ပက်ဂွာဒီယိုလာ နေရာကို ဘယ်နည်းပြနဲ့ အစားထိုးသွားမလဲ ?

Published 1 လ ခန့်က
Article
   ပက်ဂွာဒီယိုလာ နေရာကို ဘယ်နည်းပြနဲ့ အစားထိုးသွားမလဲ ?

မန်စီးတီး အသင်းက တစ်ချိန်က ဆုဖလားတွေအားလုံးကို စိန်ခေါ်နိုင်တဲ့ အသင်းကြီးတစ်သင်းတော့မဟုတ်ပါဘူး ။ ဒါပေမယ့် အသင်းမှာ ပက်ဂွာဒီယိုလာလို ကမ္ဘာ့အကောင်းဆုံး နည်းပြတစ်ယောက်ကို ခန့်အပ်ခဲ့ပြီး နည်းပြတောင်းဆိုသမျှကို ဖြည့်ဆည်းပေးခဲ့တာကြောင့် အချိန်တစ်ခုအတွင်းမှာပဲ မန်စီးတီး အသင်းက ဆုဖလားတော်တ်ောများများကို သိမ်းပိုက်နိုင်ခဲ့တယ် ။ဒီလို မန်စီးတီး အသင်းကို ကမ္ဘာ့အကောင်းဆုံး အသင်းတစ်သင်းဖြစ်အောင် ပြုလုပ်ပေးခဲ့တဲ့ ပက် က ဒီနှစ်ဘောလုံးရာသီကုန်ရင် မန်စီးတီး အသင်းကနေ ထွက်ခွာသွားတော့မှာပဲဖြစ်ပါတယ် ။ ပက်ဂွာဒီယိုလာ တစ်ယောက် မန်စီးတီး အသင်းနဲ့ 10 နှစ်ကြာဖြတ်သန်းပြီးတဲ့နောက်မှာတော့ ကလပ်အသင်းတွေထက် နိုင်ငံလက်ရွေးစင် အသင်းကို ကိုင်တွယ်ဖို့ ပိုမိုစိတ်ဝင်စားနေတယ်ထင်တယ် ။

ပက် က ဘယ်လိုနည်းပြလည်း ၊ ပက် က ဘယ်လောက်ကောင်းလဲဆိုတာကို ရှည်ရှည်ဝေးဝေးပြောပြနေဖို့ လိုမယ်မထင်ပါဘူး ။ ပက်ဂွာဒီယိုလာက သူက ကမ္ဘာ့အကောင်းဆုံးနည်းပြတစ်ယောက်ဖြစ်တယ်ဆိုတာကို ရောက်တဲ့ ကလပ်တိုင်းမှာ ဆုဖလား‌များစွာကို သိမ်းပိုက်ပြီး သက်သေပြပြီးသားပါ ။ အဲ့တာကြောင့် မန်စီးတီး အသင်းအနေနဲ့ ကမ္ဘာ့အကောင်းဆုံး နည်းပြတစ်ဦးကို လက်လွှတ်ရတော့မှာဖြစ်တာကြောင့် အခုချိန်ထဲက ပက် အသင်းကထွက်ခွာသွားခဲ့ရင် အသင်းရဲ့ နည်းပြအဖြစ်ခန့်အပ်မယ့် နည်းပြတွေကို အနီးကပ်စောင့်ကြည့်နေပြီပဲဖြစ်ပါတယ် ။ မန်စီးတီး အသင်းက ပက်နေရာကို ဘယ်နည်းပြ တစ်ယောက် နဲ့ အစားထိုးသွားမလဲဆိုတဲ့ မေးခွန်းတွေ က ဆက်တိုက်ထွက်ပေါ်လာပါတယ် ။ မန်စီးတီး အသင်းက အခုချိန်ထိ အရည်အသွေးမြင့် နည်းပြ 3 ဦးကို ပစ်မှတ်ထားနေပါတယ် ။ အဲ့ဒီနည်းပြတွေကတော့ အန်ဇိုမာရက်စကာ ၊ ဖာဖရီဂတ် ၊ ဇာဗီ အလွန်ဆို တို့ပဲဖြစ်ပါတယ် ။ အီတလီ စီးရီးအေ ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ကိုမို အသင်းမှာ ဖာဖရီဂတ် တစ်ယောက် သူ့ ရဲ့ အလှပဆုံး ကစားပုံ ၊ ကစားကွက်တွေ နဲ့ အကောင်းဆုံး အသင်းကိုတည်ဆောက်နေတာကြောင့် အသင်းကြီးတော်တော်များများရဲ့ စောင့်ကြည့်ခြင်းကိုခံနေရတဲ့ နည်းပြတစ်ယောက်ပဲဖြစ်ပါတယ် ။ နောက်တစ်ယောက်ကတော့ ဇာဗီ အလွန်ဆို ပါ ။ မနှစ်ကဘောလုံးရာသီတုန်းက ဘာယန်မြူးနစ် အသင်းအချိန်အတော်ကြာ အုပ်စိုးထားတဲ့ ဘွန်ဒက်လီဂါ ချန်ပီယံဆုကို လီဘာကူဆင် အသင်းနဲ့အတူ ထိုက်ထိုက်တန်တန် သိမ်းပိုက်ပြခဲ့ပေမယ့် ဒီနှစ်ဘောလုံးရာသီမှာတော့ အသင်းဟောင်းရီးရဲလ်မက်ဒရစ် အသင်းကို ကိုင်တွယ်ခဲ့ပေမယ့် ကစားသမားတွေနဲ့ အဆင်မပြေဖြစ်ခဲ့တာကြောင့် အသင်းကနေထုပ်ပယ်ခံလိုက်ရတာပါ ။

ဇာဗီ အလွန်ဆိုကလည်း မန်စီးတီး အသင်းစောင့်ကြည့်နေတဲ့ နည်းပြတွေထဲကတစ်ယောက်ဖြစ်ပါတယ် ။ မန်စီးတီး အပြင်ပရီးမီးယားလိဂ် ကလပ်အသင်းတစ်သင်းဖြစ်တဲ့ လီပါပူး အသင်းကလည်း အလွန်ဆို ကို ခေါ်ယူဖို့စိတ်ဝင်စားနေတာပဲဖြစ်ပါတယ် ။ နောက်ဆုံးတစ်ယောက် နဲ့ မန်စီးတီး အသင်းရဲ့ နည်းပြအဖြစ်လာနိုင်ဆုံးနည်းပြကတော့ ချယ်ဆီး အသင်းရဲ့ နည်းပြဟောင်း အန်ဇိုမာရက်စကာပဲဖြစ်ပါတယ် ။ မန်စီးတီး အသင်းက ပက်ရဲ့ တပည့်ဟောင်းလည်းဖြစ် မန်စီးတီး အသင်းရဲ့ နည်းပြအဖွဲ့ဝင်ဟောင်းလည်းဖြစ်တဲ့ အန်ဇိုမာရက်စကာ ရဲ့ အရည်အချင်းကို ယုံကြည်နေပြီး နည်းပြအဖြစ် ခန့်အပ်ဖို့ စောင့်ကြည့်နေတာပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇုးအများကြီးတင်ရှိပါတယ် ။

#mmmedia

#manchestercity

#pepguardiola

#coach

#transfer

#premierleague

#football

Leave a reply

💬 Join our Telegram
📢 မင်္ဂလာပါ !! Admin ဆီကို တိုက်ရိုက်ပေးပိုပြီး မေးမြန်နိုင်ပါတယ် ရှင် ...