ ဒဏ်ရာပြဿနာတွေနဲ့ ကိုယ်စီ ကြုံတွေ့ကြပြီး အကောင်းဆုံးအချိန်တွေကို မြက်ခင်းပေါ်မှာ မကုန်ဆုံးရပဲ ဆေးရုံမှာသာ ကုန်ဆုံးခဲ့ရတယ် ။ အခုချိန်မှာဆိုရင် ဘန်ချီဝဲလ် လိုကစားသမားမျိုးကို ခေါ်ယူချင်တဲ့ အသင်းတစ်သင်းမှ မရှိတော့တဲ့အပြင် ရီစီ ဂျိမ်းကလည်း အရင်လို ပွဲတိုင်းကို ပွဲချိန်ပြည့် ကြံခိုင်မှု ပြည့်ပြည့်ဝဝ နဲ့ မကစားနိုင်တော့ပါဘူး ။ ဘောလုံးလောကရဲ့ ထင်ထားသလောက် ဖြစ်မလာခဲ့တဲ့ fullback တစ်စုံကိုပြပါတိုရင် ချီဝဲလ် နဲ့ ဂျိမ်း တိုရဲ့အတွဲအဖက်ကိုပဲပြရမှာပါ ။

Leave a reply

💬 Join our Telegram
📢 မင်္ဂလာပါ !! Admin ဆီကို တိုက်ရိုက်ပေးပိုပြီး မေးမြန်နိုင်ပါတယ် ရှင် ...