21ရာစု တစ်ပွဲ ပျှမ်းမျှ ဝင်ငွေအများဆုံး ရရှိကြတဲ့ ကလပ်သင်း ၅သင်း
21ရာစုရဲ့ တစ်ပွဲ ပျှမ်းမျှ ဝင်ငွေအများဆုံး ရရှိကြတဲ့ ကလပ်သင်း ၅သင်း
ဘောလုံး အသင်းတစ်သင်းက အသင်းရဲ့ အဓိက ဝင်ငွေတွေကို ဂျာစီ ရောင်းချမှု ၊ ကွင်းဝင်ကြေး ၊ ကစားသမား အရောင်းအဝယ် ၊ စပွန်စာ စတဲ့ နေရာအမျိုးမျိုးကနေ ရရှိကြပြီး အသင်းအတွက်လိုအပ်တဲ့ ကစားသမား ခေါ်ယူမှုတွေ ၊ ပြင်ဆင်ထိန်းသိမ်းရမှာတွေကို ပြုလုပ်ကြတယ်။ အသင်းတစ်သင်းနဲ့ တစ်သင်းရဲ့ ပုံရိပ်တွေ ၊ အောင်မြင်မှုတွေ ၊ ပရိတ်သတ် အင်းအားတွေ မတူညီတာကြောင့် အသင်းတစ်သင်းနဲ့ တစ်သင်းရဲ့ ဝင်ငွေတွေက တူညီမှုရှိမှာတော့ မဟုတ်ပါဘူး။ အသင်းတွေက သူတို့ ရဲ့ အဓိက ဝင်ငွေကို ကွင်းဝင်ကြေးကနေ အတော်များများ ရရှိတာဖြစ်တာကြောင့် သူတို့ရဲ့ ကွင်းတွေကို ပရိတ်သတ်ဦးရေ ပိုမို ဝင်ဆန့်အောင် ၊ အဆင့်အတန်းမှီအောင် အမျိုးမျိုးပြုပြင်ပြောင်းလဲမှုတွေလုပ်တက်ကြတယ်။ဒီနေ့တင်ဆက်ပေးသွားမှာကတော့ ၂၁ ရာစုရဲ့ ကွင်းဝင်ရေး အများဆုံး ရရှိကြတဲ့ ကလပ် အသင်း ၅ သင်း အကြောင်းပဲဖြစ်ပါတယ်။
၁. Allianz Arena ( ဘာယန်မြူးနစ်)
အလိုင်းရက် အလီနာကတော့ ဘာယန်မြူးနစ် အသင်းရဲ့ အိမ်ကွင်းတစ်ကွင်းဖြစ်ပြီး အောင်မြင်မှုများစွာ ၊ ချန်ပီယ့ဆုဖလားပေါင်းများစွာနဲ့ ပရိတ်သတ်တွေကို မိတ်ဆက်နိုင်ခဲ့တဲ့ ကွင်းတစ်ကွင်းလည်းဖြစ်ပါတယ်။ အလိုင်ရက် အလီနာ က ဂျာမန် ဘွန်ဒက်လီဂါမှာ ဈေးကြီးတဲ့ ကွင်းတစ်ကွင်းလည်းဖြစ်ပါတယ်။ အလိုင်ရက် အလီနာ မှာ ဘောလုံးပွဲတစ်ပွဲကြည့်မယ်ဆိုရင် လက်မှတ်ခ ၆၃ ပေါင်အထိ ရှိခဲ့ပြီး Match day ပွဲ တစ်ပွဲ ပြီးဆုံးတဲ့အချိန်တိုင်းမှာ ပျှမ်းမျှဝင်ငွေ ယူရို ၅.၆ သန်းအထိရရှိခဲ့တာပဲဖြစ်ပါတယ်။
၂. Parc des Princes ( ပီအက်ဂျီ )
Parc des Princes လို ခမ်းနားတဲ့ ဘောလုံးကွင်းကြီးကတော့ ပြင်သစ် လိဂ်ဂူးဝမ်း ရဲ့ အသင်းကြီး တစ်သင်းဖြစ်တဲ့ ပီအက်ဂျီ အသင်းရဲ့ အိမ်ကွင်းတစ်ကွင်လည်းဖြစ်ပါတယ်။ ပရိတ်သတ် အသင်းက ပရိတ်သတ် ၄ သောင်းကျော်သာ ဝင်ဆန့်ပေ့မယ့် ၂၁ ရာစုဘောလုံး အသင်းတွေထဲမှာ ဒုတိယ ဈေးအကြီးဆုံး ဘောလုံးကွင်းတစ်ကွင်းလည်းဖြစ်ပါတယ် ။ ကမ္ဘာ့ကျော် ကစားသမာတွေ ဖြစ်ကြတဲ့ မက်စီ ၊နေမာ ၊ အမ်ဘာပေ တို့ရှိတဲ့အချိန်ကတည်းက ကွင်းကြေးတွေ မြင့်မားတယ်ဆိုပေ့မယ့် ယခုအချိန်ထိ Parc des Princes ရဲ့ ကွင်းဝင်ကြေးက မြင့်မားနေဆဲပဲဖြစ်ပါတယ်။ ပွဲစဥ◌်တစ်ပွဲပြီးတိုင်းပြီးတိုင်းမှာ ကွင်းဝင်ကြေးအပါအဝင် ယူရို ၇.၃ သန်းအထိ ဝင်ငွေ ရရှိနေတာပဲဖြစ်ပါတယ်။
၃. Estadio Santiago Bernabéu ( ရီးရဲလ်မက်ဒရစ် )
Estadio Santiago Bernabéu ကတော့ ဥရောပအောင်မြင်မှု အများဆုံး ရရှိထားတဲ့ အသင်းတစ်သင်းဖြစ်တဲ့ အပြင် ကြယ်စင်စု အသင်းတစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အိမ်ကွင်း တစ်ကွင်းလညိးဖြစ်ပါတယ်။ Estadio Santiago Bernabéu လို ကွင်းသစ်ကြီး တစ်ကွင်း နဲ့ အတူ ၊ ဗီးနီးရှက် ၊ ဘယ်လင်ဟမ် ၊ အမ်ဘာဘေတို့ရဲ့ ဂျာစီရောင်းချမှုတွေ စတဲ့ နေရာအမျိုးမျိုးကနေ ဝင်ငွေများစွာ ရရှိနေတဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ Estadio Santiago Bernabéu ကွင်းကြီးရဲ့ တစ်ပွဲ ပျှမ်းမျှဝင်ငွေက ယူရို ၇.၄ သန်းအထိ ရှိနေပြီး ဝင်ငွေအများဆုံး ရရှိထားတဲ့ အသင်းတစ်သင်လည်းဖြစ်ပါတယ်။
၄. Tottenham Hotspur Stadium ( စပါး )
Tottenham Hotspur Stadium ကတော့ ပရီးမီးယားလိဂ် ကလပ် အသင်းတစ်သင်းဖြစ်တဲ့ တော်တင်ဟမ် အသင်းရဲ့ အိမ်ကွင်းတစ်ကွင်းလည်းဖြစ်သလို ၂၁ ရာသီ ရဲ့ ကွင်းဝင်ကြေးအမြင့်ဆုံး အသင်းတွေထဲက အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ စပါး အသင်းက အောင်မြင်ဖလား ထူးထူးခြားခြား မရှိပေ့မယ့် သူတိူ့ရဲ့ ပရိတ်သတ် ၆သောင်းကျော် ဝင်ဆန့်တဲ့ သူတို့ရဲ့ ကွင်းအသစ်ကြီးအပြင် ရောင်းချတဲ့ အစားအသောက်တွေ ၊ ဂျာစီ ရောင်းချငွေတွေကြောင့် ဝင်ငွေ အများအပြားရရှိတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ စပါအသင်း က တစ်ပွဲကို ပျှမ်းမျှ ယူရို ၅.၉ သန်းအထိ ရရှိပြီး ၂၁ ရာသီရဲ့ စတုတ္ထဝင်ငွေ အများဆုံး အသင်းတစ်သင်းလည်းဖြစ်ပါတယ်။
၅. Emirates Stadium ( အာဆင်နယ် )
ဟိုး အရင် အချိန်တွေထဲက အားပေးတဲ့ ပရိတ်သတ် အရေအတွက် အခိုင်အမာ ရရှိထားတဲ့ အသင်းတစ်သင်းဖြစ်တဲ့ အာဆင်နယ် အသင်းရဲ့ အိမ်ကွင်း Emirates Stadium ကလည်း MATCH DAY တွေမှာ ကွင်းဝင်ကြေး အပြင် အခြားအဘက်ဘက်ကပါ ဝင်ငွေ အများအပြားရရှိလာခဲ့တာပဲဖြစ်ပါတယ်။နောက်ပိုင်းကာလတွေမှာ အာဆင်နယ် အသင်းရဲ့ နည်းပြဖြစ်တဲ့ မီခယ် အာတီတာ ရဲ့ စွမ်းဆောင်ရည်တွေကြောင့် အာဆင်နယ် အသင်းရဲ့ အခြေအနေတွေက တိူးတက်လာခဲ့တာကြောင့် ဒီနောက်ပိုင်းကာလတွေမှာ ကွင်းထဲ အထိ လာအားပေးကြတဲ့ ပရိတ်သတ် အရေအတွက်က ပိုမို များပြားလာတာကိုလည်းတွေ့ရမှာပဲဖြစ်ပါတယ်။ အာဆင်နယ် အသင်းက ပရီးမီးယားလိဂ် ကလပ်တွေကြားထဲမှာ အိမ်ကွင်းဝင်ငွေ အများဆုံးရရှိတဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ အာဆင်နယ် အသင်းက တစ်ပွဲကို ပျှမ်းမျှဝင်ငွေ စုစုပေါင်း ယူရို ၆.၁ သန်းထိ ရရှိတာလည်းဖြစ်ပါတယ်။
ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ ၂၁ ရာစု တစ်ပွဲ ပျှမ်းမျှ ဝင်ငွေအများဆုံး ရရှိကြတဲ့ ကလပ်သင်း ၅သင်း အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။
最新消息
里斯·詹姆斯:伤病如何阻碍了他的职业生涯
切尔西是如何诞生的?
凱·哈弗茨因腿筋傷勢將再缺席三週
切爾西今夏將對門將和前鋒位置進行調整