ဥရောပ ရဲ့ အကောင်းဆုံး အကယ်ဒမီ ၅ ခု အကြောင်း
ဥရောပ ရဲ့ အကောင်းဆုံး အကယ်ဒမီ ၅ ခု အကြောင်း
ဥရောပမှာ လူငယ် ကစားသမားတွေကို သက်တမ်းအလိုက် အကောင်းဆုံး လေ့လာ သင်ကြားပေးမှုတွေကို ပြုလုပ်ပေးနေတဲ့ အကယ်ဒမီ တွေ များစွာရှိနေတာပဲဖြစ်ပါတယ်။ ကစားသမား တစ်ယောက် ကောင်းမွန်တဲ့ ကစားသမားတစ်ယောက်ဖြစ်ဖို့ဆိုတာ ဘောလုံး အခြေခံ နည်းစနစ်ကောင်းမွန်ဖို့က အဓိက လိုအပ်တဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ်။ ဒီနေ့တင်ဆက်ပေးသွားမှားကတော့ ဥရောပမှာ ကမ္ဘာ့အဆင့် ကစားသမားဖြစ်လာမယ့်သူတွေ ၊ ဘောလုံးလောကကို စိုးမိုးမယ့် ကစားသမားတွေကို မွေးထုပ်ပေးတဲ့ အကောင်းဆုံး အကယ်ဒမီတွေထဲ ကမှ အကောင်းဆုံး အကယ်ဒမီ ၅ ခု အကြောင်း ပဲဖြစ်ပါတယ်။
၁. လာမာစီယာ
လာမာစီယာ အကယ်ဒမီကတော့ စပိန် အင်အားကြီး အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ ဘာစီလိုနာ အသင်းရဲ့ အကယ်ဒမီ ပဲဖြစ်ပါတယ်။ လာမာစီယာ အကယ်ဒမီလို ပြောလိုက်တာနဲ့ ကမ္ဘာ့အဆင့် ကစားသမားပေါင်းများစွာကို မွေးထုပ်ပေးနိုင်တဲ့ အကယ်ဒမီ တစ်ခုဖြစ်ပြီး လာမာစီယာ အကယ်ဒမီထွက် ကစားသမားတွေက နည်းဗျူဟာပိုင်းမှာ အလွန်ကောင်းမွန်တာကို တွေ့မမြင်ရမှာပဲဖြစ်ပါတယ်။ ကမ္ဘာ့ အကောင်းဆုံး ကစားသမားတွေဖြစ်ကြတဲ့ မက်စီ ၊ အင်နီရီစတာ ၊ ဇာဗီ တို့ကို မွေးထုပ်ပေးနိုင်ခဲ့တဲ့ အကယ်ဒမီ တစ်ခုဖြစ်တဲ့ အပြင် အခုလက်ရှိ ဘာစီလိုနာ အသင်း ဘဏ္ဌရေး ပြသာနာတွေနဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာ ကာမာစီယာ အကယ်ဒမီ ထွက် ကစားသမားတွေ တော်တော်များများရဲ့ ခြေစွမ်းတွေကြောင့်သာ အသင်းက အကျပိုင်းကို မရောက်သွားခဲ့တာပဲဖြစ်ပါတယ်။ လာမာစီယာ အကယ်ဒမီ ကိုတော့ ၁၉၇၉ ခုနှစ်က စတင်တည်ထောင်ခဲ့တာပဲဖြစ်ပါတယ်။
၂. ဒီထိုးကို့
ဒီထိုးကို့ အကယ်ဒမီက နယ်သာလန် ကလပ် အသင်းတစ်သင်းဖြစ်တဲ့ အေဂျက် အသင်းရဲ့ အကယ်ဒမီ ဖြစ်ပြီး အခုချိန်ထီ အကယ်ဒမီ ထွက်ကစားသမားတွေကို အကောင်းဆုံးမွေးထုပ်ပြီး ဈေးကွတ်ပေါက်ဈေး များများစားစားနဲ့ ရောင်းချတဲ့ နေရာမှာ ပြောင်းရွှေ့ကြေး အများဆုံး ရရှိထားတဲ့ အကယ်ဒမီ တစ်ခုလည်းဖြစ်ပါတယ်။ ဒိထိုးကို့ အကယ်ဒမီ ထွက် ကစားသမားတွေက နည်းဗျူဟာပိုင်းမှာ ကျွမ်းကျင်တဲ့ အပြင် ဘောလုံး အမြင်ပိုင်းမှာလဲ LEVEL တစ်ခုကို ရောက်ရှိနေ့ကြတာပဲဖြစ်ပါတယ်။ ဒီဂျောင် ၊ ဒီလစ် ၊ ဒန်းနစ် ဘားကတ် ၊ ဂျော်ဟမ် ခရက် တို့လို ကမ္ဘာ့အဆင့် ကစာားသမားတွေကို မွေးထုပ်ပေးခဲ့တဲ့ ဒီထိုးကို့ အကယ်ဒမီ ကို ၁၉၉၀ ခုနှစ်ကတည်းက စတင် တည်ထောင်ခဲ့တာပဲဖြစ်ပါတယ်။
၃. ဆောက်တမ်တန်
ဆောက်တမ်တန် FC အကယ်ဒမီ ကတော့ အင်္ဂလန် ပရီးမီးယားလိဂ် အသင်းတစ်သင်းဖြစ်တဲ့ ဆောက်တမ်တန် အသင်းရဲ့ အကယ်ဒမီ တစ်ခုလည်းဖြစ်ပါတယ်။ အင်္ဂလန် ပရီးမီးယဦးလိဂ် ကို ကစားသမားပေါင်းများစွာနဲ့ မိတ်ဆက်ပေးပြီး ခြေစွမ်းကောင်းတဲ့ လူငယ်ကစားသမားတွေကို နောက်တစ်ဆင့်မြှောင့်တင်ပေးနိုင်ခဲ့တဲံ အကယ်ဒမီ တစ်ခုလည်းဖြစ်ပါတယ်။ ဆောက်တမ်တန် အသင်းရဲ့ အကယ်ဒမီကို ၁၉၈၀ ခုနှစ် ကတည်းက စတင်တည်းဆောက်ခဲ့တာဖြစ်ပြီး တိုက်စစ်အားသန် ကစားသမားပေါင်းများစွာကို မွေးထုပ်ပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဆောက်တမ်တန် အသင်းရဲ့ အကယ်ဒမီက နေ ကမ္ဘာ့အဆင့် ကစားသမားတွေဖြစ်ကြတဲ့ ဂရက် ဘေး ၊ ဝှေ့ ပရောက့် ၊ ဝဲကော့တို့လို ကစားသမားတွေကို မွေးထုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။
၄. စပို့တင်း Cp Academy
စပို့တင်း Cp Academy ကတော့ ပေါ်တူဂီ ကလပ် အသင်းတစ်သင်းဖြစ်တဲ့ စပို့တင်း အသင်းရဲ့ အကယ်ဒမီ တစ်ခုလည်ဖြစ်ပါတယ်။ လူငယ် ကစားသမားတွေကို သင်ကြားမှုပိုင်းမှာ စည်းစနစ် သေသပ်တဲ့ စပို့တင်း အသင်းရဲ့ အကယ်ဒမီ အသင်း က ကမ္ဘာ့အဆင့် ကစားသမားပေါင်းများစွာကို မွေးထုပ်ပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ စပို့တင်း အကယ်ဒမီထွက် ကစားသမားတွေကို နည်းစနစ်ပိုင်းကောင်းမွန်မှု ၊ လျင်မြန်မှုတို့ကြောင့် ဥရောပအသင်းတော်တော်များများက စိတ်ဝင်ကစားစောင်ကြည့်နေရတဲ့ အကယ်ဒမီ တစ်ခုလည်းဖြစ်ပါတယ်။ ရော်နယ်ဒို ၊ လူးဝစ် ဖီကို ၊ ဘရူနို ဖာနန်တက် တို့လို ကစားသမားတေွကို မွေးထုပ်ပေးနိုင်ခဲ့ပြီး စပို့တင်း Cp Academy ကို ၁၉၀၆ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တာပဲဖြစ်ပါတယ်။
၅. ကော့ဟမ်း အကယ်ဒမီ
ကော့ဟမ်း အကယ်ဒမီ ကတော့ ပရီးမီး ယားလိဂ် အသင်းတစ်သင်းဖြစ်တဲ့ ချယ်ဆီး အသင်းရဲ့ အကယ်ဒမီ တစ်ခုလည်းဖြစ်ပါတယ်။ ကော့ဟမ်း အသင်းရဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ သက်တမ်းလိုက် အသင်းတွေမှာဆိုရင် အောင်မြင်မှုတွေကို အများအပြားရရှိထားတဲံ အကယ်ဒမီ တစ်ခုလည်းဖြစ်ပါတယ်။ ဂျွန်တယ်ရီ ၊ ရီစီ ဂျိမ်း ၊မေဆင်မောက် တို့လို ကစားသမားကောင်းများစွာကို မွေးထုပ်ပေးနိင်တဲ့ အကယ်ဒမီ တစ်ခုလည်းဖြစ်ပြီး ကော့ဟမ်း အကယ်ဒမီကို ၁၉၉၀ ခူနှစ်ကတည်းကစတင်တည်ထောင်ခဲ့တာပဲဖြစ်ပါတယ်။ UEFA Youth League ကိုလည်း ၂၀၂၄ ဘောလုံးရာသီကနေ ၂၀၂၆ ဘောလူံရာသီ အထိ ၃ ရာသီဆက် သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။
ဟုတ်ကဲ့ပာ အခု တင်ဆက်ပေးသွားတာကတော့ ဥရောပမှာ တည်ရှိတဲ့ အကောင်းဆုံး အကယ်ဒမီတွေထဲကမှ အကယ်ဒမီ ၅ ခုကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။
最新消息
里斯·詹姆斯:伤病如何阻碍了他的职业生涯
切尔西是如何诞生的?
凱·哈弗茨因腿筋傷勢將再缺席三週
切爾西今夏將對門將和前鋒位置進行調整