ကားရစ် ရဲ့ နိုင်ပွဲဆက်နေမှုကို ရပ်တန့်စေခဲ့တဲ့ ဝက်ဟမ်းအသင်း
မန်ချက်စတာယူနိုက်တက် အသင်းက နည်းပြ အာမိုရင် ကို ထုတ်ပယ်ပြီး မိုက်ကယ်ကားရစ် ကို နည်းပြအဖြစ် ခန့်အပ်ပြီးကတည်း က အကောင်းမွန်ဆုံး ပုံစံတွေနဲ့ နိုင်ပွဲဆက်နေခဲ့တာပဲဖြစ်ပါတယ် ။မိုက်ကယ် ကားရစ် မန်ချက်စတာယူနိုက်တက် အသင်းကို ကိုင်တွယ်ပြီးကတည်း ကစားသမားတွေ ရဲ့ နိုင်လိုစိတ် ၊ တိုက်ပွဲဝင်စိတ်တွေက သိသိသာသာ တိုးတက်လာပြီး အသင်းတိုင်းကို အနိုင်ယူဖို့အတွက် အသင့်ဖြစ်နေတာပဲဖြစ်ပါတယ် ။ အာဆင်နယ် ၊ မန်စီးတီး ၊ တော်တင်ဟမ် စပါးတို့လို အင်အားကြီးအသင်းတွေကို တောက်လျောက် အနိုင်ရရှိအောင်ကစားနိုင်သလို ဖူဟမ် လို ဒီနှစ်ဘောလုံးရာသီမှာ အကောင်းမွန်ဆုံးပုံစံကို ပြသနေတဲ့ အသင်းကို နောက်ဆုံးမိနစ် အထိ ကစားပြီး ခက်ခက်ခဲခဲ အနိုင်ယူနိုင်ခဲ့တာပဲဖြစ်ပါတယ် ။
ဒါပေမယ့် နူနို ဆန်းတို့စ် ရဲ့ ဝက်ဟမ်း အသင်းနဲ့ အတွေ့မှာတော့ မိုက်ကယ် ကားရစ် ရဲ့ နိုင်ပွဲဆက်နေမှုက ရပ်တန့်သွားခဲ့တာပဲဖြစ်ပါတယ် ။ ဒီလို ဘောလုံးရာသီ 3 ပုံ 2 ပုံ ရောက်တဲ့ အချိန် တန်းဆင်းဇုန် အသင်းတွေရဲ့ အိမ်ကွင်း ရုန်းကန်အားက ကြောက်စရာကောင်းတာပုံမှန်ပါတယ် ။ ဝက်ဟမ်း အသင်းက ဆောင်းရာသီ အပြောင်းအရွှေ့ကာလပြီးကတည်းက အားကောင်းတဲ့ အားဖြည့်မှုတွေနဲ့အတူ သိသိသာသာတိုးတက်လာခဲ့သလို နိုင်ပွဲတွေလည်းဆက်နေတာပဲဖြစ်ပါတယ် ။ ချဲလ်ဆီး အသင်းကိုလည်း နောက်ဆုံးမိနစ် အထိ အခက်တွေအောင် ကစားနိုင်ခဲ့သလို ကားရစ် ရဲ့ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ အတွေ့မှာလည်း သရေတစ်မှတ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ် ။ ပုံစံကောင်းတွေဆက်တိုက်ပြသနေတဲ့ ကားရစ် ရဲ့ မန်ချက်စတာယူနိုက်တက် အသင်းက နူနိုဆန်းတို့စ် ရဲ့ low block ၊ mid block ကစားတဲ့ မာကျောတဲ့ ကစားဟန်ကို ထိုးဖောက်ဖို့အတွက် တော့ အခက်တွေ့ခဲ့တာပဲဖြစ်ပါတယ် ။ ဝက်ဟမ်း အသင်းရဲ့ မာကျောတဲ့ ကစားဟန် ကို ထိုးဖောက်ဖို့အတွက် မန်ချက်စတာယူနိုက်တက် အသင်းရဲ့ Wingback ကစားသမားတွေရော ၊ တောင်ပံ ကစားသမားနှစ်ယောက်လုံးရော အတော်လေး ရုန်းကန်ခဲ့ရပါတယ် ။
နောက်ဆုံး ပွဲပြီးဆုံးခါနီးမှသာ ဆက်စကို ရဲ့ လှပတဲ့ ချေပဂိုး တစ်ဂိုးကြောင့်သာ သရေတစ်မှတ်ရအောင်စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ် ။ နူနိုဆန်းတို့စ် ရဲ့ ဝက်ဟမ်း အသင်း က ဒီလိုပုံစံကောင်းတွေကို ဆက်တိုက်ပြသနိုင်နေရင် တန်းဆင်းဇုန် ကနေ ရုန်းထွက်ပြီး ပရီးမီးယားလိဂ်မှာ ကျန်ရစ်ခဲ့လောက်ပါတယ် ။ ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ ကားရစ် ရဲ့ နိုင်ပွဲဆက်နေမှုကို ရပ်တန့်စေခဲ့တဲ့ နူနိုဆန်းတို့စ် ရဲ့ ဝက်ဟမ်းအသင်း အကြောင်းပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။
#mmmedia
#manchesterunited
#michaelcarrick
#coach
#westhamunited
#nunosantos
#premierleague
နောက်ဆုံးရသတင်းများ
ကြွက်သားဒဏ်ရာကြောင့် 3ပတ် ထပ်ပြီးအနားယူရဦးမယ့် Kai Havertz
ကြွက်သား ဒဏ်ရာကြောင့် 3ပတ် ထပ်ပြီးအနားယူရဦးမယ့် Kai Havertz
Atletico Madrid Vs Barcelona ( ပွဲပြီးသုံးသပ်ချက် )
Hull City Vs Chelsea (ပွဲပြီးသုံးသပ်ချက်)