ဖိအားတွေနဲ့ ရင်ဆိုင်ရတော့မယ့် အာတီတာ ရဲ့ အာဆင်နယ် အသင်း
ပရီးမီးယားလိဂ်က နှစ်တိုင်းလိုလို ဘောလုံးပွဲဝါသနာရှင်တွေ ၊ ဘောလုံးပွဲကြည့်ရတာကြိုက်နှစ်သက်တဲ့ လူတွေကို ဘောလုံးရသ နဲ့ ရင်ခုန်စိတ်လှုပ်ရှားမှုအပြည့်အဝပေးစွမ်းနိုင်တာပဲဖြစ်ပါတယ် ။ အရှေ့နှစ်ဘောလုံးရာသီတွေတုန်းကလည်း ပက်ဂွာဒီယိုလာ နဲ့ သူ့ရဲ့ တပည့် အာတီတာ တို့ရဲ့ ပြိုင်ဆိုင်မှုတွေနဲ့ ဖျော်ဖြေမှု အပြည့်အဝပေးစွမ်းနိုင်ခဲ့တယ် ။ မနှစ်ကဘောလုံးရာသီတုန်းကတော့ အာနေးစလော့ က သူ့ရဲ့ ပရီးမီးယားလိဂ် ပထမဆုံးရာသီမှာပဲ ပရီးမီးယားလိဂ်ဖလားကြီးကိုသိမ်းပိုက်ပြခဲ့တယ် ။အာတီတာ ရဲ့ အာဆင်နယ် အသင်းက ပရီးမီးယားလိဂ် ဖလားကြီးကို စိန်ခေါ်နိုင်ဖို့အတွက်အမြဲလိုလို အဆင်သင့်ဖြစ်နေပေမယ့် လူစာရင်းပြဿနာ တွေအပါအဝင် အခြားပြဿနာအမျိုးမျိုးကြောင့် ပက် ရဲ့ မန်စီးတီး အသင်းကို လက်မြှောက်အရှုံးပေးခဲ့ရတာနှစ်တွေအတော်လေးများခဲ့ပါပြီ ။
ဒီနှစ်ဘောလုံးရာသီမှာတော့ အာတီတာ ကို အာဆင်နယ် အသင်းတာဝန်ရှိသူတွေက ကမ္ဘာ့အကောင်းဆုံး အသင်းတစ်သင်းဖြစ်အောင် တောင့်တင်းတဲ့ လူစာရင်းအစုအဖွဲ့တစ်ခုကို ဖွဲ့စည်းပေးခဲ့ပြီး ပရီးမီးယားလိဂ် ဆုဖလားကြီးကို ဆွတ်ခူးဖို့အတွက်အကောင်းဆုံးထောက်ပံခဲ့ကြတယ် ။ဒါပေမယ့် အာတီတာ ရဲ့ ထုံးစံအတိုင်း ဘောလုံးရာသီပြီးခါနီးလေ အမှားများလေဖြစ်နေခဲ့တယ် ။ ဒီနှစ်ဘောလုံးရာသီ စစချင်း အခြားပရီးမီးယားလိဂ် အသင်းတွေ ပြဿနာအမျိုးမျိုးကြောင့် ရမှတ်တွေဆုံးရှုံးခဲ့တဲ့ အချိန်ကတည်းက အာဆင်နယ် အသင်း က အတည်ငြိမ်ဆုံးစွမ်းဆောင်ရည်တွေပြသနိုင်ခဲ့ပြီး ရာသီအစကတည်း ပရီမီးယားလိဂ်ဖလားကြီးကို ဆွတ်ခူးနိုင်ဖို့အတွက် ထိပ်ဆုံးကနေ ဦးဆောင်ခဲ့တာပဲဖြစ်ပါတယ် ။ ဒါပေမယ့် နောက်ပိုင်း ဘောလုံးရာသီ ကုန်ခါနီးမှာ အာတီတာ ရဲ့ အာဆင်နယ် အသင်းက အမှားတွေများလာခဲ့ပြီး ရမှတ်မဆုံးရှုံးသင့်တဲ့ ပွဲတွေ ရမှတ်ဆုံးရှုံး ၊ နိုင်သင့်တဲ့ ပွဲတွေကို မနိုင်နဲ့ တော်တော်လေးကို ရမှတ်တွေ ခွဲဝေပေးလိုက်ရတာပဲဖြစ်ပါတယ် ။ အဲ့တာကြောင့် အစပိုင်းမှာ ရမှတ်ပြတ်ပြတ်သားသား နဲ့ ဦးဆောင်နေတဲ့ အာဆင်နယ် အသင်းက ဒီနှစ်ဘောလုံးရာသီပြီးခါနီးမှာ ဒုတိယနေရာက ပက်ရဲ့ မန်စီးတီး အသင်းနဲ့ 4 မှတ်သာကွာဟတော့တာပဲဖြစ်ပါတယ် ။
အဲ့တာကြောင့် အခုချိန် အာတီတာ အတွက် တော်တော်လေးကို ဖိအားများသွားခဲ့ပါပြီ ။ အရင်နှစ်ဘောလုံးရာသီတွေကတည်းက ဒီလိုပုံစံမျိုးတွေ ၊ ဒီလိုဖိအားမျိုးတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အာတီတာ တစ်ယောက် ဒီတစ်ခေါက်မှာရော ဒီဖိအားတွေကနေ ရုန်းထွက်နိုင်ပြီး အသင်းကို အကောင်းဆုံး ပုံစံနဲ့ ပြန်လည်ကိုင်တွယ်နိုင်ပါ့မလားဆိုကတော့ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ် ။ ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ။ အာတီတာ တစ်ယောက် ဒီနှစ်ဘောလုံးရာသီမှာရော ဖိအားတွေကို ကောင်းကောင်းကိုင်တွယ်ပြီး ပရီးမီးယားလိဂ်ဖလားကြီးကို ဆွတ်ခူးသွားနိုင်မယ်ထင်လား ။ ပရိတ်သတ်တွေရဲ့ အမြင်ကိုကောမန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။
#mmmedia
#arsenal
#arteta
#coach
#premierleague
#football
最新消息
凱·哈弗茨因腿筋傷勢將再缺席三週
切爾西今夏將對門將和前鋒位置進行調整
馬德里競技 vs 巴塞隆納(賽後回顧)
赫爾城 vs 切爾西(賽後回顧)