ဒုတိယကမ္ဘာစစ်ရဲ့ နာဇီစစ်သားတစ်ဦးဖြစ်ခဲ့သူ မန်စီးတီးရဲ့ ဂန္ထဝင် ဂိုးသမားကြီးတစ်ဦး ဘာ့ထရော့မန်း
ဒုတိယကမ္ဘာစစ်ရဲ့ နာဇီစစ်သားတစ်ဦးဖြစ်ခဲ့သူ မန်စီးတီးရဲ့ ဂန္ထဝင် ဂိုးသမားကြီးတစ်ဦး ဘာ့ထရော့မန်း
ဒီနေ့ တင်ဆက်ပေးသွားမှာကတော့ နာဇီ စစ်သားဘဝ ကနေ ခက်ခက်ခဲခဲ ရုန်းကန်ပြီး မန်းစီးတီး အသင်းရဲ့ ဂန္တဝင် ဂိုးသမား တစ်ယောက် ဖြစ်လာခဲ့တဲ့ ဘာ့ဒ် ထရော့မန်း အကြောင်းပဲဖြစ်ပါတယ်။ ဘာ့ထရော့မန်းကို ၁၉၂၃ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့မှာ Bremen အနောက်ဘက် Walle မှာ မွေးဖွားခဲ့တာပဲဖြစ်ပါတယ်။ ၁၉၃၀ ခုနှစ်မှာ ဂျာမနီနိုင်ငံက နာဇီအုပ်ချုပ်မှု အောက်တွင် စီးပွားရေး အခြေအနေ အခက်အခဲများနှင့် နိုင်ငံရေး အပြောင်းအလဲတွေကြောင့် ထရော့မန်း ရဲ့ မိသားစု က စီးပွားရေး အဆင်မပြေမှုဖြစ်ခဲ့ရပြီး သူတို့ရဲ့ အိမ်ကိုရောင်းချကာ Bremen မြို့ရဲ့ အလုပ်သမားလူတန်းစားတွေနေထိုင်တဲ့ နေရာဖြစ်တဲ့ Gropelingen ရှိ တိုက်ခန်းတစ်ခုကိုပြောင်းရွှေ့နေ့ထိုင်ခဲ့ရပါတယ်။ထရော့မန်းကငယ်စဥ◌်ကတည်းက ဘောလုံးအားကစားနဲ့ ပြေးခုန်ပစ် အားကစားတွေကို စိတ်ဝင်စားခဲ့ပြီး စေတနာဝန်ထမ်း YMCA နှင့် ဘောလုံးကလပ် Blau und Weiss သို့ဝင်ရောက်ခဲ့ပါတယ်။ ၁၉၉၃ ခုနှစ် ဩဂုတ်လ မှာ ထရော့မန်း တစ်ယောက် ဟစ်တလာလူငယ်အဖွဲ့ ရဲ့ အငယ်တန်းဖြစ်တဲ့ Jungvolk မှာပါဝင်ခဲ့ပြီး နောက်တစ်နှစ်အကြာ မှာ ဒေသအတွင်း အငယ်တန်း ပြေးခုန်ပစ် ပြိုင်ပွဲများစွာမှာ ဆု ရရှိခဲ့ပြီး ဂျာမနီသမ္မတ Paul von Hindenburg ရဲ့ အားကစားထူးချွန်ဆု လက်မှတ်ပေးအပ်ခြင်းကိုလည်း ခံခဲ့ရတာပဲဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ် စတင်တဲ့အချိန်မှာတော့ ထရော့မန်း က စက်ပြင်ဆရာ အလုပ်သင်အဖြစ်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ ၁၉၄၁ ခုနှစ်မှာတော့ ထရော့မန်းက ရေဒီယို အော်ပရေတာ အဖြစ် ဒုတိယကမ္ဘာစစ် မတိုင်ခင်နဲ့ ဒုတိယ ကမ္ဘာစစ်အတွင်း Wehrmacht ရဲ့ ဝေဟင်စစ်ဆင်ရေးငှာနခွဲ တစ်ခုဖြစ်တဲ့ Luftwaffe ကို ဝင်ရောက်ခဲ့ပါတယ်။ လေ့ကျင့်ချိန် အတွင်း ထရော့မန်းက ရေဒီယို အလုပ်အတွက် သူရဲ့ အရည်းအချင်းအနည်းငယ်ကိုသာ ပြသနိုင်ခဲ့ပြီး အရည်အချင်းမပြည့်မှီတာကြောင့် လေထီးခုန်သူ ဖြစ်လာစေရန် Spandau ဒေသကိုပြောင်းရွှေ့ခဲ့ရပါတယ်။ ထရော့မန်းက စစ်တပ်ထဲမှာလည်း ဆုတံဆိပ်များစွာကို ရရှိခဲ့ပေ့မယ်ံ့ ၁၉၄၅ ခုနှစ်အရောက်မှာတော့ ဗြိတိန်ကို စစ်ရှုံးခဲ့ပြီး ထရော့မန်းက တိုက်ပွဲ အတွင်း စစ်သုံ့ပန်း အဖြစ်အဖမ်းခံခဲ့ရပါတယ်။ ထရော့မန်းက ဘယ်ဂျီယံနိုင်ငံ Ostend အနီးနားမှာ အကျဥ◌်းချခံရပြီး အဲ့နောက်စစ်ဆေးမေးမြန်းမှုတွေကို ပြုလုပ်ခဲ့ကာ အင်္ဂလန်နိုင်ငံ Essex မှာရှိတဲ့ အကူးအပြောင်းခန်းကိုရွှေ့ပြောင်းခဲ့ပါတယ်။အဲ့နောက် ထရော့မန်းကို နာဇီတစ်ဦးဖြစ်ဆုံးဖြတ်လိုက်ပြီး သူ့ကို Northwich ၊ Cheshire အနီးနားက Marbury Hall ရှိ စစ်သုံ့ပန်း စခန်းကို ပို့ဆောင်ခံခဲ့ရတာပဲဖြစ်ပါတယ်။ အချိန်အတော်ကြာပြီးနောက် ထရော့မန်း ရဲ့ အပြုအမူနဲ့ စိတ်နေစိတ်ထားတို့ကြောင့် နာဖီအဖြစ်မသတ်မှတ်ပဲ သာမန် ဂျာမန်စစ်သားတစ်ယောက်အဖြစ်သာ သတ်မှတ်ခဲ့ကာ အပြစ်တွေလျော့ပေါ့ပေးပြီး လီပါပူး အနီးမှာရှိတဲ့ hightown ရှိ Fort Crosby သို့ ခေါ်ဆောင်သွားခဲ့ပြီး ဒေသခံ လယ်ယာများမှာ အလုပ်လုပ်ကိုင်စေခဲ့ပါတယ်။ အဲ့နေရာမှာ ထရော့မန်းတစ်ယောက် ၃နှစ် အထိ နေထိုင်ခဲ့ပြီး ၁၉၄၈ ခုနှစ်မှာတော့ Ashton-in- Makerfield ရှိ Pow 50 အထက်တန်းကျောင်းသို့ပို့ဆောင်ခဲ့ပါတယ်။အဲ့ဒိမှာ ထရော့မန်းက ဘောလုံးပွဲများစွာကို ဗဟိုခံစစ် ကစားသမားအဖြစ် ကစားလာခဲ့ပြီး Haydock Park နှင့်ပွဲစဥ◌် မှာ ဒဏ်ရာရရှိခဲ့တာကြောင့် ဂိုးသမား အဖြစ်ဝင်ရောက်ကစားခဲ့ပြီး အဲ့ချိန်ကစလို့ ထရော့မန်းက ဂိုးသမား တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ Pow စခန်းကို ပိတ်သိမ်းခါနီ ထရော့မန်းကို ဂျာမနီကို ပြန်ပို့ရန် ကမ်းလှမ်းခဲ့သော်လည်း ထရော့မန်း က ငြင်းဆိုခဲ့ပြီး အင်္ဂလန်နိုင်ငံ Milnthorpe ရှိ လယ်ကွင်း တစ်ခုမှာ အလုပ်လုပ်တဲ့အပြင် Huytho မှာ ဗုံးရှင်းလင်းရေး အလုပ်ကိုလုပ်ကိုင်ခဲ့တာပဲဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ်အရောက်မှာတော့ ထရော့မန်း တစ်ယောက် Liverpool County Combination club မှာ ST Helens Town အသင်းအတွက် အပျော်တမ်းဂိုးသမား တစ်ယောက်အနေနဲ့ စတင်ကစားခဲ့တာပဲဖြစ်ပါတယ်။ ၁၉၄၈-၄၉ ရာသီတစ်လျောက် ထရော့မန်း က အကောင်းဆုံးလက်စွမ်းတေွက်ု ပြသနိုင်ခဲ့ပြီး ဒေသအတွင်း ဖလားပြိုင်ပွဲ တစ်ခုဖြစ်တဲ့ Mahon Cup ဖိုင်နယ်မှာ စံချိန်တင် ကြည့်ရှုသူ အယောက် ၉ထောင်လောက် လာရောက်ကြည့်ရှုခဲ့ပါတယ်။ ထရော့မန်းရောက်လာကတည်းက ST Helens Town အသင်းက အများကြီးတိုးတက်လာခဲ့ပြီး ၁၉၄၉-၅၀ ဘောလူံးရာသီမှာ Lancashire ပေါင်းစပ်လိဂ်ရဲ့ Division Two တိူ့ တက်ရောက်ယှဥ◌်ပြိုင်ခွင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။ ST Helens Town အသင်းမှာ ထရော့မန်းရဲ့ လက်စွမ်းတွေကို ကလပ် အသင်းတော်တော်များက ကြိုက်နှစ်သက်ခဲ့ကြပြီး သူကိုခေါ်ယူဖို့အတွက် နောက်ရာသီမစမှီမှာပဲ ကြိူးပမ်းလာခဲ့ကြပါတယ်။ ထရော့မန်း ကို ပထမ ဆုံး ကမ်းလှမ်းတဲ့ အသင်းကတော့ first division မှာ ကစားနေတဲ့ အသင်းကြီးတစ်သင်းဖြစ်တဲံ မန်စီးတီး အသင်းပဲဖြစ်ပါတယ်။ ၁၉၄၉ ခုနှစ်အောက်တိုဘာလ ၇ ရက်နေ့မှာ မန်စီးတီး အသင်းနှင့်အတူ ထရော့မန်း က ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ဗြိန်တိန်မှာ Adidas တံဆိပ် ကို ဝတ်ဆင်ပြီး ပထမဆူံးကစားတဲ့ ဂျာမန်အားကစားသမားလည်းဖြစ်ပါတယ်။ အစပိုင်းမှာက မန်ချက်စတာစီးတီး အသင်းရဲ့ ပရိတ်သတ်တွေနဲ့ မီဒီယာ သမားတွေ ဂျာမန်စစ်တပ်အဖွဲ့ဝင်ဟောင်း ကို ခေါ်ယူခဲ့တာကြောင့် မကျေနပ်မနပ်ဖြစ်ခဲ့ရပြီး သပိတ်မှောက်ပွဲများစွာလည်းဖြစ်ပေါ်လာခဲ့ပါတယ်။ အထူးသဖြင့် မန်ချက်စတာရှိ ဗြိတိန် ပရိတ်သတ်များစွာက ဒေါသထွက်ခဲ့ကြပြီး လူပေါင်း ၂၀၀၀၀လောက်က သူရဲ့လက်မှတ်ထိုးပွဲကို ကန့်ကွက်ခဲ့ကြတာပဲဖြစ်ပါတယ်။ ထရော့မန်း ကတော့ သူရဲ့ အရည်အချင်းတွေကို ၁၉၅၀ ခုနှစ်ဇန်နဝါရီလမှာ ယှဥ◌်ပြိုင်ကစားခဲ့တဲ့ ဖူဟမ် နဲ့ မန်စီတီးပွဲဟစဥ◌်မှာပဲ ပြသခဲ့ပါတယ်။ ထရော့မန်းက ဖူဟမ် အသင်းရဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုများစွာကို အကောင်းဆုံးကာကွယ်နိုင်ခဲ့ပြီး ကွင်းထဲ ကွင်းပြင် လူတွေအာလုံးရဲ့ ချီးကျုးတာကိုခံခဲ့ရပါတယ်။ထရော့မန်းတစ်ယောက် သူရဲ့ ဂိုးဖမ်းစွမ်းရည်ကြောင့် တဖြည်းဖြည်းနဲ့ မသိအမှတ်ပြုခြင်းကိုခံခဲ့ရပြီး ထရော့မန်း တစ်ယောက် မန်စီးတီး အသင်းရဲ့ အဓိက ဂိုးပေါက်တစ်နေရာအတွက် အပိုင်နေရာရရှိခဲ့ပါတယ်။ ထရော့မန်းတစ်ယောက်မန်စီးတီး အသင်းမှာ အကောင်းဆုံး လက်စွမ်းတွေနဲ့ အတူ အသင်းကို အကောင်းဆူံးထမ်းတင်နိုင်ခဲ့ပြီး ၁၉၅၅ ခုနှစ်မှာ fa cup ဖိုင်နယ် ကိုတက်ရောက်နိုင်ခဲ့ပါတယ်။ ဖိုင်နယ်ပွဲစဥ◌်မှာတော့ ၁၉၅၁ ခုနှစ်နဲ့ ၁၉၅၂ ခုနှစ်တွေမှာ ဖလားကိုရရှိထားတဲ့ နယူးကာဆယ်အသင်းနဲ့ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ ပြိုင်ပွဲ အတွင်းမှာ ထရော့မန်းတစ်ယောက် နယူကာဆယ် အသင်းရဲ့ တိုက်စစ်ကို အကောင်းဆုံး ကာကွယ်နိုင်ခဲ့ကာ ပွဲအပြီးမှာ ၃-၁ နဲ့အနိုင်ရရှိခဲ့ပြီး fa ဖလားကိုကိုင်မြှောနိုင်ခဲ့ပါတယ်။ ထရော့မန်းက အကောင်းဆူံးကစားသမား ဆုကိုလည်းရရှိခဲ့ပါတယ်။မန်စီးတီး အသင်းက ၁၉၅၅-၅၆ ရာသီ လိဂ်ရဲ့ စတုတ္ထနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး နောက်တစ်ကြိမ် faဖလား ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဘာမင်ဂမ် အသင်းနဲ့ ယှဥ◌်ပြိုင်ကစားခဲ့ရပြီး မန်စီးတီး အသင်းက ၃ ဂိုး ၁ ဂိုးဖြင် ဦးဆောင်နိုင်ခဲ့ပြီး ပွဲပြီးဖို့ မိနစ် အနည်းငယ် အလိုမှာ ထရော့မန်းတစ်ယောက် ပြိုင်ဘက်ကကစားသမား ဒူးနဲ့ သူရဲ့ လည်ပင်းနဲ့ ထိခိုက်မိပြီး ဆိုးဆိုးဝါးဝါး ပြင်းထန်တဲ့ ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါပေ့မယ် ထရော့မန်းကတော့ လူစားလဲတာကိုငြင်းဆန်ခဲ့ပြီး ဘာမင်ဂမ်ရဲ့ တိုက်စစ်ကို အကောင်းဆုံး ကာကွယ်ကာ အဲ့ပွဲရဲ့ သူရဲ့ကောင်းတစ်ယောက်လဲဖြစ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မန်စီးတီး အသင်းက နောက်တစ်ကြိမ် fa ဖလားကို ထပ်မံရရှိခဲ့ပါတယ်။ ထရော့မန်းက အဲ့ပွဲစဥ◌်ရဲ့ထိခိုက်မှုကြောင့် ကျောရိုး ၅ ခုကွဲထွက်သွားခဲ့ပြီး ဒုတိယ တစ်ခုက နှစ်ပိုင်းကွဲသွားခဲ့ပါတယ်။ ထရော့မန်း က ဒဏ်ရာပြသနာ ကပြန်လည်ကောင်းမွန်လာဖို့ အတော်လေးရုန်းကန်ခဲ့ရပြီး ၁၉၅၆-၅၇ ရာသီမှာတော့ ပြန်လည်ကစားခဲ့ပေ့မယ် ဒဏ်ရာပြသနာတွေကြောင့် အရင်လို ယုံကြည်မှုမရရှိတော့ပါဘူး။ထရော့မန်း တစ်ယောက် ၁၉၆၄ ခုနှစ် ဧပြီ ၁၅ ရက်နေ့မှာ ပရိတ်သတ် ၄၇၀၀၀ ရှေ့မှာ သူရဲ့ ကစားသမားဘဝကို အနားယူခဲ့ပါတယ်။ ထရော့မန်း က မန်စီးတီး အသင်းမှာ ၁၉၄၉ ခုနှစ်ကနေ ၁၉၆၄ ခုထိ ၁၅ နှစ်ကြာ အသင်းရဲ့ဂိုးပေါက်ကိုကာကွယ်ခဲ့တာပဲဖြစ်ပါတယ်။ ဘာ့ဒ် ထရော့မန်း က မန်စီးတီး ဂန္ဓဝင် ဂိုးသမားတစ်ယောက်ဖြစ်လာဖို့ အတွက် အတိုက်အခိုက် အတားအဆီးများစွာနဲ့ ကျော်ဖျက်ခဲ့ရပြီး နာဇီ စစ်သား တစ်ယောက် ဘဝကနေ ပရော်ဖက်ရှင်နယ် ဂိုးသမား ဘဝ ကို ရောက်ရှိခဲ့ပါတယ်။ ထရော့မန်း ရဲ့ မလျော့သောဇွဲနဲ့ ကြိုးစားမှုတွေ ၊ ဘောလုံးကိုချစ်တဲ့စိတ်တွေကြောင့် သူကတနေ့ထက်တနေ့ပိုမို တိုးတက်ကောင်းမွန်တဲ့ ဂိုးသမားတစ်ယောက်ဖြစ်လာခဲ့တယ်လို့ ပြောရင်း ဒီမှာပဲ အဆုံးသတ်လိုက်ပါတယ်။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
နောက်ဆုံးရသတင်းများ
တောက်မယ့်မီးခဲ တရဲရဲဖြစ်နေတဲ့ ယာမယ်
ဘောလုံးသမိုင်းရဲ့ ဘက်လိုက်မှု မရှိဆုံးဒိုင်း လူသား VAR
ကြွက်သားဒဏ်ရာကြောင့် 3ပတ် ထပ်ပြီးအနားယူရဦးမယ့် Kai Havertz
ကြွက်သား ဒဏ်ရာကြောင့် 3ပတ် ထပ်ပြီးအနားယူရဦးမယ့် Kai Havertz