ဘောလုံးလောက ရဲ့ လေနတ်ဘုရားကြီး ဇလာတန်အီဗရာဟီမိုဗစ်

Published 1 လ ခန့်က
Article
 ဘောလုံးလောက ရဲ့ လေနတ်ဘုရားကြီး ဇလာတန်အီဗရာဟီမိုဗစ်

ဘောလုံးလောကမှာ ခိုင်မာတဲ့တဲ့ ကိုယ်ရည်ကိုယ်သွေး ၊ ဘောလုံးထိန်းသိမ်းပုံ ၊ နည်းစနစ်ပိုင်း အလွန်ကောင်းမွန်ပြီး အလန်းစားဂိုးတွေကိုအမြဲသွင်းယူတက်တဲ့ကစားသမား၊ လေလုံးအရမ်းကြီးတဲ့ ကစားသမားတစ်ယောက်ရှိပါတယ်။ အဲဒိကစားသမားကတော့ ဇလာတန် အီဗရာဟီမိုဗစ်ပဲ ဖြစ်ပါတယ်။ဇလာတန် သူ့ရဲ့ ခြေစွမ်း တွေနဲ့ သာမက သူ့ရဲ့ လေလုံးကြီးတဲ့ စကားလုံးတွေ ကြောင့်ပါ ဘောလုံးလောက ကို လွှမ်းမိုးမှု ရှိတဲ့လူတစ်ယောက်လဲဖြစ်ပါတယ်။ ကမ္ဘာကျော် ဘောလုံးသမားတိုင်း သူတို့ရဲ့ ငယ်ဘဝ ကို အရာရာ ပြီးပြည့်စုံတဲ့ အခြေအနေ နဲ့ စတင်ခဲ့တာတော့ မဟုတ်ပါဘူး။ နေမာဆိုရင် သူ့ရဲ့ ငယ်ဘဝ ကို လမ်းဘေးဈေးသည် တစ်ယောက် အဖြစ် ဖြတ်သန်းခဲ့ရတာပဲဖြစ်ပါတယ်။ ဖလာတန် ကလဲ ငယ် စဥ်က သူခိုးတစ်ယောက်အဖြစ် ဖြတ်သန်းခဲ့ ရတာပဲဖြစ်ပါတယ်။ ဇလာတန် ဟာ ငယ်စဥ်က ရွှေ့ပြောင်းနေထိုင်သူ တစ်ယောက်ဖြစ်ခဲ့ပြီးရွှေ့ပြောင်းနေထိုင်သူတွေကြီးပြင်းရာအရပ်ဖြစ်တဲ့ဂဲတိုမှာကြီးပြင်းခဲ့တာပဲဖြစ်ပါတယ်။

ဇလာတန် ကို ၁၉၈၁ ခုနှစ် အောက်တိုဘာလ ၃ရက်နေ့ က ဆွီဒင် နိုင်ငံမယ်မိုမြို့ မှာ မွေးဖွားခဲ့ပါတယ်။ ဇလာတန်အီဗရာဟီမိုဗစ် သည် ငယ်စဥ်ကတည်း က ဘောလုံးအားကစားကို အလွန်နှစ်သက်တဲ့ သူလဲ ဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲ ကတစ်ယောက်ဖြစ်ပြီး ကစားသမားဘဝ တစ်လျောက် ဆုဖလားပေါင်း ၃၄ လုံးထိ ဆွတ်ခူးနိုင်ခဲ့တဲ့ အပြင် သွင်းဂိုး ၅၇၀ ကျော်ကို လဲ သွင်းယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဇလာတန်က ငယ်စဥ်က ဒေသခံ ကလပ်အသင်းတစ်သင်းမှာ ကစားခဲ့ပြီး အသက်၁၈ နှစ်မှာ မယ်မို အသင်းမှာ စတင်ကစားခဲပါတယ်။ မယ်မို အသင်းနဲ့ အတူ ၂ ရာသီ ကြာဖြတ်သန်းခဲ့ပြီး ၄၇ ပွဲ ကစားကာ ၁၈ ဂိုးအထိ သွင်းယူခဲ့ပြီး သူ့ရဲ့ခြေစွမ်းခြေစ ကို ပြသနိုင်ခဲပါတယ် နယ်သာလန် ထိပ်သီး အသင်းတစ်သင်းဖြစ်တဲ့ အေဂျက်အသင်းရဲ့ကင်းထောက်များက ဇလာတန် ရဲ့ ခြေစွမ်းကို ကြိုက်နှစ်သက်ခဲ့ပြီး ၂၀၀၁ ခုနှစ် ဇန်နဝါရီ လမှာ ပြောင်းရွှေ့ကြေး ပေါင် ၇.၈ သန်းဖြင့်ခေါ်ယူခဲ့ပါတယ်။ အေဂျက် အသင်းမှာ ၃ ရာသီကြာကစားခဲ့ပြီး ပွဲပေါင်း ၁၁၀ မှာ ၄၈ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး အခြားဥရောပ အသင်းတွေစိတ်ဝင်စားလာအောင်ထိ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အေဂျက် အသင်းနဲ့ အတူ Eedivisie ( ၂ ) ကြိမ်၊ KNVB ဖလား ( ၁ ) ကြိမ်၊ Johan Cruyff Shield ( ၁ )ကြိမ် တို့ကို ရရှိခဲ့ပါတယ်။

၂၀၀၄ ခုနှစ် စက်တင်ဘာလမှာတော့ အီတလီ ထိပ်သီးကလပ်တစ်ခုဖြစ်တဲ့ ဂျူဗင် အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၆.၉ သန်း နဲ့ပြောင်းရွှေ့ ခဲ့ပြီး ၂ ရာသီကြာ ကစားခဲ့ပါတယ်။ ဂျူဗင် အသင်းရဲ့ လုပ်ပွဲ အရှုပ်တော်ပုံတွေကြောင့် တန်းဆင်းပြစ်ဒဏ်ချမှတ်ခံခဲ့ ရတာကြောင့် ဩဂုတ်လမှာ အင်တာမီလန် အသင်းကိုပြောင်းရွှေ့ကြေး ပေါင် ၂၄.၈ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ၃ ရာသီ ကစားခဲ့ပါတယ်။ အင်တာမီလန် အသင်းနဲ့ ပွဲပေါင်း ၁၁၇ ပွဲ ကစားခဲ့ပြီး ၆၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး အင်တာမီလန် အသင်းနဲ့အတူ စီးရီးအေ ဖလား ( ၃ ) ကြိမ် ၊ Supercoppa Italiana ( ၂ )ကြိမ် တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် ဇူလိုင်က မှာ တော့ စပိန် အသင်းတစ်သင်းဖြစ်တဲ့ ဘာစီလိုနာ အသင်း ကိုပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်းနဲ့ခေါ်ယူခဲ့ပါတယ်။ ဘာစီ လိုနာအသင်းမှာ ခြေစွမ်းပြသပြီး အသင်းနဲ့ အတူ လာလီဂါဖလား ( ၁ )ကြိမ်၊ Supercopa de Espana ( ၂ )ကြိမ် ၊ UEFA Super Cup ( ၁ ) ကြိမ် ၊ ဖီဖာကမ္ဘာ့ကပ်ဖလား ( ၁ )ကြိမ်တို့ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း အသင်းရဲ့နည်းပြဖြစ်တဲ့ ဂွာဒီရိုလာနဲ့ အဆင်မပြေ ဖြစ်ခဲ့တာကြောင့် ၁ ရာသီ သာ ကစားခဲ့ပြီး ပြောင်းရွှေ့ကြေး ပေါင် ၂၄ သန်း နဲ့ အေစီမီလန် အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။အေစီမီလန် အသင်း မှာ ၂ ရာသီ ကြာ ကစားခဲ့ပြီး ၈၅ပွဲ ကစားကာ ၅၆ဂိုးအထိ သွင်းယူနိုင် ခဲ့ပါတယ်။ ဇလာတန်က အေစီမီလန် အသင်းနဲ့ အတူ စီးရီးအေ ဖလား ( ၂ )ကြိမ်၊ စူပါဖလား အီတလီယာ ( ၁ )ကြိမ် တို့ကို ဆွတ်ခူးနိူင်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ် မှာတော့ ပြင်သစ် ထိပ်သီး ကလပ် PSG အသင်းကိုပြောင်းရွှေ့သွားခဲ့ပြီး PSG အသင်းမှာ အကောင်းမွန်ဆုံးခြေစွမ်း တွေကိုပြသနိုင်ခဲ့ပြီး ပွဲပေါင်း ၁၈၀ ကစားခဲ့ပြီး ၁၅၆ ဂိုးအထိ စံချိန်တင်သွင်းယူနိုင်ခဲ့ပြီး အသင်းနဲ့အတူ လီဂူးဝမ်းဖလား ( ၄ )ကြိမ်၊ Coupe de France ( ၂ ) ကြိမ် ၊ Coupe de la ligue ( ၃ )ကြိမ် နှင့် Trophee des Champions ( ၃ ) ကြိမ်တို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် ဇူလိုင်လမှာတော့ ပရီးမီးယားလိဂ် အသင်းကြီး တစ်သင်းဖြစ်တဲ့ မန်ယူ အသင်းကို ပြောင်းရွှေ့ခဲ့ပြီး ၂ရာသီကြာ ကစားခဲ့ကာ ၂၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ မန်ယူ အသင်း နဲ့အတူ EFL ဖလား ( ၁ ) ကြိမ် ၊FA ကွန်မြူနတီဒိုင်း ( ၁ ) ကြိမ် နှင့် UEFA ယူရိုပါလိဂ် ( ၁ ) ကြိမ် တို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဇလာတန် ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ပြင်းထန်တဲ့ ဒူးဒဏ်ရာ ရရှိခဲပြီး ကစားသမားဘဝ အနားယူနိုင်ရလောက်တဲ့ ဒဏ်ရာရှိခဲ့တာကြောင့် မန်ယူ အသင်းက စာချုပ်ထပ်မတိုးတော့ပါဘူး။

ဇလာတန် အသင်း က ကြံခိုင်မှု အပြည့် နဲ့ အကောင်းဆုံးပြန်လာနိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မျာ အမေရိကန် ကလပ် la ဂလပ်စီ အသင်း မှာ ၁ ရာသီ ကြာ ကစားခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ သူ့ရဲ့ ကလပ်ဟောင်းတွေထဲက တစ်သင်းဖြစ်တဲ့ အေစီမီလန် အသင်းကိုပြောင်းရွှေ့ကစားခဲ့တာပဲ ဖြစ်ပါတယ်။ ဇလာတန်အီဗရာဟီမိုဗစ် က နိုင်ငံ ကိုယ်စားပြုအနေနဲ့ ၂၀၀၁ ခုနှစ်မှာ စတင်ရွေးချယ် ခံရပြီး နိုင်ငံ အသင်း အတွက် ၁၁၆ ပွဲ ကစားခဲ့ပြီး ၆၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ အခုချိန်မှာတော့ ဇလာတန်အီဗရာဟီမိုဗစ် ဟာ ကစားသမားဘဝ က‌နေအနားယူသွားခဲ့ပြီဖြစ်ပါတယ်။ အခုပြောပြသွားတာကတော့ ဘောလုံးလောက ရဲ့ လေနတ်ဘုရားကြီး ဇလာတန်အီဗရာဟီမိုဗစ် အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးတဲ့ တစ်ဦးတစ်ယောက် ချင်းစီ တိုင်းကို ကျေးဇူး အများကြီးတင်ရှိပါတယ်။

#mmmedia

#acmilan

#zlatanibrahimovic

#striker

#seriea

#football

Leave a reply

💬 Join our Telegram
📢 မင်္ဂလာပါ !! Admin ဆီကို တိုက်ရိုက်ပေးပိုပြီး မေးမြန်နိုင်ပါတယ် ရှင် ...