စိတ်ကျရောဂါကြောင့် ကစားသမားဘဝ အဆုံးသတ်ခဲ့ရတဲ့ အက်ဒရီယာနို
စိတ်ကျရောဂါကြောင့် ကစားသမားဘဝ အဆုံးသတ်ခဲ့ရတဲ့ အက်ဒရီယာနို
ဘောလုံးလောကရဲ့ နှမြောစရာ အကောင်းဆုံးပါရမီရှင်တစ်ယောက် ၊ စိတ်ကျရောဂါကြောင့် ကစားသမားဘဝ အဆုံးသတ်ခဲ့ရသူ ၊ ဘောလုံးပရိတ်သတ်တိုင်းကို ဖမ်းစားဖူးတဲ့ ကစားသမား အဲ့ဒီ ကစားသမားကတော့ အက်ဒရီယာနို ပဲဖြစ်ပါတယ်။ အက်ဒရီယာနိုကို ၁၉၈၂ ခုနှစ် ဖေဖော်ဝါရီ လ ၁၇ ရက်နေ့မှာမွေးဖွားခဲ့တာပဲဖြစ်ပါတယ်။ ဘောလုံးစကေးပိုင်းမှာ အလွန်ကောင်းမွန်ပြီး ၊ kick power ကပြောစရာမလိုအောင်ကောင်းတဲ့ အပြင် ၊ ကြောက်စရာကောင်းတဲ့ speed လည်း အက်ဒရီယာနိုမှာ ရှိတယ် ။ ကစားသမားဘဝအောင်မြင်ခါစ အချိန်ကနေ ခြေစွမ်းပိုင်းတွေကျဆင်းပြီး အောင်မြင်ကျော်ကြားမှု ပြန်ပျောက်သွားတဲ့ အချိန်ထိ ပရိတ်သတ်တွေ လွမ်းဆွတ်ခဲ့ရတဲ့ ကစားသမား တစ်ဦးဖြစ်တဲ့အပြင် အနာဂတ်ရဲ့ R9 ( ဒိုကြီး ) လက်သစ်လို့တောင် တင်စားခံခဲ့ရတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ် ။ အက်ဒရီယာနိုက ၂၀၀၄ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ၇ ဂိုးအထိသွင်းယူကာ သူရဲ့ အကောင်းဆုံးခြေစွမ်းတွေ ကို တကမ္ဘာလုံးကိုချပြနိုင်ခဲ့တယ်။ ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမား ဆုကိုလည်းရရှိခဲ့တယ်။ အက်ဒရီယာနိုက ၁၉၉၉ ခုနှစ်မှာ ဖလာမင်ဂို အသင်းနဲ့ ကစားသမားဘဝ စတင်ခဲ့ပြီး သူရဲ့ ကစားသမားဘဝ အကောင်းဆုံးအချိန်တွေကိုတော့ ပါးမား နဲ့ အင်တာမီလန် အသင်းတွေမှာ ဖြတ်သန်းခဲ့တယ် ။ အက်ဒရီယာနိုရဲ့ ကစားသမားဘဝက အချိန်တစ်ခုအတွင်းမှာပဲ သူသွင်းပြခဲ့တဲ့ ဂိုးတွေ ၊ သူလုပ်ပြခဲ့တာတွေကြောင့် အောင်မြင်ခဲ့တယ်။ အက်ဒရီရာနိုက အရှိန်ပြင်းတဲ့ မှုန်တိုင်းတစ်ခုလို ပြိုင်ဘက်ခံစစ်ကို ထိုးဖောက်မွှေနှောက်နိုင်ပြီးပြိုင်ဘက်ဂိုးသမားတိုင်းကြောက်ရပြီး ဂိုးတွေ တဒိုင်းဒိုင်းသွင်းနိုင်တဲ့ ကစားသမား တစ်ယောက်ဖြစ်တယ်။ အက်ဒရီယာနိုက အဲ့ချိန်တုန်းက တကယ့်ကြောက်စရာကောင်းလောက်အောင် ခြေစွမ်းပြနေပြီး သူရဲ့ ကစားသမားဘဝ အောင်မြင်မှုတွေ ၊ ခြေစွမ်းကောင်းတွေကို အချိန်တိုလေးအတွင်းမှာ ပျောက်ဆုံးသွားဖို့အတွက် အကြောင်းအရာတစ်ခုက ၂၀၀၄ ခုနှစ်မှာ အကြောင်းဖန်လာခဲ့တယ်။ ၂၀၀၄ ခုနှစ်မှာ အက်ဒရီယာနိုရဲ့ ဖခင်ကဆုံးသွားခဲ့ပြီး အက်ဒရီယာနိုတစ်ယောက် အထီးကျန်စိတ်တွေ စတင်ဝင်လာခဲ့ပြီး စိတ်ကျရောဂါဖြစ်ကာ အရက်ရဲ့ ကျေးကျွန်ဖြစ်ခဲ့တယ်။ အီတလီမြေမှာ တစ်ယောက်ထဲ အထီးကျန်နေတဲ့ အက်ဒရီယာနိုက စိတ်ကျရောဂါ ခံစားလားရပြီး အရက်တွေသောက်လာတယ် ။ အရက်မူးနေခြင်းကပဲ သူကိုပျော်ရွှင်မှုပေးခဲ့တယ်။ သူဖခင် ဆုံးပြီး စစချင်း အချိန်တွေမှာ အက်ဒရီယာနိုရဲ့ ခြေစွမ်းက ချက်ချင်းကြီး ကျဆင်းသွားတာမျိုးမဟုတ်ပဲ တဖြည်းဖြည်းနဲ့ စွမ်းဆောင်ရည်တွေကျဆင်းခဲ့တာပဲဖြစ်ပါတယ်။ အက်ဒရီယာနိုရဲ့ အရက်ကျေးကျွန်ဖြစ်နေတာကို အင်တာမီလန်ရဲ့ ကစားသမားတွေ ၊ အသင်းပိုင်ရှင်တွေက ဖုံးပေးခဲ့ပေ့မယ့် အက်ဒရီယာနိုရဲ့ စိတ်ကျရောဂါက အတော်လေးသူ့အပေါ်သက်ရောက်မှုရှိခဲ့တယ်။ အက်ဒရီယာနိုက သူရဲ့မွေးရပ်မြေ ဘရာဇီးကို ပြန်ရောက်တဲ့ အချိန်တွေ ပါတီတွေ ၊ အရက်တွေ ၊ မိန်းမကိစ္စတွေ နဲ့ပဲ နစ်မြုပ်နေခဲ့တယ်။ ဒီလိုနဲ့ ဘောလုံးလောကရဲ့ မျော်လင့်ချင်စရာအကောင်းဆုံး ကစားသမားတစ်ဦးကို ဆုံးရှုံးခဲ့ရတယ်၊အက်ဒရီယာနိုက ၂၀၁၆ ခုနှစ်မှာ ကစားသမား ဘဝကို အဆုံးသတ်ခဲ့တယ်၊ ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ စိတ်ကျရောဂါကြောင့် ကစားသမားဘဝ အဆုံးသတ်ခဲ့ရတဲ့ အက်ဒရီယာနို အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
最新消息
里斯·詹姆斯:伤病如何阻碍了他的职业生涯
切尔西是如何诞生的?
凱·哈弗茨因腿筋傷勢將再缺席三週
切爾西今夏將對門將和前鋒位置進行調整